ချစ်ရတဲ့သူတွေနဲ့ ဘဝကို ဘယ်လိုရှင်သန်ကြမလဲ

ချစ်ရတဲ့သူတွေနဲ့ ဘဝကို ဘယ်လိုရှင်သန်ကြမလဲ

လက်ရှိ မင်းရဲ့အသက် (၂၀) ဆိုရင် နောက်လာမယ့် နှစ်ပေါင်း (၃၀) အကြောင်းကို ကြိုပြီး စဉ်းစားမိတာမျိုး ဖြစ်ဖူးလား။

လာမယ့် နှစ် (၃၀) အတွင်း ဘာတွေများ ပြောင်းလဲသွားမှာလဲဆိုတာမျိုးပေါ့။ ကျွန်မကတော့ စဉ်းစားမိတယ်။ နောက်လာမယ့် နှစ်ပေါင်း (၃၀)။ လက်ရှိ ကျွန်မ အသက် (၂၅)နှစ်ကို နှစ် (၃၀) ထပ်ပေါင်းရင် (၅၅) နှစ်။ ကျွန်မ မိဘတွေရှိနေတော့မှာ မဟုတ်ဘူး။ နောက်ပြီး ကျွန်မရဲ့ အဘိုးအဘွားနဲ့ ခွေးလေးတွေ သူတို့လည်း ရှိနေတော့မှာ မဟုတ်ဘူး။ ဒီနေ့ အော်သံရယ်သံတွေနဲ့ ဆူညံနေတဲ့အိမ်လေးလည်း အရင်တုန်းကလို စိုပြည်နေတော့မှာ မဟုတ်ဘူး။

ဒီလောက်အဝေးကြီးကို မစဉ်းစားဘူးဆိုရင်တောင်မှ ဟိုတစ်လောက တောင်ငူ၊ ကေတုမတီလူသတ်မှုကို စဉ်းစားကြည့်ပါ။ အဲဒီ့မနက်အိပ်ရာကနိုးတဲ့အချိန်မှာ သမီးကြီးလေးဟာ သူ့အဖေနဲ့အမေ ဒီနေ့ပြန်မလာနိုင်တော့ဘူးဆိုတာကို ဘယ်လိုမှ တွေးမိမှာ မဟုတ်ပါဘူး။ သမီးအငယ်လေးဟာဆိုရင်လည်း ဒီအတိုင်း မိဘနှစ်ပါးတောင်းစရာရှိတာ သွားတောင်းပြီးရင် သူနဲ့အတူတူ အိမ်ပြန်ကြလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ပဲ လိုက်သွားခဲ့မှာပါ။

ကျွန်မ တွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မ အိမ်ပြန်နောက်ကျတိုင်း ဖုန်းတဂွမ်ဂွမ်ဆက်နေတဲ့ အဖေသာ မရှိတော့ရင်၊ ပြောပြောဆိုဆိုနဲ့ပဲ အဝတ်တွေလျှော်ပေး၊ ထမင်းဟင်းတွေချက်ပေးနေတဲ့ အမေသာ မရှိတော့ရင်၊ တကယ်လို့မှ ရုံးသွားရုံးပြန်တိုင်း အမြီးတနှံ့နှံ့နဲ့ လိုက်ပို့လိုက်ကြိုနေကျ ခွေးသားလေး (၂) ကောင် မရှိတော့ရင်၊ အရာရာကို ဝေမျှခံစားပေးတဲ့ ကျွန်မ ခင်ပွန်းသည်သာ မရှိတော့ရင်၊ နောက်ပြီး စနောက်ငြင်းခုန်နေကျ သူငယ်ချင်းတွေသာ မရှိတော့ရင် ကျွန်မရဲ့ ဘဝဟာ တကယ်တကယ့်ကို ခြောက်ကပ်သွားမှာပဲ။ နောက်ပြီး အဲဒီအနာဂတ်က အချိန်တစ်ခုမှာ အခုလက်ရှိ ပျော်ရွှင်ဆူညံနေတဲ့ အချိန်လေးတွေကို ပြန်စဉ်းစားမိပြန်ရင်လည်း အရမ်းပူလောင်ရမယ် ထင်ပါတယ်။ တစ်ရက်ပြီးတစ်ရက် ရောက်လာတဲ့မနက်ဖြန်တွေဟာ ဆုံးရှုံးမှုတွေ၊ နာကျင်မှုတွေနဲ့ တစ်ဖြည်းဖြည်းနီးကပ်လာတာအပြင် တခြားအပိုမရှိတော့ဘူး ထင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကျွန်မသာ အရင် လောကထဲက ရုတ်တရက် ထွက်သွားရတယ်ဆိုရင်ရော ??

တကယ်တော့ တစ်ယောက်တည်း ကျန်ခဲ့မှာနဲ့ တစ်ယောက်တည်း ထွက်သွားမှာ ကျွန်မတို့မှာ ရွေးချယ်စရာလမ်းက (၂) ခုပဲ ရှိတာပါ။

ချစ်သူနဲ့ ရန်မဖြစ်ခင် နောင်လာမယ့် နှစ်ပေါင်း (၃၀) ကို မြင်ယောင်ကြည့်ပါ။ မိဘတွေကို ဝမ်းနည်းအောင် လုပ်မိတော့မယ်ဆိုရင် နောင်လာမယ့် နှစ်ပေါင်း (၃၀) ကို မြင်ယောင်ကြည့်ပါ။ အိမ်က ခွေးလေးကို ဆိုးလို့ ရိုက်လိုက်တော့မယ်ဆိုရင် နောင်လာမယ့် နှစ်ပေါင်း (၃၀) ကို မြင်ယောင်ကြည့်ပါ။ သူငယ်ချင်းတွေကို စိတ်ကောက်ခါနီးရင် နောင်လာမယ့် အနှစ် ၃၀ ကို မြင်ယောင်ကြည့်ပါ။

ကျွန်မတို့ဟာ တစ်နေ့အိပ်ပြီး နောက်တစ်နေ့ရောက်လာတိုင်းမှာ ကျွန်မတို့ ချစ်ရတဲ့၊ တန်ဖိုးထားရတဲ့သူတွေကို ဆုံးရှုံးဖို့ တစ်ရက်ပိုနီးလာတာအပြင် တခြားဘာမှအပိုမရှိပါဘူး။ ကျွန်မတို့ ရှာဖွေထားတဲ့ စီးပွားတွေ ပုံပေးပြီး ပြန်လဲလှယ်လို့မရတဲ့ အသက်တွေ၊ သက်တမ်းတွေကို ကျွန်မတို့ ဘယ်လိုတန်ဖိုးရှိအောင် အသုံးချကြရင်ကောင်းမလဲ စဉ်းစားကြည့်တယ်။

သေချာတွေးကြည့်ရင် ကျွန်မ တွက်မိတဲ့ နောင်နှစ်ပေါင်း (၃၀) ဆိုတာ အရမ်းဝေးလွန်းပါသေးတယ်။ ခွဲခွာခြင်းက မနက်ဖြန်လည်းဖြစ်နိုင်ပါတယ်။ ဒီညလည်း ဖြစ်နိုင်ပါတယ်။ အချိန်မရွေးဖြစ်နေနိုင်ပါတယ်။

ချစ်သူ ဒါမှမဟုတ် မိသားစုနဲ့ စိတ်ဆိုးရန်ဖြစ်တိုင်း တွေးမိတာ အကယ်လို့ အခုလို စိတ်ဆိုးပြီး အိပ်နေတုန်း ရုတ်တရက် သူတို့တွေသာ လောကကြီးထဲက အကြောင်းပြချက်တွေမျိုးစုံနဲ့ ချက်ချင်းထွက်ခွာသွားလိုက်မယ်ဆိုရင် မခေါ်မပြောရန်ဖြစ်ပြီး ခွဲခွာရတော့မှာ။ အဲဒီ့စိတ်နဲ့ပဲ တသက်လုံး သေလုမျောပါး ခံစားရတော့မှာ ဆိုပြီးတော့ပေါ့။

အသက်ရှင်သန်ရတဲ့ အချိန်ဆိုတာ နည်းနည်းလေးပါ။ ကျွန်မ လာမယ့် နှစ်ပေါင်း (၃၀) အကြောင်း တွေးမိရုံနဲ့တောင် ရင်ထဲမနေနိုင်အောင် ကြေကွဲခံစားရပါတယ်။ အားလုံးကိုလည်း ခြောက်လှန့်လိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် တွေးကြည့်ကြပါ။ နောက်လာမယ့် အနည်းဆုံး နှစ်ပေါင်း (၃၀) ကိုပေါ့။ အဲဒီ့အချိန်က တစ်ယောက်တည်း ကျန်ခဲ့ရမယ့် အချိန်တွေ၊ မိသားစု ဆည်းလည်းလေး တိတ်ဆိတ်သွားမယ့် အချိန်တွေ။

မင်းမှာလည်း နောင်လာမယ့် မျိုးဆက်တွေရှိလာမယ်ဆိုတာတော့ ဟုတ်ပေမယ့် ဒါတွေလည်း တဒင်္ဂတွေပါပဲ။  အသက်အရွယ်တစ်ခုမှာ သူတို့မိသားစုဘဝကို သူတို့ တည်ဆောက်သွားကြမှာချည်းပါပဲ။ တစ်ခုခုကြောင့် ကိုယ်ချစ်ရတဲ့သူတွေကို စိတ်ဆိုးဒေါသဖြစ်တော့မယ်ဆိုရင် နောင်လာမယ့် နှစ်ပေါင်း (၃၀) ကို ကြိုစဉ်းစားရင်း “မနက်ဖြန်ဆိုတာ မရှိတော့ဘူးဆိုတဲ့စိတ်နဲ့ ဒီနေ့ကို ရှင်သန်ပါ” လို့ အားလုံးကို တိုက်တွန်းလိုက်ပါရစေ။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle