Facebook အလုပ်ခန့်ဖို့ငြင်းပယ်ခဲ့ပေမယ့် သန်းကြွယ်သူဌေးဖြစ်လာတဲ့ စွန့်ဦးတီထွင်သူ

Facebook အလုပ်ခန့်ဖို့ငြင်းပယ်ခဲ့ပေမယ့် သန်းကြွယ်သူဌေးဖြစ်လာတဲ့ စွန့်ဦးတီထွင်သူ

နာမည်ကြီး Whatsapp Application ကို တီထွင်ခဲ့တဲ့ Jan Koum ဆိုတာ တစ်ချိန်က Facebook ကနေ အလုပ်ခန့်ဖို့ ငြင်းဆိုတာကိုခံခဲ့ရတဲ့သူပါ။ အောင်မြင်သူတို့ရဲ့ ထုံးစံအတိုင်း Jan ရဲ့ ဘဝကကြမ်းတမ်းခဲ့ပါတယ်။ သူ ၁၆ နှစ်မှာ အမေရိကားကို သူရယ် ၊ သူ့အမေရယ် ၊ သူ့အဖွားရယ် ဥရောပကနေပြီး ပြောင်းလာခဲ့ကြပါတယ်။ သူတို့တွေက နိုင်ငံရေးနဲ့ဘာသာရေးအရှုပ်အထွေးတွေကနေ ထွက်ပြေးလာခဲ့ရတာပေါ့။ Jan ရဲ့ အမေက ကယ်လီဖိုးနီးယားမှာ ကလေးထိန်းအလုပ်ကိုလုပ်ခဲ့ပြီး Jan ကတော့ ကျောင်းတက်ရင်းနဲ့ကုန်စုံဆိုင်မှာ ကြမ်းတွေတိုက်ခဲ့ရတယ်။

Jan ရဲ့အဖေကလည်း သူ့အမေနဲ့သူတို့အတည်တကျဖြစ်တာနဲ့ အမေရိကားကိုလိုက်ခဲ့မလို့ ပြင်ဆင်ထားခဲ့ပေမယ့် ကြားကာလမှာနေမကောင်းဖြစ်ပြီးတော့ သေဆုံးသွားခဲ့တယ်။ မိသားစုနဲ့ပြန်လည်ဆုံစည်းခွင့်မရခဲ့ဘူးပေါ့။ နောက်ကျတော့ Jan ရဲ့ အမေကလည်း ကင်ဆာရောဂါဖြစ်လို့ အဖေသေပြီးသုံးနှစ်အကြာမှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ရတယ်။

ခက်ခဲမှုတွေကြားကနေ သန်းကြွယ်သူဌေးဘဝသို့
Jan က အဲဒီလိုအခက်အခဲတွေနဲ့ရှင်သန်နေရတဲ့ကလေးဆိုပေမယ့် ကျောင်းမှာလည်းဆိုးတဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့တယ်။ သူကကျောင်းတက်ရတာကို သဘောမကျဘူး။ သူငယ်ချင်းတွေနဲ့လည်းအဆင်မပြေဖြစ်တာများတယ်။ သူအထက်ကျောင်းကနေ ဘွဲ့ရဖို့တောင်အနိုင်နိုင်လုပ်ခဲ့ရတယ်။ ဒါပေမယ့် အမေရိကားမှာနေတဲ့ကာလအတွင်း ဆယ်ကျော်သက်အရွယ်မှာ Jan က ကိုယ့်ဟာကိုယ် သင်ယူခဲ့တယ်။ သူကွန်ပြူတာတွေနဲ့ Network တွေကို စိတ်ဝင်စားလာတယ်။ ဒါကြောင့် ဒီအကြောင်းတွေနဲ့ပတ်သက်တဲ့စာအုပ်တွေကို Second-hand စာအုပ်ဆိုင်တွေကနေ ဝယ်ပြီးတော့ဖတ်တယ်။ သူဖတ်လို့ပြီးပြီဆိုရင် ပိုက်ဆံပြန်ရအောင်လို့ အဲဒီဆိုင်မှာပဲ စာအုပ်ကိုပြန်သွင်းခဲ့တယ်။

သူ့ဟာသူ Network Engineering ကိုလေ့လာရင်းနဲ့ နောက်ဆုံးတော့ San Jose University မှာ Computer Science နဲ့ Mathematics သင်ယူခွင့် လေ ျှာက်ထားနိုင်ခဲ့တယ်။ အဲဒီလိုသင်ကြားရင်း တပြိုင်နက်တည်းမှာပဲ Online Network အဖွဲ့တွေ ၊ Hacker အဖွဲ့တွေနဲ့လည်း ပါဝင်လှုပ်ရှားခဲ့တယ်။ ဒါပေမယ့် အထက်တန်းတုန်းကလိုပဲ Jan က တက္ကသိုလ်တက်ရတာကို မုန်းနေခဲ့တယ်။ ကျွန်တော်ကျောင်းတွေကိုမုန်းတယ်လို့တောင် Forbes ကို ပြောပြခဲ့ဖူးပါတယ်။

တက္ကသိုလ်တက်နေတဲ့အတောအတွင်းမှာ Jan က Ernst & Young လို့ခေါ်တဲ့ Accounting Firm တစ်ခုမှာ အချိန်ပိုင်းဝင်လုပ်ခဲ့တယ်။ အဲဒီမှာ Computer Security Audits တွေနဲ့ ပတ်သက်ပြီးတော့လုပ်ခဲ့ရတာပေါ့။ ဖြစ်ချင်တော့ Ernst & Young ရဲ့ ဖောက်သည်ထဲကတစ်ခုက Yahoo ဖြစ်နေတယ်။ ဒါနဲ့ Jan က Yahoo ကနေ အလုပ်ကမ်းလှမ်းတာကို ခံခဲ့ရတာပေါ့။ တက္ကသိုလ်တက်နေတုန်းပဲရှိသေးပေမယ့် အလုပ်လာလုပ်ဖို့ခေါ်တာကို Jan က နှစ်ခါပြန်မတွေးဘဲ တစ်ခါတည်းကျောင်းထွက်ပြီး Yahoo မှာ အချိန်ပြည့်အလုပ်လုပ်ခဲ့တယ်။

အသက်တွေလည်းကြီးလာတော့ Yahoo မှာ အလုပ်လုပ်ရတာ ပျင်းလာခဲ့တယ်ထင်ပါတယ်။ အသက် ၃၁ နှစ်မှာ အလုပ်ကနေထွက်ပြီး Yahoo က အလုပ်အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းနဲ့ ကမ္ဘာပတ်ပြီးခရီးတွေထွက်ခဲ့ကြတယ်။ နောက်ပိုင်းကျတော့ သူတို့နှစ်ယောက်လုံး Facebook မှာ အလုပ်သွားလေ ျှာက်ကြတာပေါ့။ Facebook က အနာဂတ်စွန့်ဦးတီထွင်သူကို ကြိုမမြင်လို့ထင်ပါတယ်။ Jan တို့သူငယ်ချင်းနှစ်ယောက်လုံးရဲ့အလုပ်လေ ျှာက်လွှာတွေကို ပယ်ချပြီးအလုပ်မခန့်ခဲ့ဘူး။ (Their(Facebook) lost!) ဒီလိုနဲ့ Facebook ကနေငြင်းတာခံလိုက်ရပြီး ၂ နှစ်အကြာမှာ Jan က iPhone တစ်လုံးဝယ်ခဲ့တယ်။ သူက App Store လောကရဲ့ ဖြစ်နိုင်ခြေတွေကို ကြိုမြင်ပြီးတော့ ပြောဆိုဆက်ဆံရေးကိုထုတ်လွှင့်ပေးနိုင်မယ့် App တစ်ခုတီထွင်ဖို့ Code တွေစပြီးရေးခဲ့တယ်။ အစကတော့ ဒီ App ကိုဖြစ်အောင်မလုပ်နိုင်တာကြောင့် သူ့အရည်အချင်းကိုအားမလိုအားမရဖြစ်ပြီး လက်လေ ျှာ့ဖို့အထိလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် စွန့်ဦးတီထွင်သူရဲ့ဗီဇပါနေလို့ထင်တယ်။ Jan က အားမလေ ျှာ့ပဲ ထွင်လာလိုက်တာ ၂ဝဝ၉ လည်းရောက်ရော Whatsapp ဆိုတဲ့ Messaging Platform ကိုတည်ထောင်နိုင်ခဲ့တယ်။ ၂ဝဝ၄ ရောက်တဲ့အချိန်မှာ Whatsapp ကိုသုံးတဲ့လူဦးရေက တစ်ကမ္ဘာလုံးမှာ အယောက် သန်း ၄ဝဝ တောင်ရှိခဲ့တယ်။ နောက်တော့ သူနဲ့ Whatsapp ကို အတူတည်ထောင်ခဲ့တဲ့ သူငယ်ချင်း Brain Acton (Yahoo က သူငယ်ချင်း) တို့က ဒီ App ကို ဒေါ်လာ ၁၉ ဘီလီယံနဲ့ Facebook ကိုပြန်ရောင်းနိုင်ခဲ့ပါတယ်။

တကယ်လို့သာ ၃၁ နှစ်အရွယ် Jan ကို အလုပ်လက်ခံခဲ့မယ်ဆိုရင် Jan ရဲ့ Whatsapp ကို တီထွင်ဖို့အတွေးကို Facebook က အလိုလို ပိုင်ဆိုင်ခဲ့ရမှာပါ။ အခုတော့ ထွန်းထွန်းထောက်မယ့်ကြယ်တစ်စင်းကို အမြင်ဝါးပြီးလျစ်လျူရှုခဲ့လို့ အလကားနေအလကား ၁၉ ဘီလီယံကုန်သွားတာပေါ့။ ဒီဆောင်းပါးလေးကနေ စာဖတ်နေတဲ့သူတွေကို ဘာသိစေချင်လဲဆိုတော့ ကျောင်းတက်ပြီးဘွဲ့တွေရမှ ပညာတတ်တာမဟုတ်ဘဲ အပြင်မှာလေ့လာလည်း ပညာတတ်တယ်ဆိုတာကိုပါ။ ဒါကြောင့် ပညာရေးစနစ်မကောင်းသေးတဲ့ ကိုယ်တွေနိုင်ငံအပေါ် အပြစ်တင်နေရင်လည်း မောတာပဲရှိတဲ့အတူတူ ကိုယ့်ဟာကိုယ်ပဲ လေ့လာလိုက်ကြရအောင်လို့ ပြောချင်ပါတယ်။

Source: Entrepreneur

Photo Credit: The Business Journal

Piki (Akhayar)