အိမ်မှာ မဖြစ်မနေဝယ်ထားသင့်တဲ့ Board Game (၅) ခု

အိမ်မှာ မဖြစ်မနေဝယ်ထားသင့်တဲ့ Board Game (၅) ခု

Board Game တွေဆိုတာ မိသားစုကြား၊ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ အကောင်းဆုံးပေါင်းကူးပေးနိုင်တဲ့ တံတားတစ်ခုလို့ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ယောက်ထက်ပိုပြီး ကစားလို့ရတဲ့ Board Games တွေက စကားတွေလည်းပြော၊ ကစားလည်း ကစား၊ ဦးနှောက်လည်း သုံးရနဲ့ ပျော်စရာကောင်းလို့ပါ။ ဒီတော့ အိမ်တိုင်းမှာရှိထားသင့်တဲ့ Board Game တွေကို ပြောပြပေးလိုက်ပါတယ်။

Monopoly

မိုနိုပိုလီဟာကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး Family ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ သင်ရလွယ်တယ်။ လူတိုင်းအလွယ်တကူနားလည်သဘောပေါက်နိုင်တဲ့ ကစားနည်းတစ်ခုဖြစ်တာကြောင့် အချိန်တော်တော်ကြာတဲ့အထိ နာမည်ကျော်ကြားနေတာပါ။ ဘာပဲပြောပြော ကိုယ်တိုင်က ကစားရလွန်းလို့ ရိုးအီနေပြီဆိုရင်တောင် ကိုယ့်အိမ်သားတွေကတော့ ကိုယ့်လိုဟုတ်ချင်မှ ဟုတ်မှာပါနော်။ ပြီးတော့ မြန်မာဗားရှင်းမိုနိုပိုလီတွေကို ဈေးပေါပေါနဲ့ အလွယ်တကူဝယ်လို့ရနိုင်တာမို့ အိမ်အတွက်ဝယ်ထားပြီး စိတ်ကူးပေါက်ရင် ဆော့ကြပေါ့။

Codenames

ကိုယ့်အကြိုက်ဆုံး ဂိမ်းပါ။ Codenames က လွယ်တဲ့အထဲပါပါတယ်။ ဂိမ်းကို ၂ ဖွဲ့ခွဲပြီး ကစားရပါမယ်။ တစ်ဖွဲ့က အနီ၊ နောက်တစ်ဖွဲ့က အပြာ။ တစ်ဖွဲ့စီမှာ Hint ပေးရမယ့်သူတစ်ယောက် သတ်မှတ်ထားရတယ်။ သူ့မှာ ကဒ်တွေပါလာပြီးသားပါ။ အဲ့ဒီကဒ်တွေကို တစ်တန်းမှာ ၅ ကဒ်နဲ့ ၅ တန်းစီရမှာပါ။ အပြာသမားတွေရဲ့ ကဒ်နဲ့ အနီအဖွဲ့ရဲ့ ကဒ်တွေကို ခွဲခြားပေးထားတဲ့ ကဒ်ပြားတွေလည်း သူ့မှာ ပါလာပြီးသားပါ။ Hint ပေးရင်လည်း One Word ပဲ ပြောရမှာပါ။ ဥပမာ – အင်္ဂလိပ်လို Hint ပေးဖို့ အားလုံးသဘောတူထားကြရင် One Word အနေဲ့ “Supernatural” ပေါ့ မြန်မာလို Hint ပေးမယ်လို့ သဘောတူထားရင် နာနာဘာဝပေါ့။ အဲ့လိုမျိုး။ ဒီထက်တော့ မပြောချင်တော့ဘူးနော်။ ဆော့ကြည့်လိုက်ကြပါ။

Jenga

ခပ်ငယ်ငယ်ကလေးကအစ အလွယ်ကစားလို့ရတဲ့ ဂိမ်းဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ Jenga က စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ လက်တောက်တဲ့ Skill ကြမ်းတဲ့သူတွေကို Jenga ကစားသူတွေမှာ တွေ့နိုင်ပါတယ်။ သစ်သားတုံး၊ ဒါမှမဟုတ် ခပ်လေးလေးရှိတဲ့ ရောင်စုံတုံးတွေက Jenga ရဲ့ ဇာတ်လိုက်ကြီးတွေပါ။ သစ်သားတုံးနဲ့ဆို ကစားရတာပိုလွယ်တယ်လို့မြင်မိတယ်။ ရောင်စုံတုံးတွေက အလေးချိန်ခပ်စီးစီးရှိတော့ လက်တောက်ပြီးထုတ်ဖို့က အဆင်မပြေလှပါဘူး။ ဘယ်သူ့အလှည့်မှာ အတုံးတွေပြိုကျသွားမလဲဆိုတာ ကြည့်ရတာ ရင်တထိတ်ထိတ်ပါ။ ဒီအတွက် စိတ်တည်ငြိမ်ဖို့လည်း လိုပါတယ်။ ပြောရင်းနဲ့တောင် Jenga ကစားချင်လာပါပြီနော်။

Scrabble

Vocabulary ကျွမ်းတဲ့သူကတော့ ဒီဂိမ်းမှာ တပန်းသာတာပဲ။ ဘာပဲဖြစ်ဖြစ်ပါလေ စာနဲ့ တရင်းတနှီးရှိနေတာ ကောင်းတဲ့အချက်မဟုတ်လား။ Vocab မကျွမ်းလည်း ကစားနေရင်း ပေါ်လာပါလိမ့်မယ်။ အင်္ဂလိပ်စာဆိုတာ ကိုယ်တွေမူကြိုကျောင်းတက်ကတည်းက ထိတွေ့လာတဲ့အရာဆိုတော့ အရမ်းကြီးလည်း ခက်တဲ့ ဂိမ်းဖြစ်နေမှာ မဟုတ်ပါဘူး။ ကလေးတွေကို အင်္ဂလိပ်စာလေ့ကျင့်ပေးရင်း ဂိမ်းလည်းဆော့လို့ရတာပေါ့။

Secret Hitler

Board Game တွေရဲ့ အကြိုက်ဆုံးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

စစချင်းလုပ်ရမှာက ကဒ်တွေ ရွေးရမယ်။ အဲ့ဒီကဒ်မှာ သင်ဟာ Hiter လား၊ Fascist လား၊ Liberal လား ဆိုတာ သိရမယ်။ ပြီးရင် President နဲ့ Chancellor ပါ ရှိမယ်။ President က သူ့ကြိုက်တဲ့ Chancellor ခန့်အပ်နိုင်မယ်။ Fascist နဲ့ Liberal ကြားက အားပြိုင်မှုတွေရှိမယ်။ သမိုင်းထဲကအကြောင်းအရာတချို့ကို ဂိမ်းအနေနဲ့ ကစားရတာ တော်တော်လေးမိုက်ပါတယ်။ Secret Hitler က Level နည်းနည်းမြင့်တဲ့အထဲ ပါပါတယ်။ အနည်းဆုံး ၁၃ နှစ်ကျော် ၁၅ နှစ်အရွယ်တွေလောက်မှ ကစားရတာအဆင်ပြေမှာပါ။

Photo Credit

NSC (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle