Marvel Super Hero Universe ထဲကို ဝင်လာတော့မယ့် Angelina Jolie

Marvel Super Hero Universe ထဲကို ဝင်လာတော့မယ့် Angelina Jolie

MCU ကတော့ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးကျော်ကြီးတစ်ယောက်ကို ဖြတ်ခုတ်သွားပါပြီနော်။ သတင်းတွေအရ Angelina Jolie က Marvel ရဲ့ကာတွန်းစာအုပ်တွေထဲတစ်ခုဖြစ်တဲ့ Eternals ကာတွန်းစာအုပ်တွေထဲမှာပါတဲ့ စူပါဟီးရိုးတစ်ယောက်အနေနဲ့ MCU မှာပါဝင်ဖို့သဘောတူညီချက်ချပြီးပါပြီတဲ့။ တရားဝင်ကြေညာချက်တွေတော့ မလုပ်ရသေးပေမယ့် လွန်ခဲ့တဲ့ဧပြီတုန်းက Marvel Studio ရဲ့ဥက္ကဌ Kevin Feige သူတို့ရဲ့ Phase 4 လို့ပြောတဲ့ပရောဂျက်နဲ့အတူ Jolie နဲ့ရိုက်မယ့်ကိစ္စကို စတင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။

ဖျော်ဖြေရေးနဲ့မီဒီယာသတင်းဌာနတစ်ခုဖြစ်တဲ့ The Wrap က Jolie သရုပ်ဆောင်နိုင်ခြေရှိတဲ့ Eternals ထဲကဇာတ်ကောင်က Sersi ဖြစ်လောက်တယ်တဲ့။ Sersi က ဂြိုလ်သားတွေ အစွမ်းတွေပေးခဲ့လို့ မသေနိုင်တဲ့သူနီးနီးဖြစ်နေတဲ့သူတွေထဲက တစ်ယောက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ Eternals ရဲ့ အမျိုးသမီးခေါင်းဆောင်ဇာတ်ကောင်က Sersi ကိုး။ ဒါပေမယ့်လည်း ဘယ်ပြောနိုင်မလဲ ၊ Villian အနေနဲ့လည်း ပါလာနိုင်ခြေရှိတာပါပဲ။ အခုရိုက်မယ့် Eternals ရဲ့ဇာတ်ညွန်းကိုတော့ Matthew နဲ့ Ryan Firpo ဝမ်းကွဲညီအစ်ကိုက ရေးမှာဖြစ်ပြီး Chloé Zhao က ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Chloé Zhao ဆိုတာလည်း ဆန်ခါတင်တွေလည်းဝင်ပြီး ဆုတွေလည်းရထားတဲ့ The Rider ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ တရုတ်ဒါရိုက်တာမလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် Jolie ကလည်း စိတ်ကူးယဉ်အက်ရှင်ဇာတ်လမ်းတွေနဲ့ မရင်းနှီးတဲ့သူလည်း မဟုတ်ပါဘူး။ ခုလည်း Maleficent ရဲ့နောက်ဆက်တွဲကားကိုရိုက်နေတာပါတဲ့။ ကြားဖြတ်သတင်းကောင်း။ ပြီးတော့ Jolie Lara Croft Tomb Rider နှစ်ကားနဲ့ Wanted 2008 တို့လို ကာတွန်းကို အခြေခံထားတဲ့ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့မင်းသမီးပဲဆိုတော့ Eternals မှာလည်း အကောင်းဆုံးသရုပ်ဆောင်သွားနိုင်မှာပါ။

ဒီတော့ပရိသတ်ကြီးတို့ရော ဘယ်လိုထင်လဲ။ Marvel ရဲ့ကားတွေမှာ Jolie ပါလာမှာကို သဘောကျကြရဲ့လား။ စိတ်လှုပ်ရှားနေလား ။ စာရေးသူကတော့ Jolie ပါပါမပါပါကြည့်ဖြစ်မှာဆိုပေမယ့် Jolie ပါတယ်ဆိုတော့ နည်းနည်းတော့ပိုပြီး စိတ်လှုပ်ရှားနေပါတယ်။

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle