Batman ဇာတ်ကောင်လည်း အတည်ပြုပြီးပြီဆိုတော့ ဘာတွေဖြစ်လာမယ်ထင်လဲ အရင်ကားတွေလိုပဲဖြစ်မလား တစ်မှုထူးခြားလာမှာလား

Batman ဇာတ်ကောင်လည်း အတည်ပြုပြီးပြီဆိုတော့ ဘာတွေဖြစ်လာမယ်ထင်လဲ အရင်ကားတွေလိုပဲဖြစ်မလား တစ်မှုထူးခြားလာမှာလား

ပြီးခဲ့တဲ့ပိတ်ရက်တုန်းက Warner Bros. က သူတို့ရဲ့ အသစ်ထွက်ရှိလာမယ့် The Batman ရုပ်ရှင်မှာ Batman အနေနဲ့သရုပ်ဆောင်ဖို့အတွက် Robert Pattison ကို ရွေးလိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။ ဒီတော့ Twilight မင်းသား Robert တစ်ယောက် Batman ဇာတ်ကောင်ကို ဘယ်လိုအသက်ဝင်အောင်လုပ်မယ်ဆိုတာကို စောင့်ကြည့်ရတော့မှာပေါ့။

လက်ရှိသိထားသလောက် သတင်းတွေအရဆိုရင်တော့ The Batman က ၁၉၉ဝ ခုနှစ်ကို အခြေပြုပြီးရိုက်မယ်လို့ ပြောထားပါတယ်။ Robert Pattinson ကို ရွေးရတာကလည်း Batman ဇာတ်ကောင်ရဲ့လူငယ်ဘဝကိုပြန်ပြီးတော့ ပုံဖော်ချင်လို့ဖြစ်မယ်ထင်တယ်။ နောက်ပြီးတော့ ကြားရသလောက်က The Batman ရုပ်ရှင်က Triology အနေနဲ့ထွက်လာမယ်တဲ့။ ဒီတော့ Christopher Nolan ရိုက်ခဲ့တဲ့ The Dark Knight Trilogy နဲ့ ဘယ်လိုကွာခြားမှုတွေရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ ဇာတ်လမ်းအသွားအလာတွေကို အခုအချိန်မှာ တရားဝင်ဖော်ပြထားတာတွေ မရှိသေးပေမယ့် သေချာတာတစ်ခုကတော့ ဒါရိုက်တာ Matt Reeves က The Batman ကို Frank Miller ရဲ့ Year One Comic ကနေ တိုက်ရိုက်ကြီးအခြေခံပြီးရိုက်မှာ မဟုတ်ပါဘူးတဲ့။

တကယ်လို့ တိုက်ရိုက်အခြေမခံဘူးဆိုရင်တောင် အနည်းနဲ့အများတော့ ကောက်နုတ်လောက်တယ်လေ။ ဒါကြောင့် Year One ဇာတ်လမ်းတွဲအရဆိုရင် Villain တွေထဲမှာ  Carmine Falcone ၊  Joker နဲ့ Catwoman တို့ပါတယ်။ The Batman Trilogy မှာ စုစုပေါင်း Villain ခြောက်ကောင်ပါမယ်လို့လည်း ကောလဟာလသတင်းတွေထွက်နေတဲ့အပြင် Catwoman ၊  Penguin နဲ့ The Riddler တို့ကတော့ အသေအချာပါဝင်မယ်လို့ အတည်ပြုပြီးသွားပြီဖြစ်တယ်။

ဒီတော့ Catwoman နေရာမှာ ဘယ်သူ့ကို ရွေးချယ်မလဲ။ Catwoman က လှတယ် ၊ ဆွဲဆောင်မှုရှိပြီး ၊ ကလိမ်ကကျစ်ဉာဏ်လည်း အရမ်းကိုကြီးတယ်။ The Batman ထဲက Catwoman ကရော ဘယ်လိုလူစားမျိုးဖြစ်မလဲ။ The Dark Knight Trilogy မှာတော့ Anne Hathaway က Catwoman နေရာကနေ သရုပ်ဆောင်ခဲ့တယ်။ (P.S…She Ruined My Imagination of Catwoman)  အဲဒီမှာတော့ သူကလူကောင်းပေါ့။ The Batman မှာရော Catwoman က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ကစားမှာလဲ။ လူငယ်သရုပ်ဆောင်တွေကို အသားပေးပြီး ရိုက်နိုင်ခြေရှိတာကြောင့် Catwoman နေရာမှာ ဟောလီးဝုဒ်ရဲ့ နာမည်တက်စ မင်းသမီးတွေကို သုံးမှာလား။ ဒါမှမဟုတ်ရင် အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ မမတွေပဲဖြစ်မလားကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ။

Penguin  – Penguin အကြောင်းပြောမယ်ဆိုရင် Batman ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ရိုက်ခဲ့သမ ျှဇာတ်ကားတိုင်းမှာ Penguin ကို ထည့်ရိုက်တာအရမ်းကိုနည်းပါတယ်။ ရိုက်ပြန်ရင်လည်း Comic ထဲက Penguin ရဲ့ ဉာဏ်နီဉာဏ်နက်များပြီး လွတ်လမ်းကိုအမြဲရှာတတ်တဲ့ ဇာတ်ရုပ်ကိုသရုပ်ဖော်နိုင်တဲ့သူ တစ်ယောက်ပဲရှိပြီး သူကတော့ Gotham Serie ထဲက Penguin ပဲဖြစ်မယ်ထင်ပါတယ်။ Robin Lord Taylor သရုပ်ဆောင်ထားတဲ့ Gotham Serie ထဲက Penguin က ရုပ်ပိုင်းဆိုင်ရာမှာတော့ Comic Penguin နဲ့ တခြားစီပါပဲ။ Comic ထဲက Penguin က ဗိုက်ပူနံကားနဲ့ ဦးထုပ်ဆောင်းပြီး မျက်မှန်ဝိုင်းတစ်ဝိုင်းပါတယ်။ Gotham မှာတော့ Robin က သူ့စတိုင်နဲ့သူ ပိန်ပိန်ပါးပါးနဲ့ အီမိုစတိုင်ဆံပင်ကေ ၊ ခြေတစ်ချောင်းလိမ်ပြီး တုတ်ကောက်လေးထော့နဲ့ထော့နဲ့ နဲ့သွားတဲ့ ဇာတ်ကောင်ကို ဖန်တီးခဲ့ပါတယ်။ သူ့ကိုကြည့်လိုက်ရင်တော့ ဘာအန္တရာယ်မှ မပေးနိုင်ဘူးလို့ထင်ရပေမယ့် သွေးအေးအေးနဲ့လူသတ်တတ်ပြီး အရမ်းလည်း ကလိမ်ကျစ်ကျလွန်းသူပါ။ သူ့သေတွင်းကနေ နည်းမျိုးစုံနဲ့လွတ်အောင်လုပ်တတ်ပြီး ၊ ရှေ့မှာတော့မျက်နှာချိုသွေးပေမယ့် နောက်ကွယ်မှာ ပက်ပက်စက်စက်ဓားနဲ့ထိုးတဲ့ ဇာတ်ကောင်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တာပါ။ ပြောရရင် Robin က Signature Penguin Character တစ်ခု ဖန်တီးသွားတာပေါ့။ DC ရဲ့ Villain တွေထဲမှာ အရမ်းကို အရေးပါတဲ့ Penguin က ဘယ်သောအခါမဆို ထွက်ပေါက်တစ်ခုကို အမြဲပြင်ဆင်ထားတဲ့ Villain ၊ အရမ်းဉာဏ်ကောင်းတဲ့ Villain ပါ။ ဒါကြောင့် Penguin ကို သရုပ်ဖော်မယ်ဆိုရင်လည်း Batman ကိုသရုပ်ဖော်သလိုပဲ အရည်အချင်းရှိတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လိုတယ်လို့ ထင်ပါတယ်။

သေချာတာတစ်ခုကတော့ The Dark Knight Trilogy  က Villain နဲ့ Batman နှစ်ယောက်ပေါင်းပြီး သရုပ်ဆောင်ကောင်းလွန်းခဲ့တာကြောင့် ဇာတ်ကားကို ဂန္တဝင်မြောက်သွားစေတာပါ။ ဇာတ်လမ်းက Dark ဖြစ်ပြီး မင်းသားနှစ်ယောက်ကလည်း Method Acting ကို အလေးအနက်ထားခဲ့တယ်။ The Joker မင်းသား Heath Ledger ဆိုရင် ဟိုတယ်ခန်းထဲတစ်ယောက်တည်းပိတ်လှောင်ပြီး Joker ဇာတ်ကောင်ရဲ့ ရူးသွပ်တဲ့စိတ်ကို ပုံဖော်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်။ ဒီတော့ The Batman Trilogy မှာ Joker ပါလာခဲ့မယ်ဆိုရင်  Heath Ledger ရဲ့ ခြေရာကိုနင်းနိုင်ပါ့မလား။ ပါခဲ့မယ်ဆိုရင်ရော ဘယ်သူဖြစ်နိုင်မလဲ။ လူငယ်တွေနဲ့ တစ်ဖန်ပြန်ပြီးတော့ သရုပ်ဖော်ချင်တယ်ဆိုတော့ Gotham ထဲက Joker ကိုများ ခေါ်သုံးမလား။ Gotham ရဲ့ Joker အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Cameron Monaghan က အခုမှ ၂၅ နှစ်ပဲရှိပါသေးတယ်။ သူ့ဟာနဲ့သူ Joker အဖြစ်သရုပ်ဆောင်တာကောင်းတယ်လို့ ပရိသတ်တွေအသိအမှတ်ပြုခံထားရတာကြောင့် သူ့ကို The Batman မှာ Joker အဖြစ်တွေ့ရရင်လည်း အရမ်းကြီးမဆိုးလောက်ပါဘူး။ ဒါပေမယ့် Serie က သရုပ်ဆောင်ကို Movie မှာပြန်ပြီးသုံးမယ်ဆိုတာ သိပ်တော့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်ဘာကိုမှကြိုပြီး ပြောလို့မရဘူးလေနော်။

ဘယ်လိုနေနေ The Batman Trilogy ပရိသတ်ရင်ထဲထိပြီး အမြဲအမှတ်ရနေဖို့က Batman နဲ့ Main Villain ပေါ်မှာ အများကြီးမူတည်ပါတယ်။ Robert Pattinson တစ်ယောက် Batman ဇာတ်ရုပ်ကို နဂိုမူရင်း Comic ထဲကအတိုင်း Dark ဖြစ်တဲ့  Isolated Billionarie Playboy Detective Genius အဖြစ်သရုပ်ဆောင်နိုင်မယ်ဆိုရင်တော့  The Batman ရဲ့ Batman က ပါးစပ်ရာဇဝင်တွင်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင်တင်မကဘူး ၊ ဇာတ်ကားရဲ့အနှစ်သာရက ဒါရိုက်တာပေါ်လည်း အများကြီးမူတည်ပါတယ်။ ဒါကြောင့် The Batman က ပုံမှန် Superhero ဇာတ်ကားတွေလို မမေ ျှာ်လင့်ဘဲ Power တွေရ ၊  Hero ဖြစ်သွား ၊ အဲဒီမှာ Villian ပေါ်လာပြီး Fighting Play ရင်း Hallelujah, Hero Save the Day! ဖြစ်မသွားပါစေနဲ့လို့ မေ ျှာ်လင့်ပါတယ်။ နော်….ဟုတ်တယ်မလား။

Photo Credit: The Batman Universe, Inked One, Future of The Force

Piki (Akhayar)