Michael Jackson သီချင်းများဆီသို့ တမ်းချင်

Michael Jackson သီချင်းများဆီသို့ တမ်းချင်

Michael Jackson ကွယ်လွန်သွားတာ ဆယ်စုနှစ်တစ်ခုစာတောင် ရှိသွားပါပြီ။ သူဟာ လူသေဆုံးသွားပေမယ့် သူဖန်တီးခဲ့တဲ့ သီချင်းတွေကြောင့် သူ့နာမည်နဲ့ သူ့တန်ဖိုးတွေကတော့ ခုချိန်ထိ ရှင်သန်နေဆဲပါ။ Michael Jackson ဟာ World Music Awards ဆုကို အများဆုံးရရှိထားတဲ့ အမျိူးသားအဆိုရှင်တစ်ဦးဖြစ်ပြီး American Music Awards ဆုကိုလည်း အများဆုံးရထားသူအဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။

ဒီနေ့တော့ သူ့သီချင်းတချို့ကို ပြန်နားထောင်ပြီး Michael Jackson ကို ပြန်အသက်သွင်းလိုက်ရအောင်ပါ။

We are the world
ဟေတီငလျင်အတွက် ရန်ပုံငွေရှာဖို့ ကမ္ဘာကျော်အဆိုတော်တွေ စုပြီး ဆိုခဲ့ကြတဲ့ ဒီသီချင်းဟာ ၁၉၈၅ ခုနှစ်တုန်းကလည်း အာဖရိကအတွက် အဲ့ဒီလိုဆိုခဲ့ဖူးပါတယ်။ အဲဒီ Version ကို နားထောင်စေချင်လို့ အခရာပရိသတ်ကြီးအတွက် Share ပေးလိုက်တယ်နော်။

What more can I give
ဒီသီချင်းကလည်း အပေါ်က We are the world သီချင်းလိုမျိုးပဲ လူတွေကိုကူညီနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ သူ့သီချင်းတွေဆိုပြီး လူသားတွေကို အကျိုးပြုသူတစ်ဦး ဖြစ်တဲ့အပြင် ကမ္ဘာကျော်တွေတော်တော်များများစုဆိုကြတဲ့ သီချင်းအများစုကလည်း Michael ရဲ့ သီချင်းတွေဖြစ်နေတာကို တွေ့နိုင်ပါတယ်။

I Just Can’t Stop Loving You
ဒီသီချင်းကတော့ သူတစ်ယောက်တည်း ဆိုထားတာမဟုတ်ဘဲ အမျိူးသမီးအဆိုတော် Siedah Garrett နဲ့အတူ တွဲဖက်သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းဟာ ၁၉၈၇ ခုနှစ်က ထွက်ခဲ့တဲ့ Bad Album ထဲမှာ ပါခဲ့ပါတယ်။ တစ်ခါတလေ ကြားနေကျ သီချင်းတွေထက် ဒီလိုမျိုး သိပ်ကြားရလေ့မရှိတဲ့ သီချင်းတွေက နားထောင်ရတာ ပိုလို့တောင်ဘ အရသာရှိနေတတ်ပါတယ်။

Gone too soon
Michael ရဲ့ ဒီသီချင်းကတော့ Ryan White ဆိုတဲ့ ကောင်လေးနဲ့ ဆက်စပ်မှုရှိနေပါတယ်။ Ryan White ဆိုတာ တခြားသူတော့ မဟုတ်ပါဘူး။ ၁၉၈၀ ခုနှစ်တွေတုန်းက အမေရိကန်နိုင်ငံရဲ့ သတင်းစာမျက်နှာပေါ်မှာ တော်တော်များများ နေရာယူခဲ့သူတစ်ဦးပါ။ Ryan White ဟာ ၁၉၇၁ ခုနှစ်ဖွားဖြစ်ပြီး သူ့အသက် ၁၃ နှစ်အရွယ်ရောက်မှာတော့ သွေးသွင်းရာက HIV ပိုး ကူးစက်ခံခဲ့ရပါတယ်။ သူ့ကို ကျောင်းကဆရာ၊ ဆရာမတွေက AIDS ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုနဲ့ Ryan White အကြောင်းက သတင်းမျက်နှာစာတွေပေါ် ပါလာခဲ့တဲ့အပြင် အမေရိကန်နိုင်ငံရဲ့ HIV ၊ AIDS ဆိုင်ရာ National Poster Child ဖြစ်လာခဲ့ပါတယ်။ ဒီကောင်လေးဟာ Michael Jackson နဲ့လည်း သိကျွမ်းခဲ့ပါသေးတယ်။ Ryan White ဟာ သူ့အသက် (၁၈) နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီသီချင်းရဲ့ နောက်ဆုံးမှာတော့ Michael ဟာ Bye Ryan လို့ ထည့်သွင်းသီဆိုထားပါသေးတယ်။

Michael Jackson ရဲ့ သီချင်းတွေ နောက်ကွယ်မှာ ဘာအဓိပ္ပါယ်တွေရှိပြီး သူ့ပရိသတ်တွေကို သူဖန်တီးတဲ့ အနုပညာနဲ့ ဘယ်လိုတွေအလုပ်အကျွေးပြုခဲ့လဲဆိုတာကို ဒီသီချင်းတွေထဲမှာ တွေ့နိုင်မယ်ထင်ပါတယ်။ အခရာပရိသတ်ကြီးရော Michael Jackson ရဲ့ သီချင်းထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံးလဲဆိုတာ ပြောခဲ့ပါဦး။

Reference: Wikipedia

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle