ပိုက်ဆံမကိုင်တဲ့ နိုင်ငံတွေရှိတယ်ဆိုတာ သင်သိပါသလား

ပိုက်ဆံမကိုင်တဲ့ နိုင်ငံတွေရှိတယ်ဆိုတာ သင်သိပါသလား

ပိုက်ဆံမကိုင်ရင် ဘယ်လိုလုပ်ပြီး အသက်ရှင်နေထိုင်လို့ ရမှာလဲဆိုပြီး မေးခွန်းထုတ်စရာရှိမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ပိုက်ဆံမရှိရင်တော့ အသက်ရှင်လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပိုက်ဆံရှိနေဖို့အတွက် လက်ထဲမှာ ပိုက်ဆံကို မဖြစ်မနေ ကိုင်စရာတော့ မလိုပါဘူး။ ဆိုလိုချင်တာက ငွေသားမကိုင်ဘဲ Online နဲ့ ဘဏ် Card စနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြတဲ့ နိုင်ငံတွေရှိတယ်ဆိုတာ ပြောချင်တာပါ။ ကဲ ဘယ်နိုင်ငံတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

Sweden
ဆွီဒင်နိုင်ငံမှာတော့ ငွေကြေးအသုံးပြုမှုအများစုက ငွေသားနဲ့ မဟုတ်တော့ပါဘူး။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Digital Payment စနစ်တွေ၊ ဘဏ် Card လိုမျိုး Digital Money တွေက သက်တမ်းတစ်လျှောက်လုံး အရိုးစွဲလာတဲ့ ငွေကြေးစနစ်ကို ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ဒီပြောင်းလဲမှုအကြီးစားကို ဆွီဒင်နိုင်ငံမှာ တွေ့နိုင်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ငွေသားသုံးစွဲမှုနှုန်းက ၁၅ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ အဲ့ဒါကြောင့် သင်ဟာ ဆွီဒင်နိုင်ငံကို သွားမယ်ဆိုရင်တော့ Credit Card ဒါမှမဟုတ် Mobile Phone တွေကို မပါမဖြစ် ယူသွားရမှာပါ။ ဘတ်စ်ကားတွေကို ငွေအကြွေနဲ့ စီးလို့မရတော့သလို စတိုးဆိုင်တွေအများစုကလည်း ငွေသားနဲ့ ပေးရင် လက်ခံမှာ မဟုတ်ပါဘ့ူး။ ဒီလို Digital Money စနစ်ကို ကျင့်သုံးရတဲ့ အဓိကအကြောင်းရင်းကတော့ ငွေပေးချေမှုတွေ မြန်ဆန်တဲ့အပြင် ပိုပြီးလုံခြုံစိတ်ချရလို့ပဲ ဖြစ်ပါတယ်။

United Kingdom
လက်ရှိဗြိတိန်နိုင်ငံမှာ ငွေသားကိုင်ဆောင်မှုက တော်တော့်ကို နည်းသွားပါပြီ။ ဘာလို့လဲဆိုတော့ သူတို့အတွက် ငွေသားက အပိုသက်သက်ဖြစ်နေတဲ့ အရာမို့လို့ပါ။ ပြီးတော့ ဆွီဒင်နိုင်ငံလိုပဲ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကအစ ငွေသားနဲ့ အသုံးမပြုကြတော့ပါဘူး။  သူတို့သုံးနေတဲ့ Cashless ငွေကြေးစနစ်က အင်တာနက်ရှိရင်ပဲ အချိန်မရွေး၊ နေရာမရွေးသုံးစွဲနိုင်တာကြောင့် ရောင်းသူ၊ ဝယ်သူဘက်ပါ  နှစ်ဦးနှစ်ဖက် အဆင်ပြေစေပါတယ်။ ဒီလိုမျိုးအားသာချက်တွေရှိနေတဲ့ Digital Money (ဘဏ် Card) တွေရှိရင်ပဲ အကုန်အဆင်ပြေနိုင်တာမို့ ငွေသားစက္ကူတွေက အပိုပစ္စည်းတစ်ခုဖြစ်လာတာ မဆန်းပါဘူး။

အပေါ်အချက်အလက်တွေကို ကြည့်ြ့ခင်းအားဖြင့် နောက်ပိုင်း ဖွံ့ဖြိုးပြီးသားနိုင်ငံတွေတော်တော်များများ ချဉ်းကပ်လာမယ့်အရာကတော့ Cashless စနစ်ကို ပိုပြီးကျင့်သုံးဖို့ ဖြစ်လာမယ်လို့ မြင်မိပါတယ်။ နိုင်ငံရဲ့ စီးပွားရေးလည်ပတ်မှုနှုန်းကလည်း ဘဏ် Card စနစ်တွေကြောင့် ပိုမြန်ဆန်လာပြီး ခရီးသွားလုပ်ငန်းတစ်ခုတည်းအနေနဲ့ ကြည့်မယ်ဆိုရင် Online နဲ့ သွားတဲ့ စနစ်က ပိုအလုပ်တွင်စေပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် နောက်ဆို ဘယ်သွားသွား၊ ဘယ်လာလာ ကိုယ့်မှာ ဘဏ် Card တစ်ခုလောက်ရှိရင်ပဲ အဆင်ပြေမယ်ဆိုတဲ့ သဘောပဲပေါ့။ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ အပါအဝင် တရုတ်နဲ့ စင်ကာပူတို့မှာလည်း တွင်တွင်ကျယ်ကျယ်သုံးနေကြတဲ့ UnionPay ကိုတော့ မလုပ်မဖြစ်ထားသင့်ပါတယ်။ နိုင်ငံပေါင်း ၁၇၀ ကျော်မှာ သုံးလို့ရတဲ့အတွက် ပိုလို့တောင် အဆင်ပြေမှာပါ။ ကိုယ်တွေနိုင်ငံလည်း တစ်ချိန်ချိန်မှာ Cashless စနစ်သုံးတဲ့ နိုင်ငံမဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အခုချိန်ကတည်းက ရင်းနှီးကျွမ်းဝင်မှုရှိအောင် လုပ်ထားမယ်ဆိုရင် မမှားဘူးပေါ့။

Photo Credit

NSC (Akhayar)