Gay Sex နဲ့ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ကျောက်တုံးနဲ့ စီရင်ဖို့ အတည်ပြုခဲ့တဲ့ ဘရူနိုင်း

Gay Sex နဲ့ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ကျောက်တုံးနဲ့ စီရင်ဖို့ အတည်ပြုခဲ့တဲ့ ဘရူနိုင်း

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရူနိုင်းနိုင်ငံမှာ လိင်တူချင်း လိင်ဆက်ဆံမှုတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို သေဒဏ်စီရင်မယ့် ဥပဒေအသစ်ဟာ နောက်တစ်ပတ်က စပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့ကစပြီးတော့ ဒီလို ပြစ်မှုတွေနဲ့ ပက်သက်ပြီး အပြစ်ရှိတယ်လို့ တွေ့ရှိရရင် ကျောက်တုံးနဲ့ ပေါက်သတ်ပြီး သေဒဏ်စီရင်မှာ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံရဲ့ ဒီဥပဒေအသစ်ဟာ ၂၀၁၄ ခုနှစ်တည်းက ကြေညာခဲ့တာ ဖြစ်ပြီး တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာတာ ဖြစ်ပါတယ်။ ဒီလိုရက်စက်တဲ့ အချက်တွေပါတဲ့ နည်းဥပဒေရဲ့ နောက်ဆုံးအပိုဒ်တွေကို ဘရူနိုင်းရှေ့နေချုပ်ရုံးရဲ့ Website မှာ ဒီဇင်ဘာလက ဖော်ပြခဲ့ပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေကတော့ ဒီလို အပြစ်ပေးမှုကို ဆန့်ကျင်ခဲ့ကြပြီး “ Brunei ဟာ ဒီလို ဆိုးဝါးလှတဲ့ အပြစ်ပေးမှုတွေ အကောင်အထည်ဖော်နေတာတွေကို ချက်ချင်းရပ်တန့်ပစ်ဖို့လိုသလို လူ့အခွင့်အရေးနဲ့ ညီအောင် ပြုပြင်ဖို့လည်း လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဘရူနိုင်းရဲ့ ရက်စက်လှတဲ့ အပြစ်ဒဏ်တွေကို ချက်ချင်း ဝေဖန်ရှုတ်ချဖို့ လိုနေပါပြီ။”လို့ ထုတ်ဖော်ပြောကြားကြပါတယ်။

ဘရူနိုင်းဟာ ဒေသတွင်းမှာ အစ္စလာမ်မစ်တရားစီရင်ရေးစနစ်ဖြစ်တဲ့ Sharia Law ကို ၂၀၁၄ ခုနှစ်က စကာ ပထမဆုံးအသက်သွင်းတဲ့ နိုင်ငံဖြစ်ပြီး အခုလို ပြင်းထန်တင်းကြပ်တဲ့ အပြစ်ပေးမှုတွေကို စီရင်လေ့ရှိပါတယ်။

ဘော်နီယိုကျွန်းစုပေါ်မှာရှိတဲ့ ဘရူနိုင်းနိုင်ငံဟာ လူဦးရေ ၄သိန်းခွဲလောက်သာရှိတဲ့၊ ရေနံနဲ့ ချမ်းသာတဲ့ နိုင်ငံငယ်လေး ဖြစ်ပြီး သဘောထားအလယ်အလတ်ရှိတဲ့ အစ္စလာမ်မစ်နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊မလေးရှားနိုင်ငံတွေနဲ့ အနီးအနားမှာ ရှိပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်ပိုင်းတွေမှာ ဘရူနိုင်းဟာ ပိုပြီး ရှေးရိုးစွဲဆန်လာတာကို တွေ့ရပြီး အရက်ရောင်းတာကအစ ပိတ်ပင်ထားပါတယ်။ Gay Sex နဲ့ ဖောက်ပြန်သူတွေကို ကျောက်တုံးနဲ့ စီရင်မယ့် အမိန့်ကို ဘရူနိုင်းဘုရင် Hassanal Bolkiah က ကြေညာခဲ့တာ ဖြစ်ပြီး “ တခြားသူတွေ ဒီဥပဒေကို သဘောတူလက်ခံဖို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် သူတို့က ငါတို့ကို လေးစားရင်၊ ငါတို့ နိုင်ငံကို လေးစားရင် ဒီအရာက လုံလောက်ပါလိမ့်မယ်” လို့ Quote တင်ထားခဲ့တာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle