သက်တမ်းကုန်တဲ့ အလှပြင်ပစ္စည်းတွေကို ပြန်အသုံးချကြည့်ကြရအောင်

သက်တမ်းကုန်တဲ့ အလှပြင်ပစ္စည်းတွေကို ပြန်အသုံးချကြည့်ကြရအောင်

အလှကုန်ပစ္စည်းတွေကို ငွေကုန်ကြေးကျခံပြီး ဝယ်ထားပြီးကာမှ သေချာတောင်မသုံးရသေးဘဲ သက်တမ်းကုန်သွားတာမျိုးနဲ့ ကြုံဖူးကြလား။ ဆက်သုံးရင်လည်း အသားအရေ ထိခိုက်မှာကလည်း ကြောက်ရသေး စားရမှာလည်း သဲတရှပ်ရှပ် ပစ်ရမှာလည်း အဆီတဝင်းဝင်း ဖြစ်နေတတ်ပါတယ်။အဲဒါကြောင့်မို့ သက်တမ်းကုန်သွားတဲ့ ပစ္စည်းလေးတွေကို အကျိုးရှိရှိ ဘယ်လိုပြန်သုံးမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

Mascara
Mascara တစ်ချောင်းရဲ့သက်တမ်းဟာ သုံးလကနေ ခြောက်လပဲခံတဲ့အတွက် ခြောက်လကြာလို့ မကုန်ရင် အမှိုက်တောင်းထဲကို လွှင့်ပစ်ရမလို ဖြစ်နေပါတယ်။ အဲဒီလို လွှင့်ပစ်ရမလို ဖြစ်နေတဲ့ Mascara ကို ဆံပင်အရောင်ဆိုးတဲ့အခါမှာ အရောင်ညီအောင် ပြန်သုံးပေးလိုက်ပါ။ ဒါ့အပြင် DIY Lip Scrub အနေနဲ့လည်း အသုံးပြုလို့ ရပါသေးတယ်။ Mascara အတံလေးပေါ်ကို သံလွင်ဆီ(သို့) အုန်းဆီအနည်းငယ်ထည့်ပြီး နှုတ်ခမ်း Scrub လုပ်လို့ရပါတယ်။ အဲဒီလို ပုံမှန်လေးလုပ်ပေးရင် နှုတ်ခမ်းသားလေးဟာ ချောမွေ့ နူးညံံ့ပျော့ပြောင်းလာပါလိမ့်မယ်။

Eye Shadow
Eye Shadow တွေဟာ တစ်နှစ်လောက်ကြာလာတဲ့အခါ မျက်နှာပေါ်မှာ အသုံးပြုဖို့ မသင့်တော်တော့ရင် အရောင်တွေအကုန်လုံးကို ထုခြေပြီး လက်သည်းနီအကြည်နဲ့ ရောပစ်လိုက်ပါ။ အဲ့ဒီလိုရောလိုက်ရင် ကိုယ်ပိုင်လုပ် လက်သည်းနီလေး ရရှိလာပါလိမ့်မယ်။

Toner
အရေပြားမှာလိမ်းတဲ့ Toner ဟာ သက်တမ်းကုန်ဆုံးသွားရင် မှန်ကြည်ဆေးရည်အဖြစ် အသုံးပြုလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Toner မှာ အယ်ကိုဟောတွေ အများကြီးပါတဲ့အတွက် ဖန်တွေ၊မှန်တွေနဲ့ ဖုန်း Screen တွေ ကြည်လင်တောက်ပဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

Lip Balm
နှုတ်ခမ်းပေါ်မှာလိမ်းရတဲ့ Lip Balm လေးတွေ သက်တမ်းကုန်သွားရင် အလှပရေးရာမှာပဲ ကောင်းကောင်း ပြန်အသုံးချလို့ရပါတယ်။ ခြေထောက်မှာ အရည်ကြည်ဖုတွေ ဖြစ်တဲ့အခါမျိုးနဲ့ ခြေသည်းလက်သည်း ပန်းကုံးတွေဖြစ်ရင် Lip Balm လေးကိုသာ ထုတ်သုံးလိုက်ပါ။ ဒါ့အပြင် ဇစ်တွေညှပ်နေတဲ့အခါမျိုးမှာလည်း Lip Balm လေးသုံးပြီး ဖြေရှင်းလို့ရသလို ဖိနပ်တွေ တောက်ပြောင်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

Face Oil
ဈေးကြီးကြီးပေးဝယ်ထားတဲ့ Face Oil လေးတွေ သက်တမ်းကုန်ဆုံးသွားလို့ ပစ်ရမှာ နှမြောရင် မစိုးရိမ်ပါနဲ့။ အဲ့ဒီ Face Oil ထဲကို သကြားတွေ ရောထည့်ပြီး အိမ်တွင်းလုပ် Scrub တွေနဲ့ ပေါင်းကာ ခန္ဓာကိုယ်က ဆဲလ်သေတွေကို ဖယ်ရှားလို့ရပါတယ်။

နှုတ်ခမ်းနီ
အကြိုက်ဆုံး နှုတ်ခမ်းနီတွေ သက်တမ်းကုန်သွားရင် Tinted Lip Balm အဖြစ် ပြောင်းလဲဖန်တီးယူလို့ ရပါတယ်။ နှုတ်ခမ်းနီကို အပူပေးလိုက်ရင် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ သေသွားပါလိမ့်မယ်။ အဲ့ဒီလို အပူပေးလို့ရလာတဲ့ နှုတ်ခမ်းနီထဲကို Vaseline (သို့) Petroleum Jelly တွေ ရောနှောလိုက်ပါ။ ဒါဆို Tinted Lip Balm လေး ရလာပါလိမ့်မယ်။ Senstive ဖြစ်တတ်တဲ့သူတွေဆိုရင် နှုတ်ခမ်းပေါ်မှာမလိမ်းခင် တည့်မတည့် လက်မှာ အရင်စမ်းကြည့်ပြီးမှ လိမ်းဖို့တိုက်တွန်းချင်ပါတယ်။

ကိုယ်အိမ်မှာ သက်တမ်းကုန်နေတဲ့ အလှပြင်ပစ္စည်းတွေရှိရင် လွှင့်မပစ်တော့ဘဲ ဒီနည်းလမ်းလေးတွေအတိုင်း ပြုပြင်ပြောင်းလဲပြီး ကောင်းကောင်း အသုံးချကြည့်လိုက်ကြပါတော့နော်။ မသိသူကျော်သွား သိသူဖော်စားကြနိုင်ပါစေ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle