ကုံရာသီဖွားတွေဟာ ပိုမိုအောင်မြင်ချမ်းသာဖို့ အခွင့်အလမ်းပိုများပါတယ်တဲ့

ကုံရာသီဖွားတွေဟာ ပိုမိုအောင်မြင်ချမ်းသာဖို့ အခွင့်အလမ်းပိုများပါတယ်တဲ့

ဇန်နဝါရီလ (၂ဝ) နဲ့ ဖေဖော်ဝါရီလ (၁၈) ရက်ကြားမှာ မွေးဖွားတဲ့ ကုံရာသီဖွားတွေဟာ အောင်မြင်မှုနဲ့ ဆက်စပ်နေတယ်လို့ သိပ္ပံနည်းကျဖော်ပြထားပါတယ်။ သမိုင်းအဆက်ဆက်မှာ အားကစားသမား၊ စီးပွားရေးလုပ်ငန်းရှင်၊ သရုပ်ဆောင်၊ သိပ္ပံပညာရှင်နဲ့ နိုင်ငံရေးသမားတွေရဲ့ မွေးသက္ကရာဇ်တွေကို လက်လှမ်းမီသလောက် သုတေသနပြုလိုက်တဲ့အခါမှာ အများစုက ကုံရာသီဖွားတွေဖြစ်နေကြပါတယ်။ တိုက်ဆိုင်မှုများဖြစ်နေမလားဆိုပြီး အရေအတွက် ပိုများအောင် စစ်တမ်းကောက်ယူပေမယ့် ရလဒ်ကတော့ မပြောင်းလဲခဲ့ပါဘူး။

ကုံရာသီဖွားတွေဟာ ဘာကြောင့် အောင်မြင်ရသလဲဆိုတဲ့ အဖြေကိုတော့ စစ်တမ်းမှာ ဖော်ပြမထားပေမယ့် Vice Broadly နက္ခတ္တမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ဆောင်းပါးအရ ကုံရာသီဖွားတွေဟာ ထူးခြားဆန်းပြားတဲ့ အကြောင်းအရာတွေနဲ့ အံ့သြမင်သက်ဖွယ်ရာကောင်းတဲ့ ကိစ္စရပ်တွေကို ဖန်တီးရာမှာ မွေ့လျော်ပြီး ခရေစေ့တွင်းကျ တွေးတောတတ်သူတွေလို့ သိရပါတယ်။ သူတို့တွေဟာ ပတ်ဝန်ကျင်းသစ်ကို ဖန်တီးလိုစိတ် ပြင်းပြတယ်၊ အမှီအခိုကင်းကင်းနဲ့ ရပ်တည်လိုတယ် ပြီးတော့ လူမှုဆက်ဆံရေးမှာလည်း ကောင်းမွန်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

Abraham Lincoln ၊ Thomas Alva Edison ၊ Franklin D. Roosevelt ၊ Christian Bale ၊ Ashton Kutcher ၊ Ellen DeGeneres ၊ Jennifer Aniston ၊ Oprah Winfrey ၊ Michael Jordan ၊ Cristiano Ronaldo ၊ Neymar ၊ Luis Suarez ၊ Shakira ၊ Bob Marley ၊ Harry Styles နဲ့ Justin Timberlake တို့ဟာ ကုံရာသီဖွားတွေဖြစ်ကြပါတယ်။

University of Oxford ရဲ့ နက္ခတ္တဗေဒပညာရှင် ပါမောက္ခ ဒေါက်တာ Percy Seymour ရဲ့ The Scientific Proof of Astrology စာအုပ်မှာတော့ “နေအဖွဲ့ အစည်းတစ်ခုလုံးဟာ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းပေါ်မှာ စည်းဝါးအလိုက် လည်ပတ်နေတာပါ။ စည်းဝါးအလိုက်ဆိုတော့ ရာသီဖွားတွေရဲ့ တီးလုံးသံစဉ်တွေက ကွဲပြားမှာပါ” လို့ ဆိုသွားပါတယ်။ ဒါ့ကြောင့် ရာသီဖွားပေါ်မူတည်ပြီး ကိုယ်ကျင့်စရိုက်ပြောင်းလဲမှုကိုတော့ လက်ခံသင့်တယ်လို့ ကောက်ချက်ချထားပါတယ်။ ကဲ . . . ဇန်နဝါရီလ (၂ဝ) နဲ့ ဖေဖော်ဝါရီလ (၁၈) ရက်ကြားမှာ မွေးဖွားတဲ့ ကုံရာသီဖွားတွေကတော့ အခုဆောင်းပါးကို ဖတ်ပြီး လက်မထောင်နေလောက်ပါပြီနော်။

Reference and Photo Credit – Daily Mail ၊ Astrology Bay ၊ PEOPLE

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle