ဖျော်ဖြေရေးနယ်ပယ်ကို လက်ပြနှုတ်ဆက်သွားတဲ့ BIGBANG အဖွဲ့ဝင် Seungri

ဖျော်ဖြေရေးနယ်ပယ်ကို လက်ပြနှုတ်ဆက်သွားတဲ့ BIGBANG အဖွဲ့ဝင် Seungri

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ Burning Sun Club ကိစ္စအပါအဝင် လတ်တလောပွဲဆူနေတဲ့ သတင်းတွေကြားမှာ BIGBANG အဖွဲ့ဝင် Seungri ကတော့ ဖျော်ဖြေရေးနယ်ပယ်ကနေ အနားယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ Seungri ဟာ သူ့ရဲ့ Personal Instagram Account ကနေ စာတစ်ပိုဒ်တင်လိုက်ပြီး ဒီစာထဲမှာ သူ့ကို ဆယ်နှစ်တိုင် အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ဖျော်ဖြေရေးနယ်ပယ်ကနေ အနားယူလိုက်ပြီလို့ ပါရှိခဲ့ပါတယ်။

View this post on Instagram

승리입니다 제가 이시점에서 연예계를 은퇴를하는것이 좋을거같습니다. 사회적 물의를 일으킨 사안이 너무나 커 연예계 은퇴를 결심했습니다 수사중인 사안에 있어서는 성실하게 조사를 받아 쌓인 모든 의혹을 밝히도록 하겠습니다. 지난 한달반동안 국민들로부터 질타받고 미움받고 지금 국내 모든 수사기관들이 저를 조사하고 있는 상황에서 국민역적 으로까지 몰리는 상황인데 저 하나 살자고 주변 모두에게 피해주는일은 도저히 제스스로가 용납이 안됩니다 지난 10여 년간 많은 사랑을 베풀어준 국내외 많은 팬분들께 모든 진심을 다해 감사드리며 와이지와 빅뱅 명예를 위해서라도 저는 여기까지인거같습니다 다시한번 죄송하고 또 죄송합니다 그동안 모든분들께 감사했습니다

A post shared by @ seungriseyo on

သူ့ရဲ့ စာအရ “ဒီအချိန်မှာ ဖျော်ဖြေရေးနယ်ပယ်ကနေ အနားယူလိုက်တာက ကျွန်တော့်အတွက် ကောင်းပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြီးမားတဲ့ အငြင်းပွားမှုတွေက မြင့်တက်နေလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်ကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေကြသလို ကျွန်တော်လည်း ရိုးရိုးသားသားပဲ အစစ်ဆေးခံမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကျွန်တော်ဟာ လူတွေဆီက ဝေဖန်တိုက်ခိုက်မှုတွေနဲ့ အမုန်းတရားတွေ ရရှိခဲ့သလို တိုင်းပြည်မှာရှိတဲ့ စုံစမ်းစစ်ဆေးရေး အေဂျင်စီမှန်သမျှက ကျွန်တော့်ကို လိုက်စုံစမ်းထောက်လှမ်းနေသလို ခံစားရပါတယ်။ ကျွန်တော့်ဘေးမှာ ရှိတဲ့သူတွေ ကျွန်တော့်အတွက်နဲ့ နာကျင်ရမှာကို လက်မခံနိုင်ပါဘူး။

ကျွန်တော့်ကို ပြီးခဲ့တဲ့ ၁၀ နှစ်လုံး ကိုရီးယားနိုင်ငံအတွင်းကရော၊ နိုင်ငံပြင်ပကပါ ချစ်ပေး၊ အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ Big Bang နဲ့ YG အတွက် ကျွန်တော့်ရဲ့ Career ကို ဒီမှာပဲ ရပ်တန့်လိုက်ပါပြီ။” လို့ ရေးသားခဲ့ပါတယ်။

Seungri အနေနဲ့ Executive Director အဖြစ်ပက်သက်နေတယ်လို့ ဆိုတဲ့ Burning Sun Club မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က Club လာတဲ့သူတစ်ယောက်ကို CEO နဲ့ ကလပ်ဝန်ထမ်းတွေက ဝိုင်းဝန်းထိုးကြိတ်လိုက်တယ်ဆိုတဲ့ အမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စဖြစ်တဲ့အချိန်မှာ Seungri အနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့အတွက် ပရိသတ်တွေက စိတ်ဆိုးခဲ့ကြပြီး Burning Sun Club ဟာလည်း နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု၊ Hidden Camera တွေ ထားရှိမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စုံစမ်းစစ်ဆေးခံနေရတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စအတွက် ဖေဖော်ဝါရီလက Seungri အနေနဲ့ တောင်းပန်ခဲ့ပေမယ့် ပရိသတ်တွေကြားထဲ ဆက်လက်အငြင်းပွားတိုက်ခိုက်မှုတွေ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

Big Bang အဖွဲ့ဟာ YG Entertainment ကနေ ၂၀၀၆ ခုနှစ်လောက်တည်းက ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပြီး G-Dragon ၊ T.O.P ၊ Taeyang ၊ Daesung နဲ့ Seungri တို့ ပါဝင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကိုရီးယားရဲ့ အအောင်မြင်ဆုံးအဖွဲ့တွေထဲက တစ်ခု ဖြစ်ပြီး Kings of K-pop လို့တောင် Media တွေက တင်စားခေါ်ဆိုခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာတော့ T.O.P ၊  G-Dragon ၊ Taeyang ၊ Daesung တို့ အသီးသီးစစ်မှုထမ်းနေကြပြီး Seungri ဟာလည်း သိပ်မကြာခင် စစ်မှုထမ်းရတော့မှာ ဖြစ်ပါတယ်။

အခုလို Seungri တစ်ယောက် လမ်းတစ်ဝက်မှာပဲ နှုတ်ဆက်လက်ပြသွားတဲ့အတွက် BIGBANG အဖွဲ့ရှေ့ကို ဘယ်လိုပုံစံနဲ့ ဆက်လျှောက်လှမ်းကြမလဲဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Source : soompi.com, koreaboo.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ