အက်ဆစ်အပက်ခံရတဲ့အမျိုးသမီးတွေရဲ့ကော်ဖီဆိုင် ကမ္ဘာတဝန်းကဧည့်သည်တွေကိုဆွဲဆောင်

အက်ဆစ်အပက်ခံရတဲ့အမျိုးသမီးတွေရဲ့ကော်ဖီဆိုင် ကမ္ဘာတဝန်းကဧည့်သည်တွေကိုဆွဲဆောင်

အိန္ဒိယလို့ပြောလိုက်တာနဲ့ကျွန်မတို့ပြေးမြင်လိုက်တာက ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုဖြစ်တဲ့ Taj Mahal ကိုပါပဲ။ ဒါပေမယ့်အခုချိန်မှာတော့ နိုင်ငံခြားသားဧည့်သည်တွေကို Taj Mahal အပြင် ဆွဲဆောင်နေတဲ့တခြားစိတ်ဝင်စားစရာနေရာလေးတစ်ခုရှိပါသေးတယ်။ ဒီနေရာလေးက Taj Mahal ကနေ မိုင်ဝက်လောက်ပဲဝေးတဲ့နေရာမှာဖွင့်ထားတဲ့ Sheroes’s Hangout ဆိုတဲ့ ကော်ဖီဆိုင်လေးပဲဖြစ်ပါတယ်။

ဒီကော်ဖီဆိုင်လေးကို အက်ဆစ်နဲ့ပက်ခံလိုက်ရတဲ့ အမျိုးသမီးငယ်လေး ၄ ယောက်က ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှာ အိန္ဒိယတောင်ပိုင်းက Uttar Pradesh လို့ခေါ်တဲ့ပြည်နယ်က Agra လို့အမည်ရတဲ့မြို့လေးမှာ ဖွင့်ထားတာဖြစ်ပါတယ်။ Sheroe’s Hangout ဆိုတာ လူထုကနေထောက်ပံ့ကြေးရအောင် Stop Acid Attacks ဆိုတဲ့အဖွဲ့လေးက စခဲ့တာဖြစ်တယ်။ Stop Acid Attacks ဆိုတာက အမျိုးသမီးတွေကိုအကြမ်းဖက်တဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ကြိုးပမ်းနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ “ကိုယ်ပေးချင်သလောက်ပေးပါ”ဆိုတဲ့ ငွေပေးစနစ်က အိန္ဒိယမှာအက်ဆစ်ပက်ပြီး အကြမ်းဖက်ခံရတဲ့သူတွေထဲကမှ အသက်ရှင်ကျန်တဲ့သူတွေအတွက် တည်ထောင်ထားတဲ့ ကုသရေးစင်တာကို အလှူငွေအနေနဲ့ ဝင်တာဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ဧည့်သည်တွေကတော့ များသောအားဖြင့်ကျွန်မတို့သတင်းကိုကြားပြီးလာကြတဲ့ ကမ္ဘာအနှံ့ကဧည့်သည်တွေပါပဲ” လို့ အသက် ၂ဝ အရွယ်ရှိပြီဖြစ်တဲ့ Chanchal Kumari ကပြောသွားခဲ့တယ်။ Chanchal က ဆိုင်ကိုကူညီပြီးစီမံပေးနေတဲ့ အက်ဆစ်ပက်ခံရပြီး အသက်ရှင်ကျန်သူတွေထဲက နောက်တစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ ၂ဝ၁၂ တုန်းက လက်ထပ်ခွင့်တောင်းတာကိုလက်မခံတဲ့အတွက် တောင်းဆိုတဲ့ယောကျ်ားက အက်ဆစ်နဲ့ပက်လိုက်တာဖြစ်ပါတယ်။ “ဧည့်သည်တွေက ဒီကိုလာပြီး အက်ဆစ်နဲ့ပက်ခံရပြီး ရှင်ကျန်သူတွေ ဘဝကိုဘယ်လိုရှင်သန်နေလဲဆိုတာကို လာကြည့်ကြတယ်” လို့ပြောခဲ့ပါတယ်။

Kumari ဟာ ဘဝတူအမျိုးသမီးတွေဖြစ်တဲ့ Rupa ၊ Rita Saini ၊ Gita Mahor နဲ့ Neetu Mahor တို့နဲ့အတူ ကော်ဖီဆိုင်လေးကိုတွဲပြီးဖွင့်ထားပါတယ်။ သူတို့တွေအားလုံးနှစ်ပေါင်းများစွာ ပျက်စီးတဲ့မျက်နှာ ၊ ဒဏ်ရာရနေတဲ့နှလုံးသားတွေနဲ့ အိမ်ထဲမှာပုန်းအောင်းနေခဲ့ရတယ်။ နောက်ပိုင်းမှာသူတို့တွေ ၂ဝ၁၃ ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာစခဲ့တဲ့ Facebook Campaign တစ်ခုဖြစ်တဲ့ “Stop Acid Attacks” ကိုတွေ့ခဲ့တယ်။ SAA က အက်စစ်နဲ့ပက်ခံရတဲ့သူတွေကို ဆေးဝါးပိုင်းဆိုင်ရာတွေနဲ့ စိတ်ဒဏ်ရာရတာတွေကို အဖက်ဖက်က ကူညီပေးခဲ့တယ်။ Sheores’s Hangout ကလည်း SAA ရဲ့စီမံကိန်းတွေထဲက တစ်ခုဖြစ်ပါတယ်။

Mahor နဲ့ Neetu က မနက်တိုင်း ဝတ်စားပြင်ဆင်ပြီး ကော်ဖီဆိုင်ကိုသွားကြတယ်။ ပြီးတော့ဆိုင်ကိုလာတဲ့ စားသုံးသူတွေကို ကော်ဖီတွေ ၊ အချိုတည်းစရာတွေနဲ့ဧည့်ခံပြီး သူတို့ရဲ့ဇာတ်ကြောင်းကို ပြောပြကြတယ်။ SAA က Sheores’s Hangout မှာ အဓိကလုပ်ပေးတာက အသက်ရှင်ကျန်သူတွေကို အတတ်ပညာတစ်ခုခုသင်ပေးတာဖြစ်တယ်။ ဒါကြောင့် Mahor ဆိုရင် Agra က ဟိုတယ်တစ်ခုမှာ မုန့်ဖုတ်တဲ့သင်တန်းတစ်ခုတက်ခဲ့ပြီး ဧည့်သည်တွေကို ကွတ်ကီးတွေ ၊ ကိတ်မုန့်တွေနဲ့ဧည့်ခံတော့မှာပါ။ မျက်စိကန်းခါနီးထိတောင် ဝေဒနာခံလိုက်ရတဲ့ Neetu ကတော့ SAA ရဲ့လုပ်အားပေးတစ်ယောက်စီကနေ သီချင်းဆိုသင်နေပါတယ်။

အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ Saini ကတော့အက်ဆစ်ပက်ခံရပြီး မျက်လုံးတစ်ဖက်ကန်းမသွားခင်မှာ အိန္ဒိယအတွက် ဘော်လီဘော ကစားပေးခဲ့ပါတယ်။ အခုတော့ ဘော်လီဘောကို မကစားနိုင်တော့ပေမယ့် ဆိုင်မှာစာရင်းကိုင်အဖြစ်လုပ်နေပါတယ်။ သူဆိုရင် “ကျွန်မရရှိတဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေကြောင့် ကျွန်မမျက်နှာကိုမဖုံးဘဲ အပြင်ထွက်ဖို့ ယုံကြည်ချက်တွေပြန်ရခဲ့တယ်။ အခုကျွန်မရဲ့ပုံမကျတဲ့မျက်နှာကို လူတွေမြင်မှာကို ဂရုမစိုက်တော့ပါဘူး” လို့ပြောခဲ့တယ်။ မိထွေးက အသက် ၁၂ နှစ်မှာ အက်စစ်နဲ့ပက်တာခံရတဲ့ Rupa ကတော့စက်ချုပ်ကျွမ်းကျင်တဲ့ ဒီဇိုင်နာပေါက်စလေးဖြစ်ပါတယ်။ သူဒီဇိုင်းဆွဲတဲ့အကျီၤတွေကို ကော်ဖီဆိုင်မှာရောင်းချပေးနေပါတယ်။ Rupa က “Sheores’s Hangout က ကျွန်မတို့ရဲ့ဘဝကိုရှေ့ဆက်ဖို့ အခွင့်အရေးပေးတာတင်မကဘူး ၊ ကျွန်မတို့ရဲ့ဇာတ်လမ်းကိုလည်း ဖြန့်ဝေပေးတယ်” လို့ပြောခဲ့ပါတယ်။

ဒီလိုအက်စစ်နဲ့ပက်ပြီးအကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးတွေဟာ သူတို့မျက်နှာတွေပျက်စီးပြီး လှပခြင်းကိုဆုံးရှုံးခဲ့ရပေမယ့် ဘဝကိုလက်မလျော့ဘဲ ရှေ့ဆက်နေတာကို တွေ့ရတာ အရမ်းကိုစိတ်ကြည်နူးဖွယ်ကောင်းပါတယ်။ ဒီတော့ အခါအခွင့်သင့်မယ်ဆိုရင် ကျွန်မတို့လည်း တစ်နေ့ အိန္ဒိယကိုသွားပြီး သူတို့ရဲ့ဇာတ်လမ်းကို နားထောင်ရင်း စိတ်ခွန်အားရယူကြတာပေါ့။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle