စိတ်ဖိစီးမှုကို တိုက်ထုတ်နေရပါတယ်ဆိုပြီး ပြောကြားခဲ့တဲ့ ဘောလိဝုဒ်မင်းသမီးချော Alia Bhatt

စိတ်ဖိစီးမှုကို တိုက်ထုတ်နေရပါတယ်ဆိုပြီး ပြောကြားခဲ့တဲ့ ဘောလိဝုဒ်မင်းသမီးချော Alia Bhatt

မင်းသား၊ မင်းသမီးတွေရဲ့ ဘဝဟာ ဘယ်နားသွားသွား စောင့်ကြည့်ခံနေရသလို၊ ဘာလေးပဲဖြစ်ဖြစ် ရည်ရွယ်ပြီးတော့ရော မရည်ရွယ်ဘဲနဲ့ရော မှားလုပ်မိရင် အတင်းပြောခံရတာမျိုးနဲ့ ဝေဖန်လှောင်ပြောင်ခြင်းကို ခံကြရပါတယ်။ မင်းသား၊ မင်းသမီးတွေဟာလည်း လူသားတွေထဲက လူသားတွေပဲဖြစ်လို့ ဒီလိုပြောဆိုဝေဖန်ခံရတာနဲ့ ကဲ့ရဲ့ခံရတဲ့အခါ သာမန်လူသားတွေလို စိတ်ဖိစီးမှုတွေကို ခံစားကြရပါတယ်။ စိတ်ဖိစီးမှုတွေခံစားရတာကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် စိတ်ကျန်းမာရေးထိခိုက်တဲ့အဆင့်ကို ပြောင်းသွားတတ်ပါတယ်။ စိတ်ကျန်းမာရေးထိခိုက်တာကို နဂိုအတိုင်းပြန်ဖြစ်အောင် ထိန်းချုပ်ရတာက လွယ်ကူတဲ့ အလုပ်မဟုတ်ဘူးဆိုတာ ခံစားဖူးတဲ့ လူတိုင်းလိုလို သိကြပါတယ်။

စိတ်ကျန်းမာရေးထိခိုက်တာကို ပြန်လည်မထိန်းချုပ်နိုင်ဘူးဆိုရင် သေချာပေါက် ကိုယ်ပိုင်လူနေမှုဘဝမှာရော ပရော်ဖက်ရှင်နယ်ဘဝမှာပါ ထိခိုက်မှုတွေဖြစ်လာကာ ဆုံးရှုံးမှုတွေ ဖြစ်လာမှာကိုတော့ ပြောနေစရာ မလိုလောက်ပါဘူးနော်။ ဆယ်လီတွေကတော့ သာမန်လူတွေထက် ပိုစောင့်ကြည့်ခံရပြီး ပိုအပြောခံရတဲ့ လူတွေဖြစ်သလို မပီပြင်တဲ့ သရုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာမှာကို ကြောက်ရွံ့စိုးရိမ်နေရကာ ရှိပြီးသားအောင်မြင်မှုတွေ မထိန်းနိုင်မှာကိုလည်း ပူပန်ကြရလို့ စိတ်ဖိစီးမှုတွေကတော့ သာမန်လူတွေထက် နှစ်ဆပိုများတယ်လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း စိတ်ဖိစီးမှုဖြစ်လာပြီဆိုရင်တော့ ဆယ်လီပဲဖြစ်ဖြစ် သာမန်လူပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ လွယ်လွယ်ကူကူ မဖယ်ရှားနိုင်ကြပါဘူး။ ဒါကြောင့်မို့ ဘောလိဝုဒ်အချစ်တော်မင်းသမီး Alia Bhatt စိတ်ဖိစီးမှုနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လိုဖြေဖောျက်လဲဆိုတာကို ကြည့်ကြည့်ပြီး ကိုယ်တွေလည်း နည်းနာယူကြည့်ကြရအောင်။

မကြာသေးမီက Alia Bhatt ဟာ သူမရဲ့ နောက်ထပ်ထွက်ရှိလာမယ့် ရုပ်ရှင်ကို ရိုက်ကူးရင်း ပင်ပန်းနွယ်နယ်မှုတွေနဲ့ အချိန်ဘယ်လောက်ကြာ ချည်နှောင်မိနေလဲဆိုတာကို ရှာတွေ့ရှိလာကာ သူမကိုယ်သူမ ပြန်လည်ရှာဖို့ သတိရသွားတဲ့အထိတောင် ဖြစ်ခဲ့ပါတယ်။ မကြာသေးမီက Filmfare တစ်ခုမှာ မေးတဲ့ Interview တစ်ခုမှာ အသက်၂၆ နှစ်အရွယ် သူမဖြေသွားတာက သူမရဲ့ကိုယ်ပိုင်ဘဝနဲ့ ကျန်းမာရေးကို အလုပ်ရဲ့ ဖိအားတွေနဲ့ ကျော်ကြားမှုတွေက ဝါးမြိုလာတယ်လို့ ခံစားရပါတယ်ဆိုပြီး ဖြေကြားသွားပါတယ်။ သူမအနေနဲ့ စိတ်ဓာတ်ကျတဲ့အထိတော့ မဖြစ်သွားခဲ့ပေမယ့် အမြဲစိုးရိမ်ပူပန်နေခဲ့ရပါတယ်လို့လည်း မျှဝေခဲ့ပါတယ်။ အဲ့ဒီလို စိုးရိမ်ပူပန်မှုတွေဖြစ်နေတာ ငါးလ ခြောက်လလောက် ရှိနေခဲ့ပါပြီ။ ဒါပေမယ့် သူမဟာပြန်တိုက်ထုတ်ဖို့ သတိမရခဲ့တဲ့အတွက် စိတ်ခံစားချက်တွေဟာ မကောင်းတဲ့ဘက်ကို တဖြည်းဖြည်းကူးပြောင်းလဲခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူမဟာ သူမဖတ်ဖူးတဲ့ စာအုပ်ထဲကအတိုင်း ဘယ်လောက်ပဲ ဆိုးရွာနေပါစေ သူမခံစားရတဲ့အတိုင်းပဲ နေမယ်ဆိုပြီး ခံစားချက်နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီလို ခံစားမှုနောက်ကို လိုက်ပြီးနေတဲ့အခါမှာတော့ သူမဟာ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ငိုချင်ရင် ငိုပြီးနေပလိုက်တယ်ဆိုပြီး သူ့မပတ်ဝန်းကျင်ကလူတွေ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ စကားပြောရင်ဖွင့်လိုက်တဲ့အခါမှာ အနည်းငယ်သက်သာရာရရှိသွားပြီး လက်တွေ့ကို ဘယ်လိုလက်ခံရမလဲနဲ့ စိတ်ဖိစီးမှုကို မရှောင်တိမ်းဘဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာပါ သိလာခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ဒီလိုဖြစ်ရတာက အဆက်မပြတ်လက်ခံထားတဲ့ အလုပ်ဖိအားတွေကြောင့် ပင်ပန်းပြီး ဘယ်သူနဲ့မှမတွေ့ချင်တာလားဆိုပြီး စိတ်တွေရှုပ်ထွေးနေခဲ့ပါတယ်။ ဒါတွေကို သူမရဲ့ချစ်သူနဲ့ အရင်နှီးဆုံးသူငယ်ချျင်းတွေကို ပြောပြလိုက်ပြီးတဲ့အခါမှာ ကိုယ်ရဲ့စိတ်ရှုပ်ထွေးမှုတွေကို နားလည်အောင် သေချာကြည့်လိုက်ရင် ဒါတွေကို လွင့်စင်သွားမယ်ဆိုတာကို သိနားလည်လာရပါတယ်။ ဒါတွေက ဘာမှမဟုတ်ပါဘူးလို့ဆိုပြီး လက်ခံလိုက်ရင် ဘာမှမဖြစ်တော့ဘူးဆိုပြီး တစ်ပါတည်းနားလည်သဘောပေါက်သွားပါတယ်ဆိုပြီး ဖြေလျှော့နည်းကိုပါ ပြောကြားသွားပါတယ်။

ပရိသတ်ကြီးလည်း သူမဖြေလျှော့နည်းကို ဖတ်ရှုပြီး ဘဝမှာ ဘယ်အရာကိုမှ အရမ်းကြီး မတွေးတော၊ မခံစားနေဘဲ အဆင်ပြေသွားမယ်လို့သာ ပြောင်းတွေးကြည့်ပါ။ စိတ်ဖိစီးမှုတွေခံစားလာရရင် တစ်ယောက်တည်းကြိတ်ခံစားမနေဘဲ ယုံကြည်စိတ်ချရတဲ့သူတွေကို ရင်ဖွင့်ပြောပြတိုင်ပင်ကာ ဖြေလျှော့ကြည့်ကြဖို့ အကြံပြုလိုက်ပါရစေ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle