ဝယ်သုံးစရာမလိုဘဲ အိမ်မှာဖန်တီးပြီး အသုံးပြုလို့ရတဲ့ အလှကုန်တွေက ဘာတွေလဲ သိကြလား

ဝယ်သုံးစရာမလိုဘဲ အိမ်မှာဖန်တီးပြီး အသုံးပြုလို့ရတဲ့ အလှကုန်တွေက ဘာတွေလဲ သိကြလား

ပစ်မျိုးမဲ့မထင်အလှမျိုးပိုင်ဆိုင်ဖို့ဆိုတာ အမြဲတမ်းလိုလို Beauty Salon တွေသွားနေမှ ၊ ဈေးကြီတဲ့ အလှကုန်ပစ္စည်းတွေ ဝယ်သုံးနေနိုင်မှ ပိုင်ဆိုင်နိုင်တာမျိုးလို့ ထင်ရင်တော့ မှားနေပါပြီနော်။ ကုန်ကျစရိတ်နည်းနည်းနဲ့လည်း လှအောင် ဖန်တီးယူလို့ရပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ အလှကုန်ပစ္စည်းတွေကို ဝယ်သုံးတာမျိုး မဟုတ်ဘဲ ကိုယ်တိုင်အိမ်မှာ ဖန်တီးပြုလုပ်ပြီး အသုံးပြုတာမျိုးက ငွေကုန်ကြေးကျလည်း သိပ်မများတဲ့အပြင် ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သွားရင် တစ်နိုင်တစ်ပိုင်စီးပွားရေးတောင် ပြန်လုပ်ကာ အပိုဝင်ငွေရှောလို့ရပါသေးတယ်။ ဘယ်လိုအလှကုန်တွေကို အိမ်မှာ ဖန်တီးလုပ်လို့ရလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။

Highlighter
Highlighter တွေဆိုတာ မိန်းကလေးတွေအတွက်တော့ မရှိမဖြစ်ပစ္စည်းတစ်ခုလိုပါပဲ။ Highlighter ကိုသုံးချင်ပေမယ့် High- End Brand တွေကို ဝယ်သုံးပြီး ငွေမဖြုန်းချင်ဘူးဆိုရင် Lip Gloss ကို အစားထိုးပြီး သုံးလို့ရပါတယ်။ Lip Gloss ကောင်းကောင်း တစ်ချောင်းဟာ Highlighter လိုမျိုး ကောင်းကောင်းလုပ်ဆောင်ပေးနိုင်ပါတယ်။ Lip Gloss လေးကို ပါးမို့မှာ လိမ်းပေးလိုက်ရင် သဘာဝအတိုင်း Glow နေတဲ့ အသွင် ရရှိစေပါတယ်။ အဲဒီလိုမှ မသုံးချင်ရင်လည်း အုန်းဆီအနည်းငယ်နဲ့ Shimmer Pigment တွေကို ရောစပ်ပြီး ကိုယ်တိုင်လုပ် Highlighter ကို ဖန်တီးယူပြီး လိမ်းလို့ရပါတယ်။

Lip Scrub
ဘာအလှမှ သိပ်မပြင်တတ်တဲ့ အမျိုးသမီးတွေဟာ အနည်းဆုံးတော့ Lip Balm လောက်တော့ဆောင်ထားကြပါတယ်။ မဟုတ်ရင် နှုတ်ခမ်းက ခြောက်သွေ့ပြီး အဖတ်တွေလန်တာမျိုး ဖြစ်တတ်လို့ပါ။ အဲဒီလိုမျိုး ခြောက်သွေ့ကွဲအက်တာမျိုးဖြစ်ပြီး အကျည်းမတန်ချင်ဘူးဆိုရင်တော့ Petroleum Jelly ပါဝင်တဲ့ Vaseline ကို သကြားနဲ့ရောပြီး ရရှိလာတဲ့ အရောအနှောကို Lip Scrub အနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ အဲ့ဒီ အရောအနှောနဲ့ ပုံမှန်လေး Lip Scrub လုပ်ပေးရင် နူးညံ့ချောမွေ့တဲ့ နှုတ်ခမ်းသားလေးကို ရရှိပိုင်ဆိုင်မှာပါ။ အခုပြောပြတဲ့ နည်းလမ်းလေးကို သိထားတော့ Lip Scrub ကို သက်သက်ကြီး ငွေကုန်ခံပြီး ဝယ်သုံးစရာမလိုတော့ပါဘူး။ ငွေဆိုတာ ဘယ်လောက်ပဲ ချွေတာနိုင် ချွေတာနိုင် ကောင်းတာပဲ မဟုတ်လား။

BB Cream
BB Cream ဟာ မိန်းကလေးတွေရဲ့ နေ့စဉ်အလှအပရေးရာမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ အလှကုန်တစ်ခုဖြစ်ပါတယ်။ နွေရာသီလို ပူအိုက်တဲ့ရာသီဥတုကြီးမှာ မိတ်ကပ်အထူကြီးမလိမ်းချင်လို့ ပါးပါးလေးပဲ လိမ်းချင်ရင် Moisturiser အရည်ကို Powder Foundation နဲ့ ရောစပ်ပြီး ကိုယ်တိုင်လုပ် BB Cream အဖြစ် အိမ်မှာ ဖန်တီးယူကာ လိမ်းပေးလို့ရပါတယ်။ ပါးပါးလေး လိမ်းချင်တဲ့သူတွေနဲ့ BB Cream ကို ကြိုက်တဲ့သူတွေ ဒီအတိုင်းလေး လုပ်ပြီး လိမ်းကြည့်ပါနော်။

Brush Cleansers
Brush Set တွေကို ဈေးကြီးပေးဝယ်ထားရလို့ Brush Cleansers အတွက် ပိုက်ဆံထပ်မသုံးချင်ဘူးဆိုရင်တော့ ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်ကို Brush Cleanser အဖြစ်နဲ့ သုံးပေးလို့ ရပါတယ်။ ရေနွေးပူပူူထဲကို ခေါင်းလျှော်ရည် အနည်းငယ် ရောထည့်လိုက်ပါ။ အဲဒီလို ရောပြီး ရလာတဲ့အရောအနှောဟာ Brush တွေကို ဆေးဖို့ အကောင်းဆုံး သန့်စင်ဆးရည်ဖြစ်လို့ ကိုယ်ရဲ့ ညစ်ပတ်နေတဲ့ Brush တွေကို ဒီနည်းအတိုင်း ဆေးကြောကြည့်ပါ။

Brow Powder
သွားခါနီးလာခါနီး မျက်ခုံးမွှေးဆွဲတော့မယ်ဆိုကာမှ မျက်ခုံးမွှေးဆွဲခဲတံ ကုန်နေတာမျိုး၊ Brow Powder ကုန်နေတာမျိုး ဖြစ်ခဲ့ရင် ဘာမှစိတ်မညစ်ပါနဲ့။ ဒီအချိန်ဟာ ဝယ်ထားတဲ့ Eye Shadow Platte တွေကို ကောင်းကောင်းထုတ်အသုံးချရမယ့် အချိန်ပါ။ Eye Shadow Platte ထဲမှာပါတဲ့ Dark Brown အရောင်၊ မီးခိုရောင်နဲ့ ခဲရောင်တို့ကို မျက်ခုံးမွှေးဆွဲဖို့အတွက် အသုံးပြုလို့ ရပါတယ်။

ဒါလေးတွေဟာ ကိုယ်ကိုယ်တိုင်ဖန်တီးပြီး အသုံးပြုလို့ရတဲ့ အလှကုန်ပစ္စည်းတွေအကြောင်းကို ဖော်ပြပေးထားတာဖြစ်လို့ ကိုယ်တိုင်စမ်းလုပ်ပြီး သုံးကြည့်ကာ အတေ့အကြုံတွေကို ပြန်လည်မျှဝေပေးကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။

Photo Credit: Rodial , sheknows.com, Indian Beauty Diary

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle