မွေးလပေါ်လိုက်ပြီး အချစ်ရေးရာစွမ်းဆောင်နိုင်စွမ်းက ကွဲပြားခြားနားကြပါတယ်

မွေးလပေါ်လိုက်ပြီး အချစ်ရေးရာစွမ်းဆောင်နိုင်စွမ်းက ကွဲပြားခြားနားကြပါတယ်

အားလုံးလည်းသိကြမှာပါ။ ကိုယ့်ရဲ့မွေးလက ကိုယ်နဲ့ပတ်သက်ပြီးအကြောင်းအရာတွေအများကြီးပြောပြနိုင်တယ်ဆိုတာကိုလေ။ ကိုယ့်ရဲ့အကျင့်စရိုက်တွေ ၊ ကိုယ်ရဲ့ဖြစ်နိုင်စွမ်းတွေ ၊ ကိုယ်ရဲ့အချစ်ရေးတွေစသဖြင့်ပေါ့။ ဒါပေမယ့်သင်မသိသေးတာက သင့်ရဲ့မွေးလကိုလိုက်ပြီး ချစ်ပွဲဝင်တဲ့အခါမှာ ဘယ်လိုတွေပြုမူတတ်တယ်ဆိုတာကိုပါ။ ဒီခေါင်းစဉ်ကဒီမှာသိပ်ပြီးပွင့်ပွင့်လင်းလင်းဆွေးနွေးတာမဟုတ်တဲ့အတွက်လည်းပါပါတယ်။ ဒီတော့သင့်မွေးလက ဒါနဲ့ပတ်သက်ပြီး ဘာတွေပြောပြနိုင်မလဲဆိုတာကြည့်လိုက်ရအောင်။

ဇန်နဝါရီလ
ဇန်နဝါရီလမှာမွေးတဲ့သူတွေက အချစ်ရေးနဲ့ပတ်သက်လာရင် အရမ်းကြမ်းပြီးတော့ အရမ်းပွင့်လင်းပါတယ်တဲ့။ လူတချို့ဆိုရင်ဘယ်လိုတောင်ပြောလဲဆိုတော့ ဇန်နဝါရီလမွေးတဲ့သူတွေကို Kinky Lover လို့တောင်ခေါ်ကြတယ်။ ဇန်နဝါရီလဖွားတွေက လူတစ်ယောက်ကိုလိုချင်ပြီဆိုရင် သူ့ဆီကအာရုံစိုက်မှုကိုမရရအောင်လုပ်ပြီး လွယ်လွယ်နဲ့အလျော့မပေးဘူးတဲ့။ အသစ်အဆန်းတွေကိုစမ်းသပ်ရတာကြိုက်တာကြောင့်ကိုယ့်ချစ်သူကိုလည်း သူမလုပ်ဖူးတာတွေကိုလုပ်ခိုင်းတတ်တယ်တဲ့။

ဖေဖော်ဝါရီလ
သင်တို့ကတော့အချစ်စိတ်ပြင်းပြတဲ့လူစားမျိုးဖြစ်တယ်တဲ့။ အထူးသဖြင့် အစပိုင်းလက်လေးကိုင်တယ် ၊ အနမ်းလေးပေးတယ် ၊ အတူတူနေတယ်။ ဒါတွေကိုအစောပိုင်းကာလတွေမှာ အရမ်းကိုအားရပြီးကျေနပ်ကြတယ်။ ဒါပေမယ့် ဟန်းနီးမွန်းကာလကျော်သွားရင်တော့ အနေဝေးလာပြီး အရင်နဲ့မတူဖြစ်လာတတ်တယ်တဲ့။ စိမ်းကားလာပြီး ၊ အတူတူမနေချင်ဖြစ်လာတယ်။ ချစ်သူတစ်ယောက်ရရချင်းကတော့အရူးအမူးဖြစ်တာကပျော်စရာဆိုပေမယ့် ရေရှည်လည်းအမြဲပျော်တတ်အောင်နေဖို့လိုမယ်။

မတ်လ
မတ်လဖွားတွေအတွက် ချစ်ပွဲဝင်တာကအရမ်းကိုယ်ရေးကိုယ်တာဆန်တဲ့အရာဖြစ်တယ်တဲ့။ ဒါကသူတို့အတွက်ဝိညာဉ်ရေးရာနဲ့ဉာဏ်အလင်းပွင့်သလိုတောင်ဖြစ်တယ်တဲ့။ (စာရေးသူရဲ့ကိုယ်ပိုင်စိတ်ကူးမဟုတ်ပါ) ဒီအကြောင်းပြချက်ကြောင့် လိင်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူနဲ့အတူတူနေမလဲဆိုတာကိုအရမ်းရွေးချယ်ကြတယ်တဲ့။ ပြောရရင် ဇီဇာကြောင်တယ်ပေါ့။ ဒါကြောင့်မတ်လဖွားတွေနဲ့ချစ်ရတဲ့လူတွေကအရမ်းကိုကံကောင်းကြမှာဖြစ်ပါတယ်။

ဧပြီလ
သင်ကတော့အိပ်ရာထဲရောက်ရင်အကောင်းဆုံးဖြည့်ဆည်းပေးတဲ့လူစားမျိုးပါတဲ့။ သင်ကအရမ်းကိုပြိုင်ဆိုင်တတ်ပြီးတော့ ဒီပြိုင်ဆိုင်တဲ့စိတ်က အိပ်ရာထဲထိရောက်တတ်တယ်တဲ့။ သင်နဲ့ချစ်ပြီးရင်ဘယ်သူမှမကျေမနပ်ဖြစ်ရမှာမဟုတ်ဘူးတဲ့။ သင်ကစွမ်းဆောင်နိုင်စွမ်းကောင်းလွန်းလို့ စိတ်မကျေမနပ်ဖြစ်ရင်တောင် သင့်ချစ်သူကမဖြည့်ဆည်းပေးနိုင်လို့ဘဲဖြစ်မှာပါ။ သင်ကအရမ်းလွှမ်းမိုးတတ်ပြီးကိုယ်နဲ့ပတ်သက်ဖူးသူတိုင်းကို အကောင်းဆုံးဆိုတာတွေကိုပဲ ပေးချင်တဲ့သူတဲ့။

မေလ
သင်ကတော့အရာရာကိုပြည့်စုံချင်တဲ့ဖက်သွားတယ်။ သင်ကရိုးရာအချစ်ရေးကျင့်သုံးမှုတွေကနေအရမ်းကြီးမသွေဖည်ချင်ဘူး။ သင်ရောက်နေတဲ့နေရာမှာလုံးဝသက်သောင့်သက်သာနေချင်ပြီး အလောသုံးဆယ်လုပ်တာကိုမကြိုက်ပါဘူးတဲ့။ သင့်အတွက်တော့ ကိုယ်လိုချင်တဲ့အတိုင်းအတာကိုရောက်မယ်ဆိုရင် အချစ်အတွက်ဖြစ်တဲ့ဘယ်ပြဿနာမဆိုဖြစ်ရကျိုးနပ်ပါတယ်တဲ့။ သင်ကအရမ်းကိုပြည့်စုံတဲ့အချစ်ရေးမျိုးလိုအပ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့အတွင်းနက်နက်ရှိုင်းရှိုင်းနေရာမှာသင်ကအချစ်ရဲ့စစ်မှန်တဲ့အနုပညာရှင်ဖြစ်ပြီး သင့်အတွက်အတွေ့အကြုံတိုင်းက အနုပညာမြောက်လက်ရာတွေပါတဲ့။

ဂျွန်လ
သင်ကချစ်ပွဲဝင်တဲ့နေရာမှာတော့စွန့်စားသူပါတဲ့။ သင်ကဒီအပိုင်းတွေမှာတော့အမြဲအသစ်အဆန်းနဲ့စိတ်ဝင်စားစရာကောင်းတာကိုဆာလောင်နေသူတစ်ယောက်ပေါ့။ ချစ်ပွဲဝင်တဲ့နေရာမှာရှေ့တိုးရဲပြီးတော့ရသမျှအခွင့်အရေးကိုလက်လွတ်မခံတတ်သူပါတဲ့။ သင်ကမွေးရာပါပုန်ကန်သူဖြစ်တာကြောင့်ရိုးရာလို့ပြောတဲ့အရာတိုင်းကိုချိုးဖောက်ချင်သူဖြစ်တယ်တဲ့။ သင့်ရဲ့ချစ်သူကသင့်လိုပဲပွင့်လင်းမယ်ဆိုရင် မီးကုန်ယမ်းကုန်ချစ်ပွဲဝင်နိုင်မှာပါ။

ဂျူလိုင်လ
သင်တို့တွေကတော့အရမ်းကိုပေးကမ်းတတ်ပြီး ကိုယ်ကျိုးစွန့်တဲ့သူတွေပါတဲ့။ သင်တို့ကအရမ်းကိုသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတာပါတဲ့။ ဘာလို့လဲဆိုတော့သင်တို့ကသင်တို့ရဲ့ချစ်သူကို စိတ်ကျေနပ်မှုအပြည့်အဝပေးတာကြောင့် သူတို့ကလည်းသင့်ကိုပြန်ဖြည့်ဆည်းပေးနေတဲ့အတွက်ပါတဲ့။ သင်ကအရမ်းသစ္စာရှိတဲ့သူဖြစ်ပြီး ၊ သင်တကယ်လိုချင်တာက ကိုယ်နဲ့အတူနေမယ့်သူနဲ့စိတ်ချင်းဆက်သွယ်တာမျိုးပါတဲ့။

သြဂုတ်လ
သင့်ရဲ့အချစ်ရေးကတော့နည်းနည်းဖရိုဖရဲဖြစ်နေတယ်ပြောလို့ရပါတယ်တဲ့။ သင်ကသင့်ရဲ့ချစ်သူအရမ်းစိတ်ကျေနပ်နေတာကိုအာရုံစိုက်ပြီးကိုယ့်အတွက်ကိုယ်မေ့တဲ့အခါရှိသလို သင်ပဲစိတ်ကျေနပ်နေပြီး သင့်ချစ်သူကိုမေ့နေတတ်တာမျိုးသင့်မှာဖြစ်တတ်တယ်တဲ့။ သင်ကချစ်ပွဲဝင်တဲ့နေရာမှာ ပေးလည်းပေးနိုင်တယ် ၊ ယူလည်းယူနိုင်တယ်။ ဒါပေမယ့်သင်ကိုယ်တိုင်ကရော ဘယ်လိုချစ်သူမျိုးဖြစ်ချင်တယ်ဆိုတာကို အရင်ဆုံးဖြတ်ရပါလိမ့်မယ်။

စက်တင်ဘာလ
သင်ကအရမ်းစိတ်ခံစားလွယ်ပြီး အရမ်းကိုစိတ်ပြင်းထန်တဲ့လူစားမျိုးပါတဲ့။ ဒါကသင့်ရဲ့ချစ်မှုရေးရာနဲ့သင်လုပ်သမျှအရာတိုင်းမှာ သက်ရောက်မှုရှိတယ်တဲ့။ သင့်ရဲ့ချစ်သူနဲ့ရိုးသားပြီး လေးနက်တဲ့ဆက်ဆံရေးရှိရင် ချစ်ပွဲဝင်တဲ့အခါမှာသင်ကအံ့သြဖို့ကောင်းလောက်အောင်စွမ်းဆောင်နိုင်တယ်တဲ့။ သင်ကသင့်ရဲ့ချစ်သူကိုသေချာဂရုတစိုက်ရွေးပြီးတော့ အိပ်ရာပေါ်တင်မဟုတ်ဘဲ Romance ကိုပါလိုချင်တဲ့သူမျိုးဖြစ်ပါတယ်တဲ့။

အောက်တိုဘာလ
သင့်မှာချစ်ပွဲဝင်တာနဲ့ပတ်သက်လာရင်ထူးခြားတဲ့အရည်အချင်းတွေရှိတယ်ဆိုတာသိလား။ သင့်ရဲ့အချစ်ရေးစွမ်းဆောင်နိုင်မှုနဲ့ပတ်သက်ရင် သင်ကနည်းနည်းဘုဂလန့်နိုင်တယ်။ ဒါကိုလည်းအပြစ်ပြောလို့မရပါဘူး။ သင်ကအိပ်ရာပေါ်မရောက်ခင် စိတ်ဆန္ဒနှိုးဆွလာတဲ့အပိုင်းကို ပိုသဘောကျပြီး ဆွဲဆောင်ရတာကိုကြိုက်တာကိုး။ သင်ကဖြေးဖြေးလေးဆွဲဆောင်တဲ့နေရာမှာတော့ ဆရာတစ်ပါးပါပဲတဲ့။ သင့်ရဲ့ချစ်ခင်မှုကိုရတဲ့သူတွေကတော့ ကံကောင်းတာအသေအချာပါပဲ။

နိုဝင်ဘာလ
သင်ကဒီအပိုင်းတွေမှာအထူးဆန်းဆုံးလူသားလို့တောင်ပြောလို့ရပါတယ်။ သင်ကစကားတွေပြောပြီး စိတ်ချင်းဆက်နွယ်တာကို အရမ်းသဘောတွေ့တဲ့သူဖြစ်တယ်။ သင်ကလွှမ်းမိုးမှုနဲ့ အလွှမ်းမိုးခံရမှု အနှစ်သာရကိုလေ့လာရတာကိုမြတ်နိုးပြီး နည်းနည်းထူးထူးခြားခြားလေးမပါတဲ့ချစ်ပွဲဝင်တာကိုစိတ်ဝင်စားဖို့ကောင်းတယ်မထင်ဘူး။ သင်ကလူတစ်ယောက်ကသင့်ကိုလိင်ပိုင်းဆိုင်ရာနဲ့ပိုင်ဆိုင်တယ်ဆိုတဲ့ခံစားချက်ကိုအရမ်းနှစ်သက်ပြီး ကိုယ်ကိုယ့်ကိုယ်လည်းပိုင်ဆိုင်လိုစိတ်ရှိပါတယ်တဲ့။

ဒီဇင်ဘာလ
သင်ကတော့အိပ်ရာထဲမှာရိုးရိုးလေးပဲကိစ္စပြီးတတ်တဲ့သူမျိုးပါတဲ့။ သင်အိပ်ရာထဲမှာလုပ်သမျှအရာတွေအားလုံးကိုဘယ်လိုဆန်းသစ်ရမယ် ၊ ဘယ်လိုရိုးရိုးလေးလုပ်ရမယ်ဆိုတာ သိတဲ့သူ။ ဒါကြောင့်ပဲသင်နဲ့ချစ်ရရင်အရမ်းကိုပျော်ဖို့ကောင်းတာပါတဲ့။ သင်ကစိတ်ရင်းကောင်းပြီး စိတ်မလုံခြုံတာမရှိဘူးတဲ့။ ဒါကြောင့်ပဲသင့်ရဲ့ချစ်သူကသင်နဲ့ပိုပြီးသက်သောင့်သက်သာရှိတာဖြစ်ပါတယ်တဲ့။ သင်ကရှက်တတ်တဲ့သူကို အလိုက်သင့်ဖြစ်အောင်ဆွဲဆောင်နိုင်ပြီး သင့်ရဲ့အနိုင်ရတတ်တဲ့စရိုက်နဲ့ အေးဆေးဖြစ်တဲ့စိတ်ဓာတ်ကြောင့် ဒီနေရာမှာတော်ပါတယ်တဲ့။
ဟူး…….ရေးလက်ရတာလက်ကိုညောင်းလို့။ ဒါပေမယ့်ကိုယ့်ရဲ့မွေးလနဲ့ကိုယ်ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာကိုယ်တိုင်သိလိုက်ရလို့ ရေးရကျိုးနပ်ပါတယ်။ တစ်နေ့မှာဒါတွေကကြုံရမှာပဲလေ ၊ ကြိုဖတ်ထားလို့မမှားသွားပါဘူး။ Sex Education ကလူတိုင်းနားလည်သင့်တဲ့အရာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာကိစ္စတွေကိုဆွေးနွေးဖို့ ရှက်ကြောက်နေစရာမလိုပါဘူး။ အဲ….ဒါပေမယ့်ဒါတွေကိုငယ်ငယ်ရွယ်ရွယ်နဲ့လက်တွေ့စမ်းဖို့ရေးထားတာမဟုတ်ပါဘူးနော်။ ဒီတိုင်းဗဟုသုတအနေဲ့သိစေချင်လို့ပါ။ (မှတ်ချက်။ ပါဝင်သောအကြောင်းအရာများမှာ စာရေးသူဟ၏ကိုယ်ပိုင်အတွေးအခေါ်များမဟုတ်ပါ။)

Piki (Akhayar)