Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

အပတ်တိုင်း တင်ဆက်ပေးနေကြ Comfort Zone ရဲ့ အဖြေများ စုစည်းဖော်ပြပေးမှု လုပ်လာတာဟာ ဒီအပတ်နဲ့ဆို ခြောက်ပတ်မြောက်တောင် ရောက်ရှိလို့နေပါပြီ။ ဒီတစ်ပတ်မှာရော ဘယ်သူတွေက ဘယ်လိုမေးခွန်းတွေကို လာမေးထားပြီး အခရာကရော ဘယ်လိုမျိုး ပြန်ဖြေပေးထားလဲဆိုတာကို ပရိသတ်ကြီး ဖတ်ရှုကြည့်ပြီး ပြန်လည်အသုံးချနိုင်စေဖို့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။ လာမေးကြတဲ့ မေးခွန်းလေးတွေကလည်း နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ဆိုင်တဲ့ မေးခွန်းလေးတွေဖြစ်လို့ ကိုယ်တိုင်ကြုံတွေ့နေရရင် ဒါလေးကို ဖတ်ပြီး အထောက်အကူတစ်စုံတစ်ရာ ရရှိသွားမယ်လို့ ထင်ပါတယ်နော်။ ကဲမေးခွန်းလေးတွေနဲ့ အဖြေလေးတွေ ကြည့်လိုက်ကြရအောင်။

Q1: အိမ်ထောင်ကျပြီဆိုရင် မိဘ၊မိသားစု၊မောင်နှမတွေနဲ့အတူ ဆက်ပြီးနေတာကောင်းလား ဒါမှမဟုတ် အိမ်ခွဲနေတာ အကောင်းဆုံးလားဆိုတာက Akhayar မှ သိရင် အကြံပေးပါဦးဆိုပြီး အမည်မဖော်လိုသူအကောင့်ပိုင်ရှင်တစ်ယောက်က လာမေးထားပါတယ်။

A1: Akhayar ရဲ့အမြင်ကတော့ အိမ်ထောင်ကျပြီဆိုရင် ကိုယ်ဘာသာ အိမ်ခွဲနေတာကတော့ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဘာကြောင့်ခွဲနေတာ အကောင်းဆုံးလို့ ပြောရတာလဲဆိုတော့ နှစ်ယောက်ထဲနေတာတောင် စိတ်သဘောထား မတိုက်ဆိုင်တဲ့အခါ ပြဿနာက ဖြစ်တတ်တာဆိုတော့ လူအများနဲ့နေရင် ပြဿနာမတက်ဘူးလို့ မပြောနိုင်ပါဘူး။ ။ ပြဿနာဖြစ်ပြီဆိုရင် ဒီထက်ပိုဆိုးတာမျိုး မဖြစ်ရအောင် မျိုသိပ်ရမယ်။ မျိုသိပ်ပါများလာရင် မျိုသိပ်ရတဲ့လူဟာ မွန်းကျပ်လာပြီ ထူထောင်ထားတဲ့ အချစ်ရေးကို စိတ်ကုန်လာတာမျျိုးတွေ ဖြစ်လာကာ ကိုယ်ရဲ့အိမ်ထောင်သည်ဘဝ ပျက်စီးသွားနိုင်ပါတယ်။ ဒါအပြင် ကိုယ်တွေချည်းပဲ နေတာ မဟုတ်တဲ့အတွက် မျက်နှာရိပ်မျက်နှာကဲ ကြည့်ရမယ်။ လွတ်လပ်မှုဆိုတာလည်း အနည်းအကျဉ်းပျောက်ဆုံးနိုင်တာမို့ ကိုယ်ဘာသာနေတာ အကောင်းဆုံးပါပဲ။ ကောင်းကျိုးတွေလည်း ရှိကောင်းရှိနိုင်ပေမယ့် လာနေပေးရတဲ့ တစ်ဖက်သားကတော့ ကိုယ်အိမ်မဟုတ်တော့ စိတ်ကျဉ်းကျပ်မှုကတော့ အနည်းအများရှိနိုင်တာမို့ အဲ့စိတ်ကျဉ်းကျဉ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ထင်ရင်တော့ လူကြီးမိဘတွေနဲ့ နေပါလို့။ ဒါမှမဟုတ် မိဘတွေကို ကိုယ်က ဂရုစိုက်ပေးမှ ဖြစ်မယ်ဆိုရင် မိဘတွေနေတဲ့ နေရာနားနဲ့ နီးတဲ့နေရာမှာ အိမ်ရှာပြီးနေကာ ဂရုစိုက်တာမျိုးလည်း လုပ်ပေးလို့ရပါတယ်။

Q2: Akhayar ရေ ကျွန်တော်က အခုမှ တက္ကသိုလ်ကျောင်းသားပဲရှိသေးပေမယ့် အလုပ်အရမ်းလုပ်ချင်ပါတယ် အိမ်ကလည်း ကျောင်းတစ်ဖက်နဲ့ဆိုတာ အလုပ်ကို ပေးမလုပ်ပါဘူး ခိုးပြီးတော့ အလုပ်လုပ်တာက ကျွန်တော်အတွက် အကျိုးရှိစေလား အလုပ်တစ်ခုလျှောက်ထားတာက Part-time အနေနဲ့ ရနေပြီဆိုတော့ လုပ်ကြည့်ချင်လို့ လုပ်သင့်လား မလုပ်သင့်လား အကြံပေးပါဦး။

A2: ကျောင်းတက်နေရင် အလုပ်လုပ်တာက အမှန်အတိုင်းပြောရရင် တကယ် ကောင်းတဲ့ကိစ္စပါ။ လူကြီးတွေအနေနဲ့ကတော့ ကျောင်းစာလစ်ဟင်းမှာကို စိုးရိမ်တဲ့စိတ်နဲ့ မလုပ်ခိုင်းတာမျိုးဖြစ်တတ်တော့ လူကြီးတွေ ကိုယ်ကို နားလည်လာပြီး ယုံကြည်လာအောင် သေချာပြောပြပြီး ညှိယူကြည့်ပါ။ ကျောင်းစာလည်းမထိခိုက်အောင် ကြိုးစားပြီး အနည်းဆုံး တစ်လလောက်တော့ လုပ်ကြည့်ချင်တယ်ပြောပြီး ခွင့်တောင်းကြည့်ပါ။ ကိုယ်ဘက်ကလည်း ကျောင်းစာနဲ့ အလုပ်ညီမျှအောင် သေချာလေးလုပ်ပြနိုင်ပြီး သက်သေပြနိုင်ရင် လူကြီးတွေက ယုံကြည်လာပြီး အလုပ်လုပ်ခွင့်ပေးလာမှာပါ။ ကျောင်းတက်နေတုန်း အလုပ်လုပ်ထားရင် နောင်လုပ်ငန်းခွင်ဝင်ရင် ဘယ်လိုကောင်းကျိုးတွေရှိတယ်ဆိုပြီး သေချျာလေးရှင်းပြရင် လည်း ခွင့်ပြုလာနိုင်လို့ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပြီး ခွင့်တောင်းကြည့်ပါ။

Q3: ကမ်းခြေသွားဖု့ိ Swit Suit ကို တစ်ခါမှ Online ကနေ မဝယ်ဖူးလို့ Online ကနေ ဝယ်ရင် ကိုယ် ခန္ဓာကိုယ်နဲ့ လိုက်ဖက်အောင် ဘယ်လိုဝယ်ရမလဲ အကြံပေးပါဦး အခရာဆိုပြီးတော့ အကောင့်ပိုင်ရှင်တစ်ဦးက လာမေးထားပါတယ်။

A3: အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ Online ပေါ်မှာ အဝတ်အစားဝယ်တာက အမှောင်ထဲမှာ စမ်းတဝါးဝါး လမ်းလျှောက်တာနဲ့ တူပါတယ်။ ဖြစ်နိုင်ရင်တော့ ဆိုင်မှာ သွားဝတ်ကြည့်ပြီး ဝယ်တာက အကောင်းဆုံးပါ။ ဘယ်လိုမှအချိန်မရလို့ Online မှာ ဝယ်မယ်ဆိုရင်လည်း ကိုယ်ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုပုံရှိလဲသိအောင် လုပ်ပါ။ ကိုယ်ဝယ်မယ့် Online Shop ကိုလည်း ကိုယ်က ဘယ်လိုခန္ဓာကိုယ်အချိုူးအစားရှိတယ် သေချာပြောပြပြီး ကိုယ်လိုချင်တဲ့ဟာက ကိုယ်နဲ့ လိုက်မလိုက်မေးကြည့်ပါ။ Online Shop က ရောင်းတဲ့သူတစ်ယောက်တည်းကို မမေးဘဲ သိပြီးကျွမ်းကျင်သူတွေနဲ့ တခြား Online Shop တွေပါ မေးကြည့်ပါ။ သေချာလေးမေးပြီးပြီး လိုက်တယ်ဆိုမှ ဝယ်ရင် ကိုယ်နဲ့ ကွက်တိနီးပါကျတဲ့ အလိုက်ဖက်ဆုံး Swim Suit လေး ရမယ်ထင်ပါတယ်။ Swim Suit ဝယ်ရင် အရေးအကြီးဆုံးတစ်ချက်ကတော့ က ရင်သားနေရာ အံဝင်ခွင်ကျရှိမှုပါပဲ။ ဘယ်လိုလှုပ်လှုပ်ရှားရှားနေပါစေ နေရာတကျ အံကျရှိစေမယ့် Fit ဖြစ်တဲ့ အရာကိုရွေးဖို့လိုလို့ ကိုယ်ရင်သား Size က ဘယ်လောက်ရှိလဲ သေချာတိုင်းပြီး Online ကရောင်းတဲ့ Swim Suit ဝတ်စုံက ရင် Size No နဲ့ တိုက်စစ်ပြီးမှ ဝယ်ဖို့ လုံးဝမမေ့ပါနဲ့။

Q4: လူမှုပေါင်းသင်းဆက်ဆံရေး အားနည်းနေလို့ အလုပ်မှာ အဆင်မပြေဖြစ်ပြီး မပျော်ဘူးလို့ ခံစားနေရပါတယ် လူမှုဆက်ဆံရေးကောင်းလာအောင် ဘယ်လို လုပ်ရမလဲ။

A4: လူတွေနဲ့ စကားပြောရင်း လူတွေရဲ့အကြောင်းကို နားထောင် အကဲခေတ်ကြည့်ပါ။ လူတွေအကြောင်း ကောင်းကောင်းသိထားရင် အဲ့လူဘာကြိုက်လဲ အဲ့လူအကြိုက်လိုက်နေ လိုက်ပြောပေးရင် အဆင်ပြေလာနိုင်သလို အခက်အခဲတွေ့နေတဲ့ လူတွေကို ကူညီပေးရင်လည်း ကူညီပေးရင်းကနဲ့ ခင်မင်မှုတွေ တိုးလာနိုင်ပါတယ်။ အတတ်နိုင်ဆုံး စိတ်ရင်းနဲ့ ကောင်းကောင်းဆက်ဆံပေးပြီး ကူညီပေးနိုင်တာရှိရင် ကူညီပေး၊ သိတာလေးတွေ မျှဝေပေး၊ ရင်ဖွင့်ဖော်ကောင်းဖြစ်အောင် နေပေးရင်း သံယောဇဉ်တွေ တိုးလာပြီး တဖြည်းဖြည်းနဲ့ နေသားကျပြီး အဆင်ပြေလာမှာပါ။ ဒါ့အပြင် လူမှုပေါင်းသင်ဆက်ဆံရေးကောင်းတဲ့သူတွေကိုလည်း ကြည့်ပြီး သူတို့ဘယ်လို ပေါင်းသင်းဆက်ဆံရေးတည်ဆောက်လဲဆိုတာ လေ့လာပြီး အတုခိုးနေထိုင်ကြည့်ပါနော်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေကို စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းလေးတွေ လာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ဘဲနဲ့ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်တာရှိရင် Consultant လိုရော သူငယ်ချင်းလိုရော ရှိနေပေးတဲ့ Comfort Zone လေးဆီကို လက်မတွန့်ဘဲ ကိုယ်တိုင်လာမေး ရင်ဖွင့်အဖြေရှာကြည့်လိုက်ပါတော့နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle