Elizabeth ဘုရင်မကြီးသာ လူသတ်မှုကျူးလွန်ခဲ့ရင် ကွင်းလုံးကျွတ်လွတ်နိုင်မှာလား

Elizabeth ဘုရင်မကြီးသာ လူသတ်မှုကျူးလွန်ခဲ့ရင် ကွင်းလုံးကျွတ်လွတ်နိုင်မှာလား

အင်္ဂလန်နိုင်ငံရဲ့ဘုရင်မကြီး Elizabeth မှာ Sovereign Immunity / Crown Immunity ဆိုတာရှိပါတယ်။ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် Sovereign Immunity ဆိုတာက နိုင်ငံဦးသေ ျှာင်ရဲ့ ကင်းလွတ်ခွင့်ပေါ့။ ဒါကဘာကိုဆိုလိုချင်လဲဆိုတော့ ရာဇဝတ်မှုကျူးလွန်ရင်တောင် သူ့မှာကင်းလွတ်ခွင့်ရှိတယ်။ ဒီတော့ ဘုရင်မကြီးက တရားဥပဒေအထက်မှာရှိတယ်လို့ ယူဆလို့ရတယ်ပေါ့။ ဘုရင်မကြီးသာ လူတစ်ယောက်ကိုသတ်ချင်တယ်ဆိုရင် သတ်ပလိုက်ပြီး သူ့ရာဇဝတ်မှုကို ဖုံးဖိလိုက်လို့ရလား။ သီအိုရီအရပြောရင်တော့ လုံးဝကိုရပါတယ်တဲ့။

ဖြစ်ချင်တော့ ဘုရင်မကြီးက တစ်ကမ္ဘာလုံးက ဘယ်နိုင်ငံမှာမဆို ဘယ်လိုရာဇဝတ်မှုကိုဖြစ်ဖြစ် ကျူးလွန်ရင်တောင် တရားဝင်လွတ်မြောက်ခွင့်ရှိပါတယ်။ သူ့ရဲ့ Sovereign Immunity နဲ့ Diplomatic Immunity ကိုပဲကျေးဇူးတင်ရမှာပေါ့။ Diplomatic Immunity က ဘယ်လောက်တောင်လက်လှမ်းမီလဲဆိုတော့ Diplomatic Immunity နဲ့ကာကွယ်ပေးခံထားရတဲ့ ဘယ်သူမဆို သေစေနိုင်တဲ့လက်နက်တွေကိုင်ပြီး တစ်ခုခုကျူးလွန်လည်း ဒဏ်ခတ်မခံရပါဘူး။ ဒါပေမယ့်သံအမတ်တွေအတွက် ချွင်းချက်တစ်ခုရှိတာက ဒီလိုကိစ္စတွေဖြစ်ရင် အမိမြေကိုပြန်လာချိန်မှာ ပြစ်မှုအရမ်းကြီးလွန်းနေတဲ့အခါမျိုးမှာတော့ တရားစွဲခံရနိုင်ပါတယ်။

ဒါပေမယ့်ဘုရင်မကြီးရဲ့ရာဇဝတ်ကင်းလွတ်ခွင့်က ဖြစ်လာတာရဲ့တစ်စိတ်တစ်ပိုင်းက အင်္ဂလန်နဲ့သူအစိုးရတဲ့တခြားနိုင်ငံတွေရဲ့တရားဥပဒေစိုးမိုးရေးဟာ ဘုရင်မကြီးရဲ့နာမတော်ကိုအသုံးချပြီးမှ စီရင်ချက်ချရတာကနေ အစပြုခဲ့တာလေ။ ဘုရင်မကြီးကပေါ်တင်ကြီးတော့ သက်ဦးဆံပိုင်ဘုရင်တွေလို တရားဥပဒေကို ကိုယ်တိုင်ချမှတ်တာတော့မဟုတ်ဘူးပေါ့။ ဒီတော့ပြောရမယ်ဆိုရင် ဘုရင်မကြီးရဲ့တိုင်းသူပြည်သားတွေအတွက်က ဘုရင်မကြီးဟာတရားဥပဒေရဲ့ရေသောက်မြစ်ပါပဲ။ နောက်ပြီးတော့ Crown Court ကလည်းတရားဥပဒေကို ဘုရင်မကြီးနဲ့နာမတော်နဲ့ချမှတ်တာဖြစ်တယ်။ ဒီတော့အမှုတစ်ခုခုများဖြစ်လာရင် Crown Court က ဘယ်သူ့ကိုတရားစီရင်တယ်ဆိုပြီး ဖြစ်တယ်လေ။ ဒါကြောင့်ယေဘူယျကျကျပြောရရင် ဘုရင်မကြီးသာအမှုတစ်ခုခုလုပ်လို့ တရားစွဲခံရမယ်ဆိုရင် Crown Court က ဘုရင်မကြီးကို တရားစီရင်ချက်ချမယ်ဆိုပြီး ဖြစ်မှာပေါ့နော်။ ဒါပေမယ့် Crown Court က ဘုရင်မကြီးရဲ့နာမတော်နဲ့တရားစီရင်တာမို့လို့ တကယ်လို့သာ Crown Court က ဘုရင်မကြီးရဲ့အမှုကို တရားစီရင်မယ်ဆိုရင် ဘုရင်မကြီးက ဘုရင်မကြီးကို တရားစီရင်သလိုတွေဖြစ်နေမှာပေါ့။ ကိုယ့်ကိုယ်ကိုယ်တော့ထောင်ပြန်ချလို့မရဘူးလေနော်။

ပြီးတော့ ဘုရင်မကြီးရဲ့ Sovereign Immunity က ဘုရင်မကြီးကို သာမန်ပြည်သူတွေရဲ့ တရားစွဲတဲ့ကိစ္စတွေမှာ ဆွဲထည့်လို့မရဘူး။ ဒီတော့ပြောချင်တာက သူ့ကိုတရားစွဲလို့လည်းမရသလို အရပ်သားတွေရဲ့ဘယ်လိုတရားရေးရာကိစ္စကိုမှ သူ့ကိုတိုင်လို့မရဘူး။ ပြီးတော့သူ့ကိုဘယ်တရားရုံးမှာမှ ခံဝန်ချက်ပေးခိုင်းလို့မရဘူး။ ရဲဘက်ကလည်းဘုရင်မကြီးကို  စစ်ဆေးလို့လည်းမရဘူး။ ဒါကြောင့်ဖမ်းလို့လည်းမရဘူး။

ပြီးတော့အင်္ဂလန်နိုင်ငံမှာရှိတဲ့ ထောင်သားတွေက “At Her Majesty Leisure” ဆိုပြီး Term အောက်မှာအဖမ်းခံထားရတာပါ။ At Her Majesty Leisure ကိုတော့ Queen’s Pleasure လို့ပဲအလွယ်တကူပြောကြတယ်။ Queen’s Pleasure ဆိုတဲ့အတိုင်း ဘုရင်မကြီးစိတ်ရှိရင်ရှိသလို ထောင်သားတွေကို သက်ညှာပေးပြီးလွှတ်ပေးလိုက်လို့ရပါတယ်။ ဒီတော့တကယ်လို့အမှုတစ်ခုခုဖြစ်ပြီးတော့ ဘုရင်မကြီးကို တရားစွဲနိုင်ပြီး ထောင်ချနိုင်တယ်ဆိုရင်တောင် ငါ့ကိုလွှတ်ပေးလို့ပြောလိုက်တာနဲ့ ပြန်လွှတ်ပေးရမှာပဲ။ Queen’s Pleasure လေ။ ဥပဒေကိုက အဲဒီလိုကိုး။

ဒါ့အပြင်နောက်ဆုံးပိတ်အနေနဲ့ပြောရရင် ရဲတွေရော ၊ တရားဥပဒေစနစ်ရော ၊ အင်္ဂလန်ရဲ့တရားဥပဒေစိုးမိုးရေးဌာနကို ဝင်မယ်ဆိုတဲ့သူတိုင်း ကျိန်ဆိုကြရတယ်။ အဲဒီလိုကျိန်ဆိုတဲ့အထဲမှာ “ကျွနု်ပ်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဘုရင်မကြီးရဲ့နာမတော်အောက်မှာ ကောင်းမွန်မှန်ကန်စွာ တာဝန်ထမ်းဆောင်ပါ့မယ်”ဆိုတဲ့စာသားကြီးပါတယ်။ ဒီတော့ကိုယ်ကတာဝန်ထမ်းဆောင်ပေးမယ်လို့ ကျိန်ထားတဲ့သူကို ထောင်ပြန်ချဖို့ဆိုတာ သိပ်လည်းမဖြစ်နိုင်ဘူးလေ။ နိဂုံးချုပ်ရမယ်ဆိုရင် ဘုရင်မကြီးက လူသတ်မှုကျူးလွန်လည်း အပေါ်ကပြောခဲ့တဲ့ အထောက်အထားတွေကြောင့် ကွင်းလုံးကျွတ်လွတ်နိုင်ပါတယ်နော်။

Piki (Akhayar)

Ref: www.todayifoundout.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle