မိန်းကလေးတိုင်းရဲ့ မှန်တင်ခုံပေါ်မှာရှိထားသင့်တဲ့ Beauty Product လေးများ

မိန်းကလေးတိုင်းရဲ့ မှန်တင်ခုံပေါ်မှာရှိထားသင့်တဲ့ Beauty Product လေးများ

မိန်းကလေးတွေကတော့ အလှအပနဲ့ ကင်းအောင် ဘယ်လိုမှ နေလို့ရနိုင်မယ်မထင်ပါဘူး။ ကိုယ်ဆိုရင်လည်း သူများသုံးတာတွေလည်း လိုက်သုံးချင်၊ ကြော်ငြာကောင်းတာတွေလည်း လိုက်သုံးချင်၊ လူကြိုက်များရင်လည်း လိုက်သုံးချင်နဲ့ တော်တော်လေး လမ်းတွေပျောက်နေတာ။ ဒီတော့ ကိုယ်လည်း လိုက်လံစပ်စုနေရင်းနဲ့ပဲ ကိုယ့်လိုဖြစ်နေတဲ့ကောင်မလေးတွေအတွက်လည်း ကိုယ်ချင်းစာလို့ ဒီစာလေးကို ရေးလိုက်ပါတော့မယ်။ ဒီနေ့ကတော့ Editor’s Pick အနေနဲ့ ရွေးချယ်ပေးထားတဲ့ မိန်းကလေးတွေရဲ့ မှန်တင်ခုံပေါ်မှာ မရှိမဖြစ်ရှိထားသင့်တဲ့ Beauty Product လေးတွေဆိုရင် ဘာတွေဖြစ်မလဲ။

Vaseline Lotion
Vaseline Lotion တွေကတော့ မိန်းကလေးတိုင်းမှာ ရှိမယ်လို့ ယုံကြည်ပါတယ်။ Lotion တွေအများကြီးထဲမှာ ဈေးသင့်ပြီး ထိရောက်မှုရှိတဲ့အတွက် ကြိုက်တဲ့သူတွေလည်း များပါတယ်။ တချို့ကတော့ ထိုင်းနဲ့ စင်ကာပူက မှာပြီးသုံးရတာကို ပိုထိရောက်မှုရှိတယ်လို့ ပြောကြတယ်။ တချို့ကလည်း ဒီကိုသွင်းတဲ့ပစ္စည်းတွေနဲ့ အဆင်ပြေကြတယ်။ ဒါပေမယ့် ဒီမှာကတော့ အစုံမရှိလို့ တချို့ဟာတွေက ထိုင်းနဲ့ စင်ကာပူက မှာသုံးရင်တော့ Formula အစုံ ရွေးချယ်နိုင်ပါတယ်။ ဈေးကတော့ နှစ်သောင်းဝန်းကျင်ပဲ ရှိပါတယ်။

Laneige Sleeping Mask
Skincare အတွက်ဆိုရင် အခုနောက်ပိုင်း ကိုရီးယားက ထုတ်တဲ့ Skincare Product တွေက မြန်မာနိုင်ငံမှာ လူကြိုက်များပါတယ်။ ညဘက်ကို လိမ်းပြီး အိပ်ရာကထလိုက်တာနဲ့ လန်းဆန်းတဲ့ မျက်နှာအသားအရည်ပိုင်ဆိုင်ချင်သူတွေအတွက်ကတော့ Korea Brand ဖြစ်တဲ့ Laneige က Sleeping Mask တွေကို Recommend ပေးချင်ပါတယ်။ ရွေးချယ်စရာလည်း စုံပြီးတော့ ထိရောက်မှုလည်း ရှိတော့ ၄သောင်းဝန်းကျင်ပေးရပေမယ့်လည်း တစ်ယောက်တည်းသုံးမယ်ဆိုရင် အသုံးခံတာမို့လို့ ဈေးကြီးတယ်လို့ မဆိုသာပါဘူး။ တစ်ဘူးလောက်တော့ ဝယ်သုံးသင့်ပါတယ်။

Mediheal Sheet Mask
အခုနောက်ပိုင်း ကောင်မလေးတွေနဲ့ မျက်နှာဖုံးလေးတွေဟာ ခွဲခြားလို့တောင် မရပါဘူး။ Sheet Mask ထဲမှာ အခုတလော အကြိုက်တွေ့နေပြီး Blogger Review တွေ အများကြီးရရှိထားတဲ့ Mediheal Sheet Mask ကိုလည်း မှန်တင်ခုံပေါ်မှာ တင်ထားသင့်ပါသေးတယ်။ ကိုယ့်ရဲ့ အသားအရည်အနေအထားနဲ့ အသားအရည်ပြဿနာပေါ်မူတည်ပြီး သင့်တော်တဲ့ Effect ကို ပေးစွမ်းနိုင်တဲ့ Sheet Mask အမျိုးအစားကို ရွေးချယ်လို့ရပါတယ်။ သူက တစ်ချပ်ကို ၂၅၀၀ကျပ် ပတ်ဝန်းကျင်ပဲမို့လို့ နေ့တိုင်းမသုံးတောင် နှစ်ရက်ခြားတစ်ခါလောက်တော့ သုံးပေးသင့်ပါတယ်။ အသားအရည်ထိန်းသိမ်းဖို့ မနှမြောနေပါနဲ့။

Essence Foundation
မိတ်ကပ်ကြိုက်တဲ့ကောင်မလေးတွေအတွက် ဝယ်ကိုဝယ်ထားသင့်တာက Essence Cosmetics က ထုတ်လုပ်နေတဲ့ Foundation လေးတွေပဲ ဖြစ်ပါတယ်။ သူက Germany Brand ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နာမည်ဆိုးမရှိဘဲ ကျော်ကြားတာမို့လို့ စိတ်ချရပါတယ်။ သူ့ဆီက Foundation လေးတွေဟာ တကယ်ကောင်းပြီး ဈေးနဲ့မလိုက်အောင် တန်တာကိုလည်း တွေ့ရပါတယ်။ Glow ချင်တာလား၊ Full Makeup လိမ်းချင်တာလား။ သူ့ဆီမှာ ရွေးချယ်စရာတွေရှိပါတယ်။ ဈေးကလည်း ၁သောင်းဝန်းကျင်ပဲဆိုတော့ တန်မှတန်လို့ ခံစားရတယ်။

Queen Helene Nose Strip Mask
ဒီက မိန်းကလေးတွေ တော်တော်များများဖြစ်လေ့ရှိတဲ့ နှာခေါင်းက ဆားဝက်ခြံတွေကို မောင်းထုတ်ဖို့အတွက် လိုအပ်တဲ့ Mask လေးပါ။ တစ်ပတ်တစ်ကြိမ်လောက် သုံးပေးရုံနဲ့ နှာခေါင်းပေါ်က အမဲရောင်ဆားဝက်ခြံတွေ ဝေးဝေးပြေးတော့မှာပါပဲ။ တစ်ထုပ်မှ ၃ခုပါလို့ ၃ပတ်သုံးလို့ရပြီး ဈေးကတော့ ၂၅၀၀ကျပ်ထဲဆိုတော့ ဘာကြည့်နေတာလဲ။ သွားဝယ်တော့လေ။ သူကတော့ ထိုင်းနိုင်ငံက ထုတ်လုပ်ထားတာပါ။ ခြည်ခြည်တောင် Recommend ပေးထားတယ်ဆိုတော့ ဘာစဉ်းစားနေတာလဲ။

ဒီလောက်ဆို ဒီအပတ်အတွက် Editor’s Pick လုပ်ပေးခဲ့တာလေးတွေကို စိတ်ကျေနပ်မယ်လို့ ထင်ပါတယ်။ အတူတူ Skincare ပြီး အတူတူလှကြရအောင်။ လောကကြီးက ကြောက်စရာကောင်းတယ်နော်။ ကောင်မလေးတို့ ….. ကိုယ်တွေ လှနေမှဖြစ်မယ်။

(Photo Credit)

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle