အိမ်သာတွေရဲ့ ထိုင်ခုံတွေလောက်နီးနီး ညစ်ပတ်နေတဲ့ ATM စက်များ

အိမ်သာတွေရဲ့ ထိုင်ခုံတွေလောက်နီးနီး ညစ်ပတ်နေတဲ့ ATM စက်များ

အခုခေတ်ကြီးမှာ လူတိုင်းဟာ ATM စက်နဲ့ ကင်းကွာပြီး ရှင်သန်နေထိုင်လို့ မရကြတော့တဲ့အတွက် ATM စက်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ။ ATM တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့အခါမှာ ATM က ပေးတဲ့ ဒုက္ခတွေကိုလည်း ခံစားကြရပါတယ်။ လူတိုင်းဟာ ATM ကို သုံးနေတဲ့အတွက် ATM ပေးတဲ့ ဒုက္ခတွေဆိုတာကလည်း ကြုံဖူးကြမှာပါ။ ဥပမာအနေနဲ့ဆို ငွေထုတ်တဲ့အခါမျိုးမှာ ကဒ်ညပ်လို့ စိတ်ညစ်ရတာမျိုးတွေ၊ ဒီစက်မှာ ငွေကုန်နေလို့ ကိုယ်လုပ်ထားတဲ့ ဘဏ်နဲ့ နီးစပ်ရာ ATM စက်ရှိတဲ့နေရာကို အပြေးသွားရှာပြီး ထုတ်ရတာမျိုးတွေ လုပ်ကာ တိုင်ပတ်ရပါတယ်။ ဒါတင်မကသေးဘဲ အခုရှာဖွေတွေ့ရှိထားတဲ့ တွေ့ရှိချက်အသစ်တွေအရဆိုရင် ATM စက်တွေရဲ့ ကီးဘုတ်တွေဟာ အများပြည်သူသုံးအိမ်သာတွေရဲ့ ထိုင်ခုံတွေလောက်နီးနီး ညစ်ပတ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

စမ်းသပ်မှုတွေအရဆိုရင် ငွေသားထုတ်တဲ့စက်တွေမှာ ရောဂါပိုးမွှားတွေ ပြွတ်သိပ်နေတဲ့အပြင် ရှိနေတဲ့ ဘက်တီးရီးယားတွေကလည်း ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ အဲဒီအချက်နဲ့ပတ်သက်တဲ့ လေ့လာမှုတွေကို ဗြိတိန်သုတေသနပညာရှင်တွေက လုပ်ခဲ့တာဖြစ်ပြီး ATM ကီးဘုတ်နဲ့ အများပြည်သူသုံးအိမ်သာတွေကနေ ဂွမ်းနဲ့သုတ်ယူပြီး နှစ်ခုကို နှုှိင်းယှဉ်ကာ လေ့လာခဲ့ကြပါတယ်။ ရရှိလာတဲ့ရလဒ်တွေကတော့ ထုတ်ပြောဖို့တောင် မကောင်းလောက်အောင် ကြောက်စရာကောင်းပါတယ်တဲ့။ သုတေသနပညာရှင်တွေဟာ နှစ်နေရာလုံးကနေ ရရှိလာတဲ့ ဂွမ်းတွေကို လေ့လာလိုက်တဲ့အခါမှာ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး ဗိုက်ဖောင်းလာတာမျိုးတွေဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုပါ တွေ့ရှိခဲ့ရပါတယ်။

BioCote အတွက် လေ့လာတဲ့ အဏုဇီဝ သုတေသနပညာရှင် Richard Hasting ဟာ ATM စက်တွေမှာ အများပြည်သူသုံး အိမ်သာတွေလောက်နီးနီး ဘက်တီးရီးယားတွေ တွေ့ရှိရမယ်လို့တောင် မထင်ထားခဲ့တဲ့အတွက် အရမ်းအံ့သြသင့်ခဲ့ရပါတယ်။ ဒါ့အပြင် Hasting က အများပြည်သူသုံးတယ်လီဖုန်းတွေမှာလည်း မမြင်ရတဲ့ အညစ်အကြေးတွေနဲ့ ပြည့်နှက်နေပြီး ပိုးမွှားတွေ အများအပြား တွယ်ကပ်နေပါတယ်ဆိုပြီး ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့်မို့ ကိုယ်နေ့စဉ် သုံးနေတဲ့ စမတ်ဖုန်းတွေဆိုရင် ပိုးသတ်ထားတဲ့ အဝတ်စလေးတွေနဲ့ သုတ်ပြီး သန့်စင်ပေးထားမျိုး၊ ငွေထုတ်ဖို့အတွက် ATM စက်တွေရဲ့ ကီးဘုတ်တွေမှာ နှိပ်ပြီးရင် လက်ကို ဆပ်ပြာနဲ့ ပြောင်အောင် ဆေးကြောပေးတာမျိုးကို မပျင်းမရိဘဲနဲ့ လုပ်ပေးသင့်ပါတယ်။ လက်ဆေးဖို့ နေရာမရှိဘူးဆိုရင်တော့ Hand Sanitizer လေးတွေ ဆောင်ထားပြီး သန့်စင်ပေးတာမျိုး လုပ်ပေးပါ။

ငွေထုတ်တာဟာ ရောဂါပိုးမွှားတွေ ဝယ်ယူဖို့အတွက်မဟုတ်တဲ့အတွက် ငွေထုတ်ခြင်းကနေ ကိုယ်ရဲ့ ခန္ဓာကိုယ်ထဲကို ရောဂါပိုးမွှားတွေ ရောက်ရှိလာတာမျိုးမဖြစ်စေဘဲ Hand Sanitizer တွေကိုသုံးပြီး သန့်စင်ပေးတာမျိုး ၊ ပိုးသတ်ထားတဲ့ ပဝါလေးတွေနဲ့ မမေ့မလျောသုတ်ပြီး သန့်စင်တာမျိုးလုပ်ကာ ကိုယ်ကျန်းမာရေးကိုယ် ဂရုစိုက်ပါ။ ဒီခေတ်ကြီးမှာ ကျန်းမာရေးစရိတ်စကတွေဟာ အရင်တုန်းကနဲ့ မတူ ကြီးမြင့်လာတဲ့အတွက် ကိုယ်ကျန်းမာရေးကိုယ် ဂရုစိုက်ပြီးနေမှ တော်ကာကျမှာမို့ ဘာမှအပန်းမကြီးတဲ့ လက်ဆေးခြင်းအလေ့အထကို ဂရုပြုပြီး လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle