Billie Eilish ပရိသတ်တိုင်း ကြိုက်တဲ့ Billie ရဲ့ လက်ရာမြောက်သီချင်းများ

Billie Eilish ပရိသတ်တိုင်း ကြိုက်တဲ့ Billie ရဲ့ လက်ရာမြောက်သီချင်းများ

Billie Eilish လို့ပြောလိုက်တာနဲ့ သီချင်းအေးအေးလေးတွေနဲ့ ရင်ထဲကိုထိအောင်လုပ်နိုင်တဲ့စာသားတွေကိုရေးစပ်နိုင်တဲ့ အဆိုကျော်မလေးကို ပြေးမြင်မိမှာပါ။ အသက် ၁၄ ၊ ၁၅ အရွယ်နဲ့ ကမ္ဘာတဝှမ်းက ပရိသတ်တွေရလာတဲ့အထိ အောင်မြင်ခဲ့တဲ့ Billie Eilish က သူမတူတဲ့ဝတ်ပုံစားပုံနဲ့ ဂီတဖန်တီးမှုတွေကြောင့် နာမည်ကြီးပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့လူငယ်တွေရဲ့ ခံစားချက်တွေကို ပေါ်လွင်အောင်ဖော်ပြပေးနိုင်တဲ့သူ့ရဲ့သီချင်းတွေကြောင့် Billie Eilish ကိုချစ်ခင်ကြတာပေါ့။

Billie Eilish ရဲ့သီချင်းတိုင်းကိုတော့ သဘောကျပါတယ်။ သူ့ရဲ့အကောင်းဆုံးသီချင်းတွေကိုရွေးပြီးပြောရမယ်ဆိုရင် များလွန်းလို့ဆောင်းပါးတောင် ဆံ့မယ်မထင်ပါဘူး။ ဒါပေမယ့် Billie ရဲ့ Hardcore Fan တိုင်းကြိုက်တဲ့ သီချင်းတွေကတော့

Bellyache
ဒီသီချင်းကတော့ Billie ဖန်တီးခဲ့သမ ျှထဲ အမှောင်မိုက်ဆုံး သီချင်းဖြစ်မယ်ထင်ပါတယ်။ ငယ်ငယ်ကသူငယ်ချင်းတွေရဲ့အရုပ်ကိုခိုးတာကို စိတ်မလုံဘဲ အပြစ်ရှိသလိုခံစားရတယ်။ ပြီးတော့ ဆယ်ကျော်သက်ကွင်းဆက်လူသတ်သမားရဲ့စိတ်ဓာတ်မျိုးဖြစ်လာတယ် ဆိုတာကို ဖော်ပြထားတဲ့သီချင်းလေးပဲဖြစ်တယ်။ နားလည်ရခက်တဲ့သီချင်းလို့ပြောလို့လည်းရပါတယ်။ Spotify မှာသူ့ရဲ့ဒုတိယအပေါက်ဆုံးဒီသီချင်းလေးကို သူ့ပရိသတ်တိုင်းကြိုက်ကြပါတယ်။ ပိုကြိုက်တဲ့အချက်က သီချင်းဗီဒီယိုနဲ့ဆိုနေတဲ့စာသားတွေနဲ့ ခံစားချက်ပေးတာတွေကတခြားစီဖြစ်နေတာ။ Dark ဖြစ်တဲ့သီချင်းကိုအရောင်လင်းလင်းတွေနဲ့ရိုက်ထားတာ။ ကြိုက်လိုက်တာကွာ။

Lovely feat. Khalid
ဒီသီချင်းလေးက Khalid နဲ့တွဲပြီးဆိုထားတဲ့သီချင်းလေးပါ။ စိတ်ပူဆွေးမှုကို စန္ဒယားသံစဉ်လေးရယ် ၊ string နဲ့ percussion လေးရယ်တွဲပြီးညိမ့်ညိမ့်လေးဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ဟာကိုယ့်ရဲ့အဆိုးရွားဆုံးရန်သူပြန်ဖြစ်နေတတ်တယ်။ အထီးကျန်နေတဲ့ ခံစားချက်ကအရမ်းကိုကြောက်ဖို့ကောင်းပါတယ်။ Billie ရဲ့ Lovely က သူ့ရဲ့အကောင်းဆုံးသီချင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

Ocean Eyes
Ocean Eyes က Billie Eilish ပထမဆုံးအသံသွင်းခဲ့တဲ့သီချင်းလေးပဲဖြစ်ပါတယ်။ အစပိုင်းကတော့သူ့အစ်ကိုကသူ့ကိုယ်ပိုင်တီးဝိုင်းအတွက် အသံစသွင်းခဲ့တာဖြစ်ပေမယ့် နောက်ပိုင်း Billie ရဲ့အကဆရာမက သီချင်းနဲ့တွဲကဖို့ ကိုယ်ပိုင်သံစဉ်ကိုဖန်တီးဖို့ စိန်ခေါ်တော့မှ အစ်ကိုနဲ့အတူတူသီချင်းကို အပြီးသတ်ခဲ့တယ်။ သူတို့က Ocean Eyes ကို Sound Cloud မှာအရင်တင်ခဲ့ပြီး ညတွင်းချင်းပေါက်သွားခဲ့တာဖြစ်ပါတယ်။ ပြောရရင် Billie ကို Ocean Eyes နဲ့အရင်စသိတာပေါ့။

When the Party’s Over
ဒီသီချင်းလေးက လက်ရှိအချစ်ရေးကိုစိတ်ကုန်နေပြီဖြစ်တဲ့ Billie က သူ့ကောင်လေးနဲ့လမ်းခွဲပြီးပေမယ့် ကောင်လေးကမပြတ်ချင်သေးလို့ လိုက်နေသေးတာကြောင့် သူ့ကိုအေးဆေးသွားခွင့်ပေးဖို့ ပြောနေတဲ့သီချင်းလေးလို့ ပြောကြပါတယ်။ Billie ကတော့ ဒီသီချင်းက သူ့ရဲ့တခြားသီချင်းတစ်ပုဒ်ဖြစ်တဲ့ Party Favour ရဲ့နောက်ဆက်တွဲသီချင်းလို့လည်း ပြောခဲ့ပါသေးတယ်။

idunwannabeyouanymore
ဒီသီချင်းလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မရှိတဲ့ Billie က သူ့ရဲ့အဲဒီစိတ်နဲ့အသုံးမကျတဲ့ အရည်အချင်းတွေကို အားမရလို့ လူဖြစ်ရရင်တောင် သူမဟုတ်တဲ့ တခြားသူတစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးက လူငယ်တော်တော်များများရဲ့ခံစားချက်နဲ့တိုက်ဆိုင်မှုလေးတွေလည်း ရှိပါတယ်။

ကဲ…ဘယ်လိုလည်း ဒီသီချင်းတွေကိုအားလုံးနီးပါးကြိုက်ကြတယ်မလား။ တခြားရောဘယ်သီချင်းတွေကြိုက်သေးလဲ ပြောပြလို့ရတယ်နော်။

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle