Tom Hanks ရဲ့ Forrest Gump (1994) ရုပ်ရှင်ကို Aamir Khan က ပြန်လည်ရိုက်ကူးသွားမယ်

Tom Hanks ရဲ့ Forrest Gump (1994) ရုပ်ရှင်ကို Aamir Khan က ပြန်လည်ရိုက်ကူးသွားမယ်

Bollywood မင်းသားကြီး Aamir Khan ဟာ Forrest Gump (1994) ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးသွားမယ်လို့ ၂ဝ၁၉ခုနှစ် မတ်လ (၁၄) ရက်နေ့မှာ ကျရောက်တဲ့ သူ့ ရဲ့ (၅၄) နှစ်မြောက် မွေးနေ့ပွဲရဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရဲ့ နာမည်ကို Lal Singh Chaddha လို့ပေးထားပြီး သူ့အနေနဲ့ သရုပ်ဆောင်အနေနဲ့သာမက ထုတ်လုပ်သူအနေနဲ့ပါ ပါဝင်မယ်လို့ သိရပါတယ်။ Aamir Khan Production နဲ့ Viacom 18 Motion Pictures တို့ ပူးတွဲထုတ်လုပ်မယ်လို့ သိရပြီး ၂ဝ၂ဝခုနှစ်မှာ ရုံတင်ဖို့ စီစဉ်ထားပါတယ်။

Forrest Gump (1994) ရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Paramount Pictures ဆီမှာ မူပိုင်ခွင့်ကို ဝယ်ယူထားပြီလို့ သိရပါတယ်။ Secret Superstar (2017) ရုပ်ရှင်နဲ့ နာမည်ရလာတဲ့ ဒါရိုက်တာ Advait Chandan က ရိုက်ကူးမှာဖြစ်ပါတယ်။ အချိန် (၆) လအထိ ကြိုတင်ပြင်ဆင်သွားမှာဖြစ်ပြီး ၂ဝ၁၉ခုနှစ် အောက်တိုဘာလမှာ ရိုက်ကူးရေးစတင်မယ်လို့ သိရပါတယ်။ Aamir Khan ဟာ Forrest Gump (1994) ရုပ်ရှင်အတွက် မူပိုင်ခွင့်ဝယ်ယူဖို့ လွန်ခဲ့တဲ့ (၈) နှစ်လောက်တည်းက ကြိုးစားခဲ့တာပါ။

လက်ရှိအချိန်မှာ Paramount Pictures နဲ့ သဘောတူညီမှုရရှိသွားပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ပန်ဂျက်ပြည်နယ်မှာ ရိုက်ကူးသွားမှာဖြစ်ပါတယ်။ Forrest Gump (1994) ရုပ်ရှင်ကို ၁၉၉၄ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး (၆၇) ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ ဇာတ်ဆောင်ဆု၊ ရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ ကွန်ပျူတာအထူးပြုလုပ်ချက်ဆုနဲ့ မှီငြမ်းဇာတ်ညွှန်းဆုတွေကို ဆွတ်ခူးခဲ့ပါတယ်။ Forrest Gump (1994) ရုပ်ရှင်ဟာ ဝင်ငွေအရရော အရည်အသွေးအရပါ အောင်မြင်ခဲ့ပြီး Aamir Khan ရဲ့ ပြန်လည်ပုံဖော်မှုက အကောင်းဆုံးဖြစ်လာမလား။

Reference  – India Today

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle