Sci-Fi နဲ့ Fantasy Studies အတွက်ပဲ သီးသန့်ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်

Sci-Fi နဲ့ Fantasy Studies အတွက်ပဲ သီးသန့်ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်

ဝမ်းသာစရာကောင်းတဲ့အချက်တစ်ချက်ကိုပြောရရင် ကျောင်းတက်ဖို့ ဝေးလံခေါင်ဖျားတိုင်းတစ်ပါးတွေကိုသွားစရာမလိုတော့တာပါ။ တိုးတက်ပြောင်းလာတာနဲ့အမျှ အင်တာနက်ကနေပဲ စာသင်လို့ရနေပါပြီ။ ပြောရရင်ကွာအိပ်ရာထဲကမထွက်ဘဲတောင် တက္ကသိုလ်တက်လို့ရနေပြီ။ ဒီလောက်ကောင်းတဲ့အခြေအနေဆိုတာ ရှိပါဦးမလား။ Online University တွေထဲမှာမှ Signum University ကသာမန်သင်ခန်းစာတွေထက်ထူးခြားတာတွေကို သင်ပေးတဲ့ တက္ကသိုလ်တစ်ခုပါ။ Signum က စာပေ ၊ သမိုင်း ၊ အတွေးအခေါ်ပိုင်းဆိုင်ရာအမြင် စတဲ့ ကဏ္ဍတွေက ဝတ္တုတွေလေ့လာတာကို အထူးပြုထားတယ်။ ဒါကြောင့် Fantasy ကလည်း သင်ရတဲ့ဘာသာရပ်တွေထဲကတစ်ခုဖြစ်တာပေါ့။ ဒီတော့ဝတ္တုတွေကိုသိပ်ကြိုက်ပါတယ်ဆိုတဲ့သူတွေအားလုံးလက်ခုပ်တီးပြီးခုန်ပေါက်လိုက်ပါတော့။ ကိုယ့်ရဲ့ Facebook Bio မှာ Study Tolkien လို့အတည်ရေးလို့ရပါပြီ။

Sigum University ရဲ့အထူးပြုဘာသာရပ်တွေမှာဘာတွေပါလဲဆိုတော့ Tolkein Studies ၊ Imaginative Literature ၊ German Philosophy၊ Renaissance Literature ၊ Cosmic Fiction of H.P Lovecraft ၊ Chaucer ၊ Modern Fantasy ၊ Mythology of Love and Sex ၊ Science Fiction ၊ The Potter Saga ၊ The Story of Hobbit ၊ Shakespeare ၊ The Inklings and King Arthur စတဲ့ဘာသာရပ်တွေအပြင်တခြားဘာသာရပ်တွေလည်းရှိတယ်။ ပရိုဂရမ်တိုင်းက မာစတာဒီဂရီအနေနဲ့ပေးတာဖြစ်ပြီး ဒီပလိုမာတွေလည်းရှိတယ်။ ကိုယ်ယူတဲ့ဘာသာရပ်နဲ့ စာသင်နှစ်ပေါ်မူတည်ပြီး စာသင်နှစ်က ၂ နှစ်ကနေ ၇ နှစ်ထိ ကြာနိုင်တယ်။ ဒီကျောင်းမှာဆိုရင် Star Wars ကို မေဂျာအနေနဲ့ယူလို့မရပေမယ့် ဘာသာရပ်အခွဲအနေနဲ့သင်လို့ရတယ်။ ဒီတော့ကိုယ့်စိတ်ကြိုက်ဝတ္တုကို ကိုယ်ရွေးပြီးသင်လို့ရမယ်။

ဒီတက္ကသိုလ်က “Personal Enrichment” ကိုလိုချင်တဲ့အလုပ်လုပ်နေပြီဖြစ်တဲ့ကျွမ်းကျင်သူတွေအတွက် ရည်ရွယ်ထားတာဖြစ်တယ်။ မာစတာဒီဂရီဆိုတဲ့အတိုင်း ကျောင်းတက်မယ့်လူတွေက အနည်းဆုံးဘွဲ့တစ်ခုတော့ရထားပြီးသားဖြစ်ရမှာလေ။ ဒီတော့ဒီတက္ကသိုလ်ကိုတက်မယ့်လူတွေက အလုပ်လုပ်နေပြီဖြစ်တဲ့သက်လတ်ပိုင်းတွေပဲဖြစ်ဖို့များမှာပေါ့။ ဒီတက္ကသိုလ်က ဘွဲ့ယူပြီးလုပ်ငန်းခွင်ဝင် ပိုက်ဆံရှာချင်တဲ့သူတွေအတွက် မဟုတ်ဘူး။ ဒီတက္ကသိုလ်ကပြီးလို့ လစာကောင်းကောင်းနဲ့အလုပ်တစ်ခုရမယ်လို့ အာမမခံဘူး။ ဘာလို့လဲဆိုတော့ Harry Potter နဲ့ J.K Rowling နဲ့ပတ်သက်တဲ့အလုပ်အကိုင်ဆိုတာ ရှိမှမရှိတာ။ ဒါပေမယ့် ဒီတက္ကသိုလ်က စာပေကိုအမှန်တကယ်ရူးသွပ်တဲ့ ဝတ္တုတွေကိုအမှန်တကယ်မြတ်နိုးတဲ့သူတွေ ဘယ်တက္ကသိုလ်မှာမှ ရှင်းပြမှာမဟုတ်တဲ့ စိတ်ကူးယာဉ်ဇာတ်လမ်းတွေကို သင်ပေးတဲ့တစ်ခုတည်းသောနေရာဖြစ်တယ်။ Signum University က အမေရိကန်နိုင်ငံ New Hampshire ပြည်နယ် Nashua မြို့မှာရှိတာဖြစ်ပြီး Online ကနေ သင်ခန်းစာတွေသင်ကြားပို့သပေးနေတာဖြစ်ပါတယ်။
ဘယ်သူမှသင်မှာမဟုတ်တဲ့ ဘာသာရပ်ကိုသင်တာကတမူထူးခြားတယ်။ ဒီနေ့ဖြစ်နေတဲ့အရာအားလုံးက အရင်ကစိတ်ကူးတွေကြောင့်ဖြစ်လာရတာ။ ဘယ်အရာမှစိတ်ကူးမပါဘဲနဲ့ အကောင်အထည်မဖော်နိုင်ပါဘူး။

https://bookstr.com

https://signumuniversity.org

ဒီတော့စိတ်ကူးယဉ်လောကကြီးထဲကို ခြေချခွင့်ပေးမယ့် တက္ကသိုလ်ကို စိတ်ဝင်စားရင်……….အပေါ်က Link တွေမှာဝင်ကြည့်လို့ရပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle