ရုပ်ရှင်ကားတွေရော ရုပ်သံလိုင်း (Live TV Channel) တွေကိုပါ ဖုန်းနဲ့ ကြည့်လို့ရတဲ့ App

ရုပ်ရှင်ကားတွေရော ရုပ်သံလိုင်း (Live TV Channel) တွေကိုပါ ဖုန်းနဲ့ ကြည့်လို့ရတဲ့ App

ငယ်ငယ်တုန်းကဆို ကိုယ်အကြိုက်ဆုံး ရုပ်ရှင်ကိုကြည့်ချင်ရင် ရုပ်ရှင်လာမယ့်အချိန်နားနီးရင် လုပ်လက်စအလုပ်တွေကို အကုန်ဖြတ်ထား TV ရှေ့မှာစောင့်ပြီး ထိုင်ကြည့်ခဲ့ရတာမျိုးပါ။ အခုနောက်ပိုင်း ခေတ်ကြီးက အရမ်းကို တိုးတက်ပြောင်းလဲလာတော့ လူတိုင်းဖုန်းကိုင်နိုင်တဲ့ အနေအထားကို ရောက်လာလို့ ကိုယ်စောင့်ကြည့်နေကျ ရုပ်ရှင်ကို ကိုယ်ပိုင်ဖုန်းလေးဖွင့်ပြီး ကိုယ်အားတဲ့အချိန်မှ အေးအေးဆေးဆေး သာသာယာယာကြည့်လို့ရပြီလို့ ပြောရင် မအံ့သြသွားပါနဲ့နော်။

ဖုန်းနဲ့ ရုပ်ရှင်ကြည့်အပန်းဖြေဖို့ဆို ဈေးကွက်ထဲမှာရှိနေတဲ့ App တွေထဲကမှ ကိုယ်နဲ့ အဆင်ပြေဆုံး App ကို ရွေးချယ် Down ပြီး ထည့်ထားလိုက်ရုံနဲ့ ကြည့်လို့ရတဲ့အထိ တိုးတက်ပြောင်းလဲခေတ်မီလာတာကို ကျေးဇူးတင်ရမလိုပါပဲ။ အခုခေတ် လူတွေတော်တော်များများကလည်း ရုပ်ရှင်လာချိန်ကို စောင့်ကြည့်နိုင်လောက်တဲ့အထိ မအားကြလို့ ဒီလို App တွေ ထွက်ပေါ်လာတာ တော်တော်လေး အဆင်ပြေတယ်လို့ ပြောရမှာပဲ။

ဈေးကွက်ထဲမှာ ဖုန်းနဲ့ရုပ်ရှင်ကြည့်လို့ရတဲ့ App တွေကအများကြီးရှိလာပေမယ့် အဲဒီထဲကမှ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး All In One Mobile TV Application တစ်ခုဖြစ်တဲ့ Cookie TV app အကြောင်းကို နည်းနည်းလောက်မိတ်ဆက်ပေးချင်ပါတယ်။ ဘာကြောင့် Cookie TV ကိုမှ ရွေးပြီး မိတ်ဆက်ပေးရတာလဲဆိုတော့ Cookie TV ဟာ ရုပ်ရှင်ကားတွေကို ကြည့်နိုင်ရုံတင်မကဘဲ ရုပ်သံလိုင်း(Channels)တွေပါ ကြည့်လို့ရတဲ့ Live TV ပါဝင်တဲ့ All In One Mobile TV Application ဖြစ်တဲ့အတွက်ကြောင့်ပါ။

Cookie TV

နိုင်ငံတကာ ရုပ်သံလိုင်းတွေက ထုတ်လွှင့်တဲ့အစီအစဉ်တွေနဲ့ World Wide Premiere တွေကို TV ရှေ့မှာထိုင်ပြီး စောင့်ကြည်စရာမလိုဘဲ ဖုန်းထဲက Cookie TV App ကနေ နေရာမရွေး အချိန်မရွေးတိုက်ရိုက်ကြည့်ရှုလို့ရတာကြောင့်လည်း ဒီ App ကို ရွေးချယ်မိတ်ဆက်ပေးရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြည့်ချင်ပေမယ့် မအားလို့ မကြည့်လိုက်ရတဲ့ အစီအစဉ်တွေရှိရင်လည်း စိတ်ကြိုက်ပြန်ကြည့်လို့ရတဲ့ Catch Up Service လည်းရှိတဲ့အတွက်ကြောင့် ဒီ App ကို Down ပြီး ဖုန်းထဲထည့်ထားရင် မမှားတာကိုတော့ အာမခံပါတယ်။

Catch Up Service

Cookie TV ကနေကြည့်လို့ရတဲ့ ရုပ်သံလိုင်းအများစုတိုင်းဟာလည်း Catch Up Service ပါဝင်တော့ ကိုယ်အားတဲ့အချိန်မှာ အေးအေးဆေးဆေးပြန်ကြည့်ပြီး နှပ်လို့ရတာပေ့ါ။Catch Up ရရှိတဲ့ ရုပ်သံလိုင်းတွေကို ကြည့်မယ်ဆိုရင်တော့ တစ်ချက်သတိပြုစရာ ရှိပါတယ်။ သတိပြုရမယ့်အချက်ကတော့ Catch Up ရရှိတဲ့ ရုပ်သံလိုင်းတွေကို ပြန်ကြည့်မယ်ဆိုရင် တစ်ပတ်အတွင်းပဲ ပြန်ကြည့်လို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက်ရှိထားတဲ့ နိုင်ငံကာ ရုပ်ရှင်ဇာတ်ကားတွေကို အင်္ဂလိပ်၊ မြန်မာ စာတန်းထိုးနဲ့ စိတ်ကြိုက်ကြည့်ရှုလို့ရတဲ့ Mobile App လည်း ဖြစ်ပါတယ်။

All in one mobile TV

Cookie TV ကနေ ရုပ်ရှင်တွေကို ဝယ်ယူကြည့်မယ်ဆိုရင်လည်း အသစ်စက်စက် Hollywood ရုပ်ရှင်ကားနဲ့ ကိုရီးယားကားတွေ၊ Rating ကောင်းတဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပြီး ကြည့်ရှုလို့ရပါတယ်။ အသစ်စက်စက် Hollywood ဇာတ်ကားတွေကို ရုံကချပြီး ၃ လ ကနေ ၅ လအတွင်း Cookie TV ကနေ တရားဝင်ဝယ်ယူပြီး အစောဆုံးကြည့်နိုင်ပါတယ်။ Hollywood က Paramount ၊ Universal ၊ Disney ၊ Fox ၊ Warner ၊ Sony စတဲ့ ရုပ်ရှင် Studio ကြီးတွေနဲ့ Official Partner အဖြစ်နဲ့ တရားဝင်ချိတ်ဆက်ထားလို့ အမြန်ဆုံးကြည့်နိုင်တာပါ။ တစ်ကားချင်းဝယ်ကြည့်ရတဲ့ ရုပ်ရှင်ကားအားလုံးနီးပါးကို Download ဆွဲထားလို့ရပါတယ်။ Download ဆွဲထားတဲ့ကားတွေက ရက် (၃၀) ထိခံလို့ ကိုယ်ပြန်ကြည့်ချင်တဲ့အချိန် အေးဆေးဖွင့်ကြည့်ရုံပါပဲ။

Cookie TV နဲ့ ပတ်သက်တဲ့ အသေးစိတ်အေကြောင်းအရာတွေကို သိချင်ရင်တော့ Cookie TV Facebook Page မှာလည်း ဝင်ရောက်ကြည့်ရှုပြီး မေးမြန်းလို့ရပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle