Social Media လုံးဝမသုံးတဲ့ ဟောလိဝုဒ်မှ ဆယ်လီများ အပိုင်း ( ၂ )

Social Media လုံးဝမသုံးတဲ့ ဟောလိဝုဒ်မှ ဆယ်လီများ အပိုင်း ( ၂ )

ပြီးခဲ့တဲ့တစ်ခေါက်တုန်းက Social Media မသုံးတဲ့ ဟောလိဝုဒ်က ဆယ်လီတချို့ကို ဖော်ပြပေးခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း နောက်ထပ်ဘယ်သူတွေပါလာမှာလဲ။ Social Media နဲ့ ကင်းကင်းကွာကွာနေနိုင်တဲ့ နိုင်ငံရပ်ခြားကဆယ်လီတွေက လက်ချိုးရေလို့မကုန်ဘူးဆိုရင် ဘာပြောမလဲ။ ကဲ….လေပေါမနေတော့ပါဘူး။ ပြောလိုက်တော့မယ်နော်။

Emma Stone
Emma Stone ဆိုတာက ဟောလိဝုဒ်ရဲ့ မင်းသမီးကောင်းတစ်လက်လို့ပြောရင်လည်း ငြင်းလို့မရတဲ့သူပါ။ သရုပ်ဆောင်လည်းကောင်းသလို သီချင်းဆိုတော့လည်း အသံအရမ်းကောင်းတဲ့သူတစ်ယောက်ပေါ့။ ဝေးဝေးပြေးပြီးတွေးစရာမလိုပါဘူး။ La La Land ဇာတ်ကားနဲ့တင် သူဘယ်လောက်တော်တယ်ဆိုတာကို သိနိုင်ပါတယ်။ Emma Stone က နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပေမယ့် Social Media နဲ့တော့ ခပ်ကင်းကင်းမှာပဲနေတဲ့သူတစ်ယောက်ပါ။ သူက Los Angeles Time ကိုဘာပြောခဲ့လဲဆိုတော့ Social Media သုံးတယ်ဆိုတာက သူများကြိုက်တာကိုလိုချင်တာ ၊ ကိုယ်မသိတဲ့သူတွေကို သက်သေပြချင်တာပဲ။ ကြည့်ရတာလူတွေကလည်း သူတို့ဘဝတွေကို Instagram မဟုတ်ရင်လည်း တခြားဟာတွေမှာ ပျိုးထောင်နေကြတယ်။ အင်တာနက်ပေါ်မှာ မတွေ့တဲ့သူတွေတောင် ခပ်ရှားရှားဖြစ်နေပြီတဲ့။ Emma ရဲ့ပြောပုံအရဆိုရင် Social Media ကိုသိပ်မကြိုက်မှန်းလည်း ပေါ်လွင်နေပါတယ်။

George Clooney
George Clooney က Social Media သုံးတာက ပိန်းတယ်လို့ ယူဆတယ်တဲ့။ ဘာလို့လဲဆိုတာကိုလည်း ဥပမာလေးတစ်ခုနဲ့သူထောက်ပြသွားခဲ့တယ်။ တစ်ရက်မှာ မင်းကအရက်တွေအရမ်းမူးပြီးတော့ အိမ်ကိုပြန်ရောက်လာတယ်။ တီဗီလေးဘာလေးကြည့်တယ်။ ဒါပေမယ့်လူတစ်ယောက်က မင်းကိုစိတ်ဆိုးအောင်လုပ်တယ်။ ဒါနဲ့ပဲမင်းက Twitter ပေါ်မှာ ဘလာဘလာဘလာ ဆိုပြီးပေါက်ကွဲသံစဉ်တွေ ရေးတယ်။ ပြီးလည်းပြီးရောမူးလွန်းလို့ အိပ်ပျော်သွားတယ်။ နောက်နေ့မနက် အိပ်ရာကလည်းထရော မင်းရဲ့အသက်မွေးဝမ်းကျောင်းကြီးတစ်ခုလုံး ပျက်စီးနေပြီဆိုပြီး Esquire မဂ္ဂဇင်းဌာနကို ပြောပြခဲ့ပါတယ်။ သူပြောတာလည်း မှားတော့မမှားဘူး။ ခံစားချက်တွေကိုရေးချင်တိုင်းရေးပြီး နောက်မှနောင်တရအောင်လုပ်နိုင်တာ Social Media ပဲ။

Scarlett Johansson
Scarlett Johansson ကလည်း ဟောလိဝုဒ်မှာ တော်တော်နေရာယူထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ Marvel ကထုတ်တဲ့ Avengers ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်ထဲထိ တိုးဝင်ပြီးပြီဖြစ်တဲ့ Scarlett ကတော့ Twitter တို့ Facebook တို့သုံးတာက မလိုအပ်ပဲ မ ျှဝေနေတယ်လို့ ထင်ပါတယ်တဲ့။ သူ့မှာ Social Media နဲ့ပတ်သက်တဲ့ Account တွေလည်း မရှိပါဘူး။ သူ့နာမည်နဲ့တွေ့ရတော့ သေချာတယ် သူမဟုတ်တဲ့ တခြားတစ်ယောက်က သုံးတာနေပါလိမ့်မယ်။ သူ့ရဲ့တစ်နေ့တာလုံးမှာဖြစ်ပျက်နေတာတွေကို ပြောပြချင်စိတ်မရှိပါဘူးတဲ့။ ညစာစားတိုင်း ဟေး ငါတော့ဒီဆိုင်မှာညစာလာစားနေတယ်ဆိုပြီး ဓာတ်ပုံတွေရိုက်ပြီး မကြေညာချင်ပါဘူးတဲ့။ Scarlett က ဘယ်လိုတောင်ပြောသေးလဲဆိုတော့ နောက်ပိုင်းလူငယ်တွေက သူများတွေ သူတို့ဘဝမှာဖြစ်နေတာတွေအားလုံးကို ကြားဖို့လိုအပ်နေတယ်ထင်နေတဲ့ပုံမှာရှိတယ်။ ငါ Starbucks ကော်ဖီဝယ်ထားတယ်။ ငါမနေ့ကမအိပ်ရလို့ အရမ်းပင်ပန်းနေပြီ။ ကျွန်မတို့တွေက မလိုအပ်ဘဲနဲ့ကိုယ့်အကြောင်းကို သူများကိုပြောနေတယ်ဆိုပြီးတော့။ သူပြောတာလည်းဟုတ်တော့ဟုတ်ပါတယ်။

Brad Pitt
ယုံချင်ယုံ မယုံချင်နေ Brad Pitt လည်း အင်တာနက်ရဲ့ပရိသတ်မဟုတ်ဘူးတဲ့။ သူတင်မဟုတ်ဘူး သူ့ရဲ့ဇနီးဟောင်း Jolie လည်းအတူတူပဲ။ သူတို့ကလေးတွေရဲ့အင်တာနက်သုံးတဲ့နှုန်းကို စစ်ဆေးဖို့တောင် Cyber Security ထားထားတယ်တဲ့။ ပြောရရင် Brad Pitt ကကွန်ပျူတာတောင် ကောင်းကောင်းမသုံးတတ်ပါဘူးလို့ Vanity Fair ကို ဝန်ခံပြောကြားခဲ့တယ်။ သူဖုန်းကိုသွားကြည့်ဖို့တော့ မဖြစ်နိုင်ပေမယ့် Brad Pitt က Twitter မှာရော Instagram မှာမရှိတာပါ သေချာပါတယ်။ ပြီးတော့သူ့အတွက်က အရာအားလုံးကိုမှတ်တမ်းတင်ထားစရာမလိုပါဘူးလေ။ သတင်းထောက်တွေက တစ်ချိန်လုံးလိုက်ရိုက်နေတော့ သူဘယ်နေ့မှာဘာလုပ်ခဲ့တယ်ဆိုတာကို သိချင်ရင် Google ခေါက်လိုက်ရုံပဲဆိုတော့ Social Media သုံးလည်း ဘာထူးတော့မှာလဲ။

Keira Knightley
Keira Knightley က Twitter အကောင့်တစ်ခုကို ၁၂ နာရီပဲဖွင့်လိုက်ပါတယ် သူ့ကိုဦးနှောက်စားစေလွန်းလို့ ပြန်ကိုလှည့်မကြည့်တော့တာတဲ့။ လူသားတွေရဲ့ဖြစ်တည်မှုကို လေ ျှာ့ချတယ်လို့ Social Media ကိုစံသတ်မှတ်ထားတဲ့ ဒီမင်းသမီးက အကောင့်အတုတစ်ခုနဲ့ Social Media ကိုစမ်းသပ်ဖို့ ကြိုးစားခဲ့တယ်ပေါ့။ ဒါပေမယ့်အလုပ်လုံးဝမဖြစ်ခဲ့ပါဘူး။ သူ့ကိုပရိသတ်တွေက အင်တာနက်မသုံးလို့ မာနကြီးတယ်ဆိုပြီးပြောကြပေမယ့် Keira က ဘာပြန်ပြောလဲဆိုတော့ “မဟုတ်ဘူး။ Social မသုံးတာဘာမှမဖြစ်ပါဘူးလို့ ထင်တယ်။ ကျွန်မက သီးသန့်လေးနေရတာကို သဘောကျတယ်”ဆိုပြီးတော့ပေါ့။ ဘယ်လိုနေနေလေ သူလည်း ၁၂ နာရီလောက်တော့ စမ်းကြည့်တာပဲ။ သူသဘောမတွေ့တာကိုတော့ ဘယ်တတ်နိုင်မလဲပေါ့။ Social Media ကိုမခံစားနိုင်တဲ့သူတွေက တကယ်မခံစားနိုင်ဘူးရယ်။

ပရိသတ်ကြီးတို့ကတော့ Socail Media ကို ကြိုက်တဲ့သူတွေကြီးပါပဲ။ ဟုတ်တယ်မလား။ ကြိုက်လို့ ဒါတွေလာဖတ်နေတာပေါ့လို့။ စာရေးသူလည်းကြိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ အမြင်ဘယ်တူနိုင်မလဲပေါ့။ Social Media ကိုကြိုက်တဲ့သူတွေရော မကြိုက်တဲ့သူတွေပါ ညီတူမ ျှတူအသက်ရှင်နေတာလေ။ နောက်တစ်ခေါက်မှာလည်း Soical Media နဲ့ဓာတ်မတည့်ပါဘူးဆိုတဲ့ ဆယ်လီတွေကို ထပ်ပြောပြသွားဦးမယ်နော်။ စောင့်မေ ျှာ်ဖတ်ရှှုပေးကြပါဦးနော်။

Piki (Akhayar)

Ref: www.thetalko.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle