To All the Boys I’ve Loved Before ရဲ့ Sequel အကြောင်းတစေ့တစောင်း

To All the Boys I’ve Loved Before ရဲ့ Sequel အကြောင်းတစေ့တစောင်း

To All the Boys I’ve Loved Before ဇာတ်ကားက ၂ဝ၁၈ ခုနှစ်တုန်းကထွက်သွားတဲ့ အချစ်ဇာတ်ကားလေးတစ်ကားပေါ့နော်။ ဒီဇာတ်ကားကိုကြိုက်တဲ့သူတွေကတော့ သဲသဲလှုပ်ဖြစ်နေခဲ့ကြတာပါ ။ Peter Kavinsky နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ Noah Centineo ရဲ့ တဝိုးဝိုးနဲ့ သရုပ်ဆောင်ချက်တွေအောက်မှာ ကောင်မလေးတွေလည်း တဖြုတ်ဖြုတ်ကြွေခဲ့ကြတာပါ။ ဒီတော့ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက TATBILB က နောက်ဆက်တွဲဇာတ်လမ်းထွက်မယ်လို့ Lana Condor နဲ့ ဗီဒီယိုလေးလွှင့်ပြီး ကြေညာခဲ့တဲ့အချိန်တည်းက ပရိသတ်တွေ ပျော်နေခဲ့ကြရတာပါ။ Sequel လေးရဲ့နာမည်က P.S I Still Love You တဲ့။

ဒီတော့ဇာတ်လမ်းတွဲအဆက်က ဘယ်တော့ထွက်လာမှာလဲ
မကြာခင်လာတော့မှာပါ။ မကြာခင်လာတော့မယ်လို့ မျှော်လင့်ရတာပဲ။ ကြည့်ရတာရိုက်ကူးရေးက စနေပြီထင်ပါတယ်။ မတ်လ ၁၈ ရက်နေ့တုန်းက TATBILB ရဲ့မင်းသားဖြစ်တဲ့ Noah က Twitter မှာ “TATB2 here we come” ဆိုပြီး တင်ထားတာကို Lana ကလည်း “I can’t wait to see ya” ဆိုပြီး ပြန်ရေးထားခဲ့တယ်။ ဒီတော့အပိုင်းဆက်ကို ရိုက်နေပြီဆိုတာ သေချာနေပြီလေ။

အပြောင်းအလဲကြီးတစ်ခုကလွဲရင် အရင်ကားကဇာတ်ကောင်တွေပြန်ပါလာမှာပါ
သေချာတာကတော့ Peter နဲ့ Lara Jean မပါဘဲနဲ့ ဇာတ်လမ်းတွဲအဆက်ကို ရိုက်လို့မရဘူးဆိုတာပါပဲ။ (သူပြောမှသာ စာရေးသူကတော့လုပ်ပြီ)။ ဝမ်းသာစရာသတင်းကတော့ Lara ရဲ့ Covey မိသားစုတစ်စုလုံးလည်း ပြန်ပါလာမှာပါတဲ့။ ဒီတော့ ဖေဖေ ၊ မမနဲ့ ညီမလေးတို့တွေနဲ့ မိသားစုစုံစုံညီညီပေါ့။ ပြောင်းလဲသွားတာတစ်ခုကတော့ အရင်ကားရဲ့ဒါရိုက်တာ Susan Johnson က ဒီကားမှာတော့ executive producer အနေနဲ့ပဲပြန်လည်ပါဝင်လာတော့မှာပါ။ အကြောင်းအရင်းကတော့ အချိန်တွေညှိရတာ အဆင်မပြေလို့ပါတဲ့။ သူ့အစား ဒါရိုက်တာလုပ်မယ့်သူကတော့ The Haunting of Hill House ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Michael Fimognari ပဲဖြစ်ပါတယ်။ Horror ရိုက်တဲ့သူမို့ Romance ကိုမနိုင်ဘူးလို့တော့မထင်လိုက်ပါနဲ့ Michael ကအရင်ကားမှာတုန်းက ဓာတ်ပုံပိုင်းကိုရိုက်ကူးခဲ့တာမို့ P.S I Still Love You ကလည်း ချစ်စရာကောင်းလောက်မှာပါ။

Model UN က John Ambrose နေရာမှာ Jordan Fisher က သရုပ်ဆောင်သွားမှာပါနော်
အရင်တစ်ကားကို သေချာလေးသတိထားပြီးကြည့်ခဲ့မယ်ဆိုရင်တော့ John Ambrose ကိုသိကြမှာပါ။ ဂျွန်က ကားရဲ့အလယ်ပိုင်းလောက်မှာ Lara ရဲ့စာလေးနဲ့အတူ အိမ်ရှေ့ရောက်လာခဲ့တယ်လေ။ John က Lara ရဲ့ Crush တွေထဲကတစ်ယောက်ပါပဲ။ ဒီတော့ Lara ဂြိုဟ်မွှေထားခဲ့တဲ့ကိစ္စက နောက်ဆက်တွဲကားမှာ Peter နဲ့ Lara ကြားကဆက်ဆံရေးကို ထိခိုက်စေနိုင်လား။ Lara က ရော John အပေါ်စိတ်ယိုင်သွားမလားဆိုတာက စိတ်ဝင်စားစရာပါ။ (Drama တွေခင်းတော့မှာမြင်ယောင်နေ) ဒုတိယကားကို ဆက်ရိုက်ရတာက John Ambrose ကြောင့် ဖြစ်တယ်လို့တောင် ပြောပါသေးတယ်။

Ross Butler လည်းပါဦးမှာတဲ့နော်
Ross Butler ကို မသိဘူးဆိုရင်တော့ ပရိသတ်ကြီးတို့တွေ ဖွန်သိပ်မကြောင်ဘူးလို့ ယူဆလိုက်မယ်။ စာရေးသူကတော့ သိပ်သိပ်သိတယ်။ 13 Reasons Why က ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့် ပါးချိုင့်လေးနဲ့အပြုံးပိုင်ရှင် Zach လေ။ အရပ်ကလည်း ရှည်လိုက်တာမပြောနဲ့တော့။ Riverdale မှာလည်း Reggie လုပ်တာနော်။ (သိစေချင်လို့) ဒီလိုချစ်စရာကောင်းတဲ့ မောင်ရှည်ကြီးက Peter ရဲ့ အချစ်ရဆုံးသူငယ်ချင်း Trevor Pike နေရာမှာ သရုပ်ဆောင်သွားမှာတဲ့။ အိုး…..သိပ်ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းနှစ်ယောက်။ ဇာတ်လမ်းမကြိုက်ရင်တောင် မင်းသားတွေကို သွားရည်သွားကျရမလားပဲ။

ဒီကားကတော့အရင်တစ်ကားလို ပျော်ရွှင်ကြည်နူးပီတိဖြာစရာတွေပဲ မဟုတ်တော့ဘူး
သိတဲ့အတိုင်းပဲလေ။ John Ambrose ကြီး ပါလာမှတော့ သုံးပွင့်ဆိုင်တွေဖြစ်ပြီး ဒရာမာတွေဖြစ်တော့မှာဆိုတော့ သာယာနိုင်တော့မှာမဟုတ်ပါဘူး။ Peter နဲ့ Lara ကို Ship တဲ့ ပရိသတ်တွေကတော့ ကြေကွဲတာပေါ့။

ဘယ်လိုနေနေပါ P.S I Still Love You ကလည်း ကော်ဖီလေးဖျော် ခေါင်းအုံးလေးဖက် ဝါသနာပါရင် လက်ဖက်လေးစားရင်း ကြည့်လို့ကောင်းမယ့် ကားလေးပဲဆိုတော့ စာရေးသူနဲ့အတူ ရုံတင်မယ့်နေ့လေးကို စောင့်မျှော်နေလိုက်ကြရအောင်နော်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle