စာအုပ်ချစ်သူတွေ သွားရောက်လေ့လာသင့်တဲ့ ကမ္ဘာတဝန်းက စာကြည့်တိုက်များ အပိုင်း (၁)

စာအုပ်ချစ်သူတွေ သွားရောက်လေ့လာသင့်တဲ့ ကမ္ဘာတဝန်းက စာကြည့်တိုက်များ အပိုင်း (၁)

စာအုပ်စာပေကို မြတ်နိုးတဲ့သူတိုင်းက စာကြည့်တိုက်လို့ပြောလိုက်တာနဲ့ ခေါင်းလေးတွေထောင် နားရွက်လေးတွေကားလာတတ်တယ်။ စာအုပ်ရယ်လို့ အသံကြားလိုက်တာနဲ့ မဝယ်ရရင်နေ မျက်စိအရသာကတော့ သွားခံကြပါတယ်။ စာအုပ်ဆိုရင် အသေရရ အရှင်ရရ ကြည့်ချင်တယ် ၊ ကိုင်ချင်တယ်။ ဒီခံစားချက်ကို စာကြမ်းပိုးလေးတွေနားလည်မယ်လို့ထင်ပါတယ်။ ဒီတော့စာရေးသူနဲ့အတူ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခွင့်သာခဲ့မယ်ဆိုရင် သွားရောက်ကြည့်ရှုလေ့လာသင့်တဲ့စာကြည့်တိုက်တွေကို ကြည့်လိုက်ရအောင်နော်။

အိုင်ယာလန်နိုင်ငံ မြို့တော် Dublin ရဲ့ “Trinity College Library” စာကြည့်တိုက်
Trinity College Library ကို ထိပ်ဆုံးရွေးရတဲ့အကြောင်းပြချက်ကတော့ စာရေးသူရဲ့ Bias ရှိလို့ဆိုတာကို အပြည့်အဝ ဝန်ခံပါတယ်။ စာရေးသူရဲ့ Trinity College မှာတက်ချင်တဲ့စိတ်က Trinity College Library ကိုသွားချင်တဲ့စိတ်ကိုဖြစ်စေတာပါ။ ဒါပေမယ့် Trinity College Library မှာ သူ့ရဲ့ဆွဲဆောင်မှုလေးတွေသူ့ဟာသူရှိပါသေးတယ်။ ဒီစာကြည့်တိုက်က အိုင်ယာလန်တစ်နိုင်ငံလုံးမှာ စာအုပ်အများဆုံးထားရှိတဲ့ စာကြည့်တိုက်ဖြစ်ပြီး “The Long Room” ဆိုတဲ့ အလျား ၂၁၃ ပေ ရှည်လျားတဲ့အခန်းကြောင့်နာမည်ကျော်ကြားပါတယ်။ အခန်းတစ်လျှောက်မှာ နာမည်ကျော်ကြားတဲ့ တွေးခေါ်ပညာရှင်တွေ ၊ စာရေးဆရာတွေနဲ့ တက္ကသိုလ်ကိုထောက်ပံ့ခဲ့သူတွေရဲ့ ရုပ်တုတွေနဲ့အလှဆင်ထားပြီး ရှေးဟောင်းစာအုပ်ပေါင်း ၂ သန်းကျော်ရှိပါတယ်။ ဒီလိုအဖိုးတန်စာအုပ်တွေအများကြီးရှိတဲ့ ရတနာသိုက်ကြီးကို မသွားချင်တဲ့သူမရှိလောက်ပါဘူး။ ဟုတ်တယ်မလား။

ဒိန်းမတ်နိုင်ငံမြို့တော် Copenhagen ရဲ့ “The Royal Library of Copenhagen” စာကြည့်တိုက်
၁၉၉၉ ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့တဲ့ Royal Library ရဲ့ ထပ်မံတိုးချဲ့တဲ့အပိုင်းဖြစ်တဲ့ “Black Diamond” က ဒီနာမည်ကို ပုံမှန်မဟုတ်တဲ့ ထောင့်တွေနဲ့ နှမ်းဖတ်ကျောက်တွေကို သုံးပြီးတည်ဆောက်ထားတာကြောင့် ရလာခဲ့တာဖြစ်ပါတယ်။ စာကြည့်တိုက်ရဲ့အပြင်ဖက်ကိုတော့ ဖန်သားနဲ့ဆောက်ထားတဲ့ Atrium လို့ခေါ်တဲ့ ဟာလာဟင်းလင်းဖြစ်နေတဲ့နေရာကျယ်ကြီးကြောင့် အလင်းကောင်းကောင်းဝင်နိုင်တယ်။ ဒီလိုအလင်းဝင်နိုင်တာက စာဖတ်လို့အရမ်းကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတာကြောင့် နာမည်ကြီးပါတယ်။

ဂျာမနီနိုင်ငံရဲ့ Stuttgart မှာရှိတဲ့ “Stuttgart City Library” စာကြည့်တိုက်
Stuttgart City Library မှာ ကုဗတုံးပုံသဏ္ဍာန်တည်ဆောက်ထားတာဖြစ်ပြီး စုစုပေါင်းအထပ်ကိုးထပ်ရှိပါတယ်။ သူ့ရဲ့တည်ဆောက်ပုံကို ရောမမြို့ရဲ့ အထင်ကရဖြစ်တဲ့ Pantheon ကိုအတုယူထားတာဖြစ်တယ်တဲ့။ ဒီစာကြည့်တိုက်ရဲ့ဆွဲဆောင်နိုင်မှုကတော့ အဆောက်အဦးအတွင်းပိုင်းတစ်ခုလုံးကို ဖွေးဖွေးဖြူတဲ့အရောင်နဲ့ အလှဆင်သုတ်ခြယ်ထားတာကြောင့်ဖြစ်ပါတယ်။ စာကြည့်တိုက်ထဲမှာတွေ့ရမယ့်အရောင်တွေက စာအုပ်အဖုံးတွေရဲ့အရောင်တွေပဲဖြစ်ပါလိမ့်မယ်။ စာရေးသူကတော့အရမ်းကိုသွားချင်ပါတယ်။ အဖြူရောင်တောထဲ ညိုညိုသေးသေးလေးတစ်ယောက်ရောက်နေသလိုပဲပေါ့။

သြစတြီးယားက “Admont Libray” စာကြည့်တိုက်
သြစတြီးယားနိုင်ငံရဲ့ Admont မြို့မှာရှိတဲ့ ဒီစာကြည့်တိုက်က ကမ္ဘာမှာရှိတဲ့ သာသနာ့စာကြည့်တိုက်တွေထဲမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ကို Baroque လို့ခေါ်တဲ့ ဥရောပတိုက်မှာ ၁၇-၁၈ ရာစုနှစ်တွေက ခေတ်စားခဲ့တဲ့ ဆန်းကြယ်လွန်းတဲ့အနုပညာလက်ရာတွေနဲ့ဖန်တီးခဲ့တယ်။ စာကြည့်တိုက်ကို ဗိသုကာပညာရှင် Joseph Hueber က ၁၇၇၆ ခုနှစ်မှာ အမြင့်ပေ ၂၃ဝ ရှည်လျားတဲ့ဟောခန်းကြီးအဖြစ်ဖန်တီးခဲ့ပြီး စာအုပ်ပေါင်း၂သိန်းရှိပါတယ်။ စာကြည့်တိုက်ရဲ့မျက်နှာကျက်ကို Bartolomeo Altomonte က ဆေးခြယ်ခဲ့ပါတယ်။ စာကြည့်တိုက်မျက်နှာကျက်က လူသားတွေရဲ့အသိဉာဏ်အဆင့်တွေကို ပုံဖော်ထားတာဖြစ်ပြီး ဘုရားတစ်ဆူလိုသိမြင်နိုင်တဲ့အဆင့်ထိမြင့်တာကို ပုံဖော်ထားတာဖြစ်ပါတယ်။ ဒီလောက်လှတဲ့စာကြည့်တိုက်ကို စာပေအတွက်တင်မဟုတ်ဘဲ အနုပညာအတွက်ပါ လေ့လာခံစားဖို့သွားသင့်တယ်ထင်ပါတယ်။

ဒါကတော့ ဒီတစ်ပတ်မှာဖော်ပြသွားတဲ့ စာကြည့်တိုက်စာရင်းပဲဖြစ်ပါတယ်။ နောက်အပတ်မှာလည်း တခြားဘယ်နိုင်ငံက ဘယ်စာကြည့်တိုက်တွေကို မျက်စိအစာကျွေးလို့ရမလဲဆိုတာ သိနိုင်ဖို့ စာဖတ်ပရိသတ်ကြီးတို့ စာရေးသူနဲ့အတူ ထပ်ပြီးခံစားကြပါဦးနော်။

Piki (Akhayar)

Ref: businessinsider.com

buzzfeednews.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle