‘Call Me by Your Name’ ရဲ့ နောက်ဆက်တွဲထွက်မယ်လို့ အတည်ပြုလိုက်တဲ့ Andre Aciman

‘Call Me by Your Name’ ရဲ့ နောက်ဆက်တွဲထွက်မယ်လို့ အတည်ပြုလိုက်တဲ့ Andre Aciman

‘Call Me by Your Name’ ကို ကြည့်ပြီး အရမ်းကို ကြွေလွန်းလို့ နောက်ဆက်တွဲဇာတ်ကားလေးများ ထွက်ရင် ကောင်းမှာပဲဆိုပြီး မျှော်နေသူတွေတော့ ပျော်ရတော့မှာ ဖြစ်ပါတယ်။ ‘Call Me by Your Name’ ရဲ့ နောက်ဆက်တွဲဇာတ်ကားထွက်ရှိမှာကို ဇာတ်လမ်းဖန်တီးသူ စာရေးဆရာ Andre Aciman က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

စာရေးဆရာ Andre Aciman ရဲ့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘Call Me by Your Name’ ဝတ္ထုကို မင်းသား Timothee Chalamet နဲ့ Armie Hammer တို့ပါဝင်ပြီး ၂၀၁၇ ခုနှစ်မှာ ရိုက်ကူးပြသခဲ့တဲ့ ‘Call Me by Your Name’ ရုပ်ရှင်ဟာ အရမ်းကို အောင်မြင်ခဲ့ပြီး Best Adapted Screenplay အနေနဲ့ အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲမှာ အော်စကာဆုတောင် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ ပရိသတ်တွေရဲ့ အားပေးမှုလည်း အများကြီးရရှိခဲ့ပြီး မင်းသားငယ်လေး Timothee Chalamet ကို အဲဒီကားမှာ အားပေးတဲ့သူ ပိုများသွားခဲ့ပါတယ်။

ဒါကြောင့် Call Me by Your Name’ ရဲ့ နောက်ဆက်တွဲအနေနဲ့ ‘Find Me’ ဆိုတဲ့ စာအုပ်ကို ထပ်ထုတ်မှာ ဖြစ်ပြီး ဇာတ်ကားကိုလည်း ဒီအပေါ်မှာပဲ အခြေခံရိုက်ကူးမှာ ဖြစ်ပါတယ်။ ‘Find Me’ မှာ ပရိသတ်တွေ ထင်သလိုတော့ ပထမကားမှာလို Elio နဲ့ Oliver ကိုပဲ အထူးပြုရိုက်ထားတာ မဟုတ်ဘဲ ဇာတ်လမ်းနည်းနည်း ပြောင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

‘Find Me’ မှာ Elio ရဲ့ အဖေ Samuel ဟာ မိန်းမနဲ့ ကွာရှင်းလိုက်ပြီဖြစ်ပြီး သားရှိတဲ့ Rome ကို အလည်သွားခဲ့ပါတယ်။ Elio ကတော့ Classical စန္ဒရားဆရာ ဖြစ်နေပါပြီ။  Elio ဟာ ပါရီမြို့ကို ပြောင်းရွှေ့ခဲ့ပြီး သူ့ဆီမှာ တခြား ဇာတ်လမ်းလေးတွေ ရှိနေပါပြီ။ Oliver ကတော့ နယူူးအင်္ဂလန်မြောက်ပိုင်းမှာ သားတွေနဲ့ တူတူ နေထိုင်နေရာကနေ ဥရောပကို တစ်ခေါက်ပြန်လာဖို့ ဖြစ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်ကြည့်ရမှာပါ။

စာရေးဆရာ Aciman ကတော့ ဒီလို နောက်ဆက်တွဲဇာတ်လမ်းထွက်လာရခြင်းအပေါ် “ ရုပ်ရှင်ကို ကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော်ဟာဝတ္ထုထဲက ဇာတ်ကောင်တွေဆီ ပြန်သွားချင်ခဲ့ပြီး သူတို့ကို ဆက်စောင့်ကြည့်နေချင်တာကြောင့် ‘Find Me’ ကို ဖန်တီးဖြစ်ခဲ့တာ ဖြစ်တယ်”လို့ ပြောပါတယ်။

ဒါကြောင့် ‘Call Me by Your Name’ ရဲ့ နောက်ဆက်တွဲ ‘Find Me’ ကို ခုချိန်တည်းက ရင်ခုန်မျှော်လင့်နေပါကြောင်း။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle