အလုပ်ရှင်တွေ အနေနဲ့ ဝန်ထမ်းတွေကို မက်လုံးပေးတဲ့ စကားလုံးတွေက ဘာတွေလဲ

အလုပ်ရှင်တွေ အနေနဲ့ ဝန်ထမ်းတွေကို မက်လုံးပေးတဲ့ စကားလုံးတွေက ဘာတွေလဲ

အလုပ်လုပ်ခါစတုန်းက အထက်လူကြီးတွေရဲ့ မက်လုံးပေးတဲ့ စကားလုံးတွေကို ယစ်မူးတတ်ကြတယ်။ တစ်ချိန်ချိန်မှာ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရလာမယ်ထင်ပြီး ကုမ္ပဏီတစ်ခုမှာ အရိုးဆွေးအောင် နေတတ်ကြတယ်။ ပေးအပ်လာတဲ့ တာဝန်တွေကို ဦးဆွေးဆံမြည့်ထမ်းရွက်ခဲ့ပေမယ့် အချိန်တွေကြာလာတော့ အထက်လူကြီး ပြောထားတဲ့ စကားလုံးတွေဟာ လေထဲမှာပဲ ပျောက်သွားမှန်း သိလိုက်ရတယ်။ ကိုယ့်လိုအဖြစ်မျိုး မကြုံရလေအောင် တက်သစ်စဝန်ထမ်းတွေကိုလည်း အယုံမလွယ်ဖို့ ဆုံးမတတ်ကြတယ်။ အခုဆောင်းပါးမှာတော့ အထက်လူကြီးတွေ သိမ်းသွင်းလေ့ရှိတဲ့ စကားလုံးတွေကို စုစည်းဖော်ပြမှာပါ။

“ဦးတို့ကုမ္ပဏီက ကြိုးစားရင် ကြိုးစားသလောက် နေရာရမှာပါ”

အလုပ်ဝင်ခါစ ဝန်ထမ်းတွေကို ပြောလေ့ရှိတဲ့ စကားပဲ။ ဝန်ထမ်းတွေကို တက်လမ်းရှိတယ်ဆိုပြီး ကြိုးစားချင်စိတ်ကို ဖွင့်ပေးလိုက်တာ။ ကြိုးစားရင် ရာထူးကြီးကြီးတွေ လစာကောင်းကောင်းတွေ အများကြီးရမယ်လို့ မက်လုံးပေးလိုက်တဲ့သဘောပဲ။ တကယ်တမ်းတော့ အပြောနဲ့အလုပ်က မညီတာများတယ်။ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရှေ့ မှာ ဒီလိုပြောလာရင် အယုံမလွယ်မိစေဖို့ပါ။

“ဦးတို့ကုမ္ပဏီက မိသားစုလိုပါပဲ”

ကုမ္ပဏီက မိသားစုဆန်တယ်ပေါ့။ မရှိအတူ ရှိအတူဖြတ်သန်းမယ်ပေါ့။ ကုမ္ပဏီအမြတ်အစွန်းရရင် ကိုယ့်ကို အပိုဆုပေးဖို့ မသေချာပေမယ့် လစာတိုးတောင်းရင်တော့ ဘက်ဂျက်နည်းနေတယ် ဘာညာ စောင့်ပါဦး ဆိုပြီး ပြန်ပြောမှာ။ မိသားစုဆန်တယ်ဆိုတာ အထက်လူကြီးတွေက လက်အောက်ဝန်ထမ်းတွေကို စကားလုံးလှလှနဲ့ တန်ဆာဆင်လိုက်တာပါ။

“Basic Pay က နည်းပေမယ့် အပိုဆုကြေးတွေက အများကြီးပါ”

တချို့ ကုမ္ပဏီတွေက ဝန်ထမ်းတွေကို အပိုဆုကြေးနဲ့ ဗန်းပြပြီး မက်လုံးပေးတတ်ကြတယ်။ “ဦးတို့ကုမ္ပဏီက အခြေခံလစာထက် အပိုဆုကြေးကို မက်လောက်အောင် ပေးထားတာ။ တကယ်တော့ ဝန်ထမ်းတွေ ကြိုးစားအောင်ပါ။” ဆိုပြီး ပြောတယ်။ လစာနည်းပေမယ့် နှစ်ကုန်ရင် အပိုဆုကြေးတွေ အများကြီးပေးမှာ။ သင်္ကြန်တိုင်ရင် အများကြီးရမှာလို့ ဝန်ထမ်းတွေက ထင်နေကြတာ။ တကယ်တမ်းတော့ လစာက နည်း အပိုဆုက မဆို့မပို့လေ။

“နိုင်ငံခြားခရီးစဉ်တွေလည်း သွားရဦးမှာ”

ဒါကတော့ Multi-level Marketing သမားတွေ သုံးလေ့ရှိတဲ့ စကားလုံးပဲ။ အခုချိန်မှာ သူတို့တွေ မရှိတော့ဘူးဆိုပေမယ့် တချို့အလုပ်ရှင်တွေကတော့ ဒီစကားလုံးကို တွင်တွင်သုံးနေတုန်းပဲ။ အလုပ်ခေါ်စာတွေမှာ “နိုင်ငံခြားခရီးစဉ် သွားရမယ်” ဆိုပြီး ကြေညာထားလိုက်ရင် ဝန်ထမ်းတွေကလည်း စိတ်ဝင်စားကြတာကိုး။ အခုဖော်ပြခဲ့တဲ့ စကားလုံးတွေက အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေကို သိမ်းသွင်းလေ့ရှိတဲ့ မက်လုံးတွေပါပဲ။ ဝန်ထမ်းတွေအနေနဲ့ လေထဲက စကားလုံးတွေကို တိုက်အိမ်မဆောက်မိစေဖို့ အရေးကြီးတာပါပဲ။

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ