ထိပ်ပြောင်တဲ့သူတွေက ယောကျ်ားပိုဆန်ပြီး ဆွဲဆောင်မှုရှိတာ ဘာကြောင့်လဲ

ထိပ်ပြောင်တဲ့သူတွေက ယောကျ်ားပိုဆန်ပြီး ဆွဲဆောင်မှုရှိတာ ဘာကြောင့်လဲ

ယောကျ်ားလေးတော်တော်များများက ထိပ်ပြောင်လာတာကို သဘောမကျကြပါဘူး။ အရင်ကဆိုရင် ထိပ်ပြောင်လာပြီဆိုရင် ဆေးအမျိုးမျိုးသုံးပြီး ဆံပင်ပြန်ပေါက်လာအောင် လုပ်လိုက်ရတာ အမောပါ။ ပြီးတော့အရင်တုန်းက လူတွေရဲ့အမြင်မှာလည်း ထိပ်ပြောင်တဲ့ယောကျ်ားလေးတွေကိုဆိုရင် ရုပ်ဆိုးတယ်လို့ ထင်ကြတာလေ။ ဒါပေမယ့် ခေတ်အခြေအနေပြောင်းလဲလာတာနဲ့အတူ လူတွေရဲ့အမြင်တွေလည်းပြောင်းလဲလာခဲ့ပါပြီ။ ခုဆိုရင်ထိပ်ပြောင်တာကခေတ်သစ်ဆွဲဆောင်မှုဖြစ်လာခဲ့ပါပြီ။

ဘာလို့ထိပ်ပြောင်တာက ခေတ်သစ်ဆွဲဆောင်မှုဖြစ်လာပြီလို့ပြောရတာလဲဆိုတာ ပရိသတ်ကြီးတို့သိကြလား။ ဘာလို့လဲဆိုတော့ Florida’s Barry University က Dr. Frank Muscarella က လေ့လာချက်တစ်ခုလုပ်ခဲ့တယ်။ သူ့လေ့လာချက်မှာ ပါဝင်တဲ့ယောကျ်ားတွေအတွက် အပိုင်းလေးပိုင်းခွဲခဲ့တယ်။ အဲဒါတွေက ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်မှု ၊ ခက်ထန်မှု ၊ နှစ်သိမ့်ပေးနိုင်မှုနဲ့ ၊ လူမှုရေးပိုင်းဆိုင်ရာ ရင့်ကျတ်မှုတွေကိုခွဲတာဖြစ်တယ်။ ဒီလိုခွဲခြားတဲ့အခါမှာ ရိုးသားမှုကနေ ဉာဏ်ရည်ဉာဏ်စွမ်းနဲ့ လူမှုရေးအဆင့်အတန်းတို့ပေါ်လိုက်ပြီးခွဲတာပဲဖြစ်တယ်။ လေ့လာချက်မှာ ပါဝင်တာအဖွဲ့နှစ်ဖွဲ့ရှိပါတယ်။ တစ်ဖွဲ့ကဆံပင်ရှိသေးတဲ့ယောကျ်ားတွေကိုအမှတ်ပေးရပြီး နောက်တစ်ဖွဲ့ကကျတော့ ပထမအဖွဲ့ထဲကယောကျာ်းတွေကိုပဲ ဆံပင်တွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ဖျောက်ပြီး ထိပ်ပြောင်အောင်လုပ်ထားတာကို အမှတ်ပေးရတာဖြစ်ပါတယ်။

နောက်ဆုံးရလဒ်ကဘာကိုပြသလဲဆိုရင် ဒီနှစ်ဖွဲ့ထဲကလူတော်တော်များများက ထိပ်ပြောင်တဲ့အမျိုးသားတွေက ပိုမိုရိုးသားတယ် ၊ ဉာဏ်ပညာရှိတယ် ၊ ပိုပြီးသန်မာတယ်လို့ထင်ကြပါတယ်တဲ့။ သူတို့ဒီလိုထင်တာလည်းမမှားပါဘူး။ ဟောလိဝုဒ်မှာတောင် တို့တွေအသဲစွဲနေရတဲ့ထိပ်ပြောင်မင်းသားတွေရှိနေတာကို သူတို့ဒီလိုထင်တာလက်ခံနိုင်စရာရှိပါတယ်လေ။

ဒီတော့ပရိသတ်ကြီးတို့ရောဘယ်လိုထင်လဲ ထိပ်ပြောင်တာလေးကိုကြိုက်လား ၊ ဆံပင်သန်တာကိုမှ ကြိုက်တာလား။ စာရေးသူကတော့ထိပ်ပြောင်တာလည်းမကြိုက်ဘူး ၊ ဆံပင်သန်တာလည်းမကြိုက်ဘူး ၊ ဆံပင်ရှည်တာလေးကိုပဲကြိုက်တယ်လို့။

Piki (Akhayar)