Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

အပတ်တိုင်းတင်ဆက်ပေးနေကြ Comfort Zone ရဲ့ အဖြေများ စုစည်းဖော်ပြပေးမှုအစီအစဉ်ဟာ ဒီအပတ်နဲ့ဆို စတုတ္တပတ်ကို ရောက်ရှိလို့နေပါပြီ။ ဒီတစ်ပတ်မှာတော့ ဘယ်လိုအကြောင်းအရာတွေကို အများဆုံးတိုင်ပင်ကြလဲဆိုတော့ အချစ်ရေးတွေ အများဆုံးလာရောက် တိုင်ပင်ကြပြီး စီးပွားရေး၊ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း လာရောက် မေးမြန်းအဖြေရှာကြပါတယ်။ အချစ်ရေးမှာ ဆရာကြီးမဟုတ်တဲ့ မင်မင်ကို အချစ်ရေးနဲ့ပတ်သက်ပြီး လာမေးထားတော့လည်း မင်မင်က သိသလောက်မှတ်သလောက်နဲ့ ကူညီအဖြေရှာပေးထားပါတယ်။ အချစ်ရေးမှာ ပြဿနာတက်နေတဲ့သူတွေရှိရင်လည်း မင်မင်ပေးထားတဲ့ အကြံလေးတွေကို ဖတ်ကြည့်ပြီး အချစ်ခရီးလမ်းတွေ ဖြောင့်ဖြူးအောင် ဖြေရှင်းကြည့်နော်။ ဒါ့အပြင် လာမေးထားတဲ့အထဲမှာမှ ပရိသတ်ကြီးကို အကူအညီဖြစ်စေမယ့် အကြောင်းအရာလေးတချို့လည်းပါလို့ အဲဒါလေးတွေကိုပါ ထည့်ပြီး ဖြေပေးထားပါတယ်နော်။

Q1: အနေဝေးနေတဲ့ Long Distance Relationship တစ်ခုကို ဘယ်လိုခိုင်မြဲအောင်တည်ဆောက်ရမလဲ။ သူဖုန်းခေါ်ရင် ကိုယ်မကိုင်နိုင်တဲ့အခြေအနေ ကိုယ်ခေါ်ရင်သူမကိုင်နိုင်တဲ့အခြေနေ အဲ့ဒီလိုကနေမီးပွားလေးတွေ ဖြစ်လာမှာလားဆိုပြီး LDRS ဖြစ်နေတဲ့ အမည်မဖော်လိုတဲ့ အကောင့်ပိုင်ရှင်တစ်ဦးက မေးထားတာပါ။

A1:သူဖုန်းခေါ်ရင် ကိုယ်မကိုင်နိုင်တဲ့အခြေအနေ ကိုယ်ခေါ်ရင် သူမကိုင်နိုင်တဲ့အခြေနေက အမြဲတမ်းဖြစ်နေမယ်ဆိုရင်တော့ ပြဿနာတတ်လာနိုင်ပါတယ်။ ဖုန်းမကိုင်နိုင်တဲ့အခြေအနေမျိုးမဖြစ်အောင် သူရောကိုယ်ရော အားမယ့်အချိန်လေး သတ်သတ်မှတ်မှတ်ထားပြီး ဖုန်းပြောနိုင်အောင် ကြိုးစားကြည့်ပါ။ LDRS ကိုခိုင်မြဲဖို့ကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ယုံကြည်မှုထားပေးပါ။ အနေဝေးလို့ သွေးအေးတာမျိုးမဖြစ်စေဖို့ အွန်လိုင်းသုံးပြီး အဆက်အသွယ်မပြတ်အောင်နေပါ။

Q2: အရောင်းအဝယ်လုပ်တဲ့ စီးပွားရေးတစ်ခုက ဝယ်တိုင်းရှုံးနေလို့ ဘာလို့ အဆင်ပြေလာအောင် ဆက်လုပ်ရမလဲဆိုပြီး အကောင့်ပိုင်ရှင်တစ်ဦးက လာရောက် ဆွေးနွေးတိုင်ပင် ထားပါတယ်။

A2: ဝယ်တိုင်းရှုံးနေတယ်ဆိုရင် ရှုံးမဲ မဲပြီး ထပ်ဝယ်မယ့်အစား အဝယ်ရပ်ပြီး ဘာကြောင့် ရှုံးနေလဲဆိုတာကို သေချာလေ့လာဆန်းစစ်ကြည့်ပါ။ စီးပွားရေးလုပ်တယ်ဆိုတာက ကိုယ်လုပ်တဲ့ စီးပွားရေးရဲ့ဈေးကွက်ကို ကောင်းကောင်းသိပြီး သူများနဲ့မတူအောင်လုပ်နိုင်မှာ အောင်မြင်မှာမို့ အရှုံးပေါ်နေရင် ဈေးကွက်ကို အရင်ဆုံး ပြန်လည်စစ်ဆေးကြည့်ပါ။ အဲဒီလိုမှ အဆင်မပြေရင် အရောင်းအဝယ်ဘက်မှာ ဝါရင့်ကျွမ်းကျင်သူတွေရဲ့အကူအညီကိုလည်းတောင်းကြည့်ပြီး ဖြေရှင်းကြည့်လို့ရပါတယ်။

Q3: အကောင့်ပိုင်ရှင်တစ်ဦး လာမေးထားတာလေးကတော့ PUBG ဂိမ်းချည်းပဲ ဆော့နေလို့ဆိုပြီး ကောင်မလေးက စိတ်ကောက်လို့ အမြန်ဆုံးပြေလည်အောင် ဘယ်လိုဖြေရှင်းရမလဲဆိုပြီး လာမေးထားတာပါ။

A3: ဂိမ်းဆော့တာကတော့ အပြစ်တစ်ခုတော့မဟုတ်ပေမယ့် ကောင်မလေးဘက်ကတွေးရင်တော့ သူကိုပစ်ထားတယ်လို့တွေးမိနိုင်လို့ စိတ်ကောက်တာမျိုး ဖြစ်တာပါ။ PUBG ဆော့တာကို လောျ့ပြီး သူကို များများဂရုစိုက်ပေးတာမျိုး (သို့) ကောင်မလေးက ဂိမ်းဆော့တာ ဝါသနာပါရင် သူကိုပါ သင်ပေးပြီး နှစ်ယောက်တူတူဆော့တာမျိုး လုပ်ကြည့်ပါ။ သူက ဂိမ်းဆော့တာ စိတ်မဝင်စားရင်တော့ သူနဲ့တူတူရှိနေရင် ဂိမ်းမဆော့ဘူးလို့ ကတိပေးပြီး အချိန်ပေးဂရုစိုက်တာမျိူး လုပ်ပေးရင် စိတ်ကောက်ပြေလာမှာပါ။

Q4: Bus ကားပေါ်မှာ အမျိုးသမီးတွေကို အနေအထိုင်ခက်အောင် နှောက်ယှက်သူကို ဘယ်ဥပဒေတွေနဲ့ ကိုင်တွယ်နိုင်ပါသလဲဆိုပြီး အကောင့်ပိုင်ရှင်တစ်ဦးက လာမေးထားပါတယ်။

A4: အမျိုးသမီး အကြမ်းဖက်ခံရမှုများ၊ ဥပဒေပိုင်းဆိုင်ရာ အထောက်အပံ့များ လိုအပ်နေပါက ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)ကို သွားရောက်အကြံဉာဏ်များ တောင်းခံနိုင်သလို၊ ၂၄ နာရီ Hotline ဖုန်းနံပါတ် ၀၉၃၃၃၇၆၉၉၃ နဲ့ ၀၉၃၃၃၇၆၉၉၄ တို့ကို ဆက်သွယ်ပြီး ဥပဒေအကြံဉာဏ်များတောင်းခံနိုင်ပြီး ဆွေးနွေးနိုင်ပါတယ်။ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း အကြမ်းဖက်ခံရတာမျိုးတွေ ကြုံတွေ့ရင် ကြောက်ပြီး ငြိမ်မခံသင့်သလို၊ အကြမ်းဖက်ခံရတာကို တွေ့တဲ့သူတိုင်းကလည်း အမျိုူးသမီးတွေကို အကူအညီပေးဖို့ လိုအပ်ပါတယ်နော်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေ စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းဆန်းဆန်းလေးတွေလာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ချင်လို့ ကိုယ်သိချင်တဲ့ အကြောင်းအရာလေးတွေ၊ ဆွေးနွေးတိုင်ပင်ချင်တာလေးတွေရှိရင် Consultant လိုရော၊ သူငယ်ချင်းလေးလိုရော ရှိပေးနေတဲ့ Comfort Zone လေးဆီကိုသာ အပြေးလာမေးပြီး ရင်ဖွင့်တိုင်ပင်ကာ အဖြေရှာကြည့်လိုက်ကြပါတော့နော်။

H.H(Akhayar)