Social Media လုံးဝမသုံးတဲ့ ဟောလိဝုဒ်မှဆယ်လီများ အပိုင်း (၁)

Social Media လုံးဝမသုံးတဲ့ ဟောလိဝုဒ်မှဆယ်လီများ အပိုင်း (၁)

ဆယ်လီတစ်ယောက်က Social Media သုံးဖို့ကို ခါးခါးသီးသီး ငြင်းတယ်ဆိုတာက တော်တော်တော့ အံ့သြဖို့ကောင်းမယ့်ကိစ္စပါနော်။ ဘာလို့လဲဆိုတော့ ဒီခေတ်ကြီးမှာ လူတိုင်း Social Media နဲ့မကင်းကြပါဘူး။ အိမ်ပြင်ထွက်လို့ ဖုန်းလေးများမေ့ကျန်ခဲ့ရင်တောင် ကမ္ဘာပျက်မတတ် သောကတွေရောက်တဲ့သူနဲ့ ၊ ဖုန်းအားကုန်သွားလို့ ဂရက်ရိုက်တဲ့သူနဲ့ ၊ မိုးလင်းလို့ Facebook လေးမပွတ်ရရင် နေမထိထိုင်မသာဖြစ်တဲ့သူနဲ့ အမျိုးမျိုးရှိကြတယ်။ Soical Media က အသက်ကြိုးလိုတောင်ဖြစ်နေသလားပဲ။

ဒီနောက်ပိုင်းမှာ ဆယ်လီတွေကလည်း Social Media ကြောင့်နာမည်ကြီးလာကြတာတွေများတယ်လေ။ Social Media သာမရှိရင် တချို့ဆယ်လီတွေကို မြင်ခွင့်တောင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆယ်လီတွေထဲမှာ သူတို့အတွက် Social Media ဆိုတာ မလိုအပ်တဲ့ အပိုပစ္စည်းတစ်ခုလို့ သဘောထားတဲ့သူတွေရှိပါတယ်။ ဒါကတော့ Social Media သုံးဖို့ကို ငြင်းဆန်ခဲ့တဲ့ ဆယ်လီတွေပဲဖြစ်ပါတယ်။

Jennifer Lawrence
Jennifer Lawrence က သရုပ်ဆောင်ကောင်းလွန်းတဲ့ မင်းသမီးတစ်လက်ဆိုတာ သံသယဝင်စရာကိုမရှိဘူး။ Hunger Games Triology နဲ့ လူသိများပြီးတော့ Academy လည်းရထားတဲ့မင်းသမီးကောင်းတစ်လက်ဖြစ်တဲ့ J.Law ဟာ Social Media မသုံးတဲ့မင်းသမီးပါ။ J.Law က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုပြောခဲ့လဲဆိုတော့

“Twitter ဆိုတာက ကျွန်မအတွက်တော့ မတွေးရဲစရာပဲ” “ကျွန်မဘယ်တော့မှ Twitter သုံးမှာမဟုတ်ဘူး။ တကယ်လို့ကျွန်မကို Facebook ၊ Instagram နဲ့ Twitter တို့မှာ ကျွန်မ Account ကိုတွေ့ခဲ့မယ်ဆိုရင် သိထားပါ ၊ အဲဒါကျွန်မ မဟုတ်ဘူးလို့” ပြောခဲ့ပါတယ်။

Emily Blunt
Emily Blunt ကလည်း Social Media ကို မသုံးပါဘူး။ Emily Blunt က “A Quiet Place” ၊ “Mary Poppins Returns”  စွမ်းစွမ်းတမံသရုပ်ဆောင်ထားတဲ့ မင်းသမီးပါ။ ဟောလိဝုဒ် ရုပ်ရှင်လောကမှာ ခြေချလာတာလည်း နှစ်တွေတော့ကြာနေပြီဆိုတော့ Social Media သုံးဖို့ ကိုယ့်ကိုယ်ကိုယ်အသက်ကြီးနေပြီ ခံစားရလို့လားတော့မသိပါဘူး။ Emily က သူ့ကိုယ်သူ Social Media နဲ့ဒိုင်နိုဆောတစ်ကောင်လို့ Vulture သတင်းဌာနကိုပြောခဲ့ပါတယ်။ ပြီးတော့ကျွန်မခံစားရသေးတာက ကျွန်မရဲ့အလုပ်ကတခြားသူတွေကို ကျွန်မက ရုပ်ရှင်ထဲကတခြားလူတစ်ယောက်ဖြစ်တယ်ဆိုတာကို လက်ခံအောင်ဆွဲဆောင်ရတဲ့အလုပ်လေ။ ဒီတော့ Social Media မှာအရမ်းတွေဖော်ပြမိရင် ကိုယ့်အလုပ်ကို ကိုယ်တာဝန်မကျေသလိုဖြစ်မှာပေါ့လို့ ပြောခဲ့ပါသေးတယ်။

Emily ကအခုမှ အသက် ၃ဝ ကျော်ပဲရှိသေးတယ်ဆိုပေမယ့် Instagram ၊ Twitter နဲ့ Snapchat တွေကို သူတို့နဲ့သက်ဆိုင်တဲ့ ကလေးတွေအတွက်ပဲထားထားလိုက်ပါလို့ ပြောခဲ့တယ်။ ဒါပေမယ့်ပြောလို့မရဘူးလေ။ ဒီစကားကိုပြောခဲ့တာက နှစ်တွေလည်းကြာပြီဆိုတော့ စိတ်လည်းပြောင်းသွားနိုင်တာပဲ။

Bradley Cooper
Bradley Cooper ကလည်း သူ့ရဲ့တွဲဖက်သရုပ်ဆောင်ဖြစ်ဖူးတဲ့ J.Law လိုပဲ Social Media ကိုသိပ်ပြီးကြိုက်လှတဲ့သူ မဟုတ်ဘူးပေါ့။ သူ့လိုနာမည်ကြီးတစ်ယောက်ကတော့ Social Media သုံးမှာပဲလို့ အစကထင်ခဲ့တာပါ။ Bradley က Social Media ဆိုတာ အရသာခံစရာတစ်ခုပဲလို့ မြင်ပါတယ်။ သူလည်း Emliy Blunt နဲ့အတွေးတူတာ ဘယ်လိုမျိုးလည်းဆိုတော့ “ကျွန်တော်က စာအုပ်ကြီးမို့လို့လည်းဖြစ်မှာပါ။ ပြောရရင်ဗျာ ကျွန်တော်ကခင်ဗျားအကြောင်းကိုအရမ်းကို သိတယ်ပေါ့။ အဲဒီမှာခင်ဗျားက ရုပ်ရှင်ကားမှာသရုပ်ဆောင်နေတယ်ဗျာ။ ဒီတော့ခင်ဗျားကိုဇာတ်ကောင်နဲ့တွဲမြင်နိုင်ပြီး ရုပ်ရှင်ကိုအပြည့်အဝ ခံစားဖို့ဆိုရင် အပြင်လောကက ခင်ဗျားဆိုတာကို မေ့ဖို့တော်တော်လုပ်ယူရမှာ” လို့ပြောခဲ့တာကြောင့်ပါ။ ဒီတော့ပြောရရင်သူလည်း Social Media နဲ့ အလုပ်ကိုမထိခိုက်ချင်တဲ့ စိတ်ရှိနေတယ်လို့ ပြောလို့ရတာပေါ့။

Julia Roberts
အမေရိကန်ရဲ့ အသည်းကျော် Julia Roberts ကလည်း Social Media ရဲ့ပရိသတ်မဟုတ်ပါဘူးနော်။ Julia Roberts – “နားထောင် ၊ ကျွန်မတစ်လောကလုံးကို လျစ်လျူရှုပြီး အဆက်အသွယ်ပြတ်နေတာမဟုတ်ဘူး။ ကျွန်မအကြောင်းအရာအများကြီးကို သတိထားမိပါတယ်။ ဒီလိုလေ ကျွန်မ TV Show တွေနဲ့ ဇာတ်ကြောင်းတွေကို သိတာနဲ့ပဲ အဲဒါတွေကို ကြည့်ဖူးတယ်လို့ မဆိုလိုဘူးလေ။ ကျွန်မမှာ Social Media သုံးတဲ့သူငယ်ချင်းတွေရှိတယ် ၊ သူတို့တွေက အားလုံးပြန်ပြောပြနေတာပဲ။ ပြီးတော့ လူတိုင်းမှာ Instagram Account ရှိနေတယ်။ ကျွန်မမှာလည်း ရှိလို့ကတော့ ဒါကိုပဲတစ်ချိန်လုံးကြည့်နေမိတော့မှာ” လို့ပြောခဲ့တယ်။ Julia က သူနေထိုင်နေတဲ့အခိုက်အတန့်လေးမှာပဲ စကားတွေပြောရင်း အချိန်ကုန်လို့ကုန်မှန်းမသိ နေရတာကိုကြိုက်နှစ်သက်ပါတယ်တဲ့။

Benedict Cumberbatch
Benedict ရဲ့ Social Media မသုံးတဲ့ကြောင်တောင်တောင်အကြောင်းပြချက်ကတော့ ရယ်ချင်စရာကောင်းပါတယ်။ Benedict ကိုတော့ အားလုံးသိမှာပါ။ စာရေးသူအတွက်တော့ Benedict က အကောင်းဆုံး Sherlock Holmes ပါပဲ။ တစ်ခါက Cheltenham Literature Festival Benedict ကပရိသတ်တွေကို မေးခဲ့တယ်။ မင်းတို့ငါ့ကို Twitter သုံးစေချင်လားတဲ့။ ပရိသတ်တွေကတော့ သုံးစေချင်တယ်လို့ အော်တာပေါ့။ ဒါနဲ့ Benedict ကဘာလို့သုံးစေချင်တာလဲလို့ ထပ်မေးတယ်။ ပြီးတော့ကိုယ့်ဟာကိုယ်ပြန်ဖြေလိုက်တာက ဟုတ်ပါ့ ငါမသုံးလို့သုံးစေချင်တာပေါ့တဲ့။ နောက်တော့ Benedict ဘာဆက်ပြောလဲဆိုရင် – ငါသာ Twitter သုံးရင် မင်းတို့စိတ်ညစ်သွားမှာ ၊ Twitter မှာစာရေးတာက အရည်အချင်းတစ်ခုပဲ။ အဲဒီအရည်အချင်းက ငါ့မှာတော့မရှိဘူးကွာ ။ ငါစကားဘယ်လောက်ပြောလဲဆိုတာသာ နားထောင်ကြည့်တော့။ အခုဒီမှာရောက်နေချိန်တွင်း ပြောနေတာတောင် အချိန်တွေလွန်နေပြီ။ Tweet တာက လိုရင်းတိုရှင်းဖြစ်ရမှာလေ။ ငါသာ Tweet မယ်ဆိုရင် စာကိုပြန်ပြင်နေရတာနဲ့ပဲ နာရီတွေအများကြီးကုန်သွားလိမ့်မယ်တဲ့။ ဒီတော့မသုံးချင်လို့မသုံးတာတော့မဟုတ်ဘူး။ သုံးရင်တလွဲဖြစ်မှာစိုးလို့ မသုံးတာတဲ့။ ရယ်ရတယ်နော်။

ဘယ်လိုနေနေပါ ဆယ်လီတိုင်း Social Media မသုံးဘဲ ကိုယ့်ရဲ့အောင်မြင်မှုကို ထိန်းသိမ်းနိုင်တယ်ဆိုတာ အပေါ်ကငါးယောက်က သက်သေပြနေသလိုပါပဲ။ Social Media မသုံးဘဲနေနိုင်တဲ့ တခြားဆယ်လီတွေကိုလည်း နောက်တစ်ခေါက် အပိုင်း ၂ ကိုလည်းဖော်ပြပေးသွားဦးမှာမို့လို့ စောင့်မေ ျှာ်ဖတ်ရှုပေးကြပါဦးနော်။ ပြောလို့ရတာမဟုတ်ဘူးလေ။ ကိုယ့်ရဲ့ ဆယ်လီ Crush တွေလည်းပါလာနိုင်တာပဲ။

Piki (Akhayar)

Ref : www.thetalko.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle