ဆွေးနွေးတိုင်ပင်ဖို့နဲ့ သိလိုသမျှအတွက်ဆို Comfort Zone ရှိတယ်နော်
![ဆွေးနွေးတိုင်ပင်ဖို့နဲ့ သိလိုသမျှအတွက်ဆို Comfort Zone ရှိတယ်နော်](/content/images/size/w1200/2019/11/cf.jpg)
ဒီတစ်ပတ်ကနေစပြီး အခရာကနေ ကဏ္ဍသစ်တစ်ခုအနေနဲ့ စာဖတ်သူတွေကို စတင်တင်ဆက်ပေးမှာကတော့ “Comfort Zone” လို့ အမည်ရတဲ့ ကဏ္ဍသစ်လေးတစ်ခုပဲ ဖြစ်ပါတယ်။
![](https://akhayarlifestyle.com/content/images/2019/11/cf1.jpg)
ဒီကဏ္ဍလေးဟာ ဘယ်လိုမျိုးလေးလဲဆိုတော့ စာဖတ်သူတွေ သိလိုသမျှ အကြောင်းအရာတွေတိုင်းကို လာရောက်မေးမြန်းလို့ရသလို ရင်ဖွင့်စရာမရှိတဲ့အခါမျိုးမှာလည်း လာရောက်ရင်ဖွင့်ပြီး ဆွေးနွေးတိုင်ပင်လို့ရတဲ့ ကဏ္ဍမျိုးလေးပါ။ပရိသတ်ကြီးလာရောက်မေးထားတဲ့ မေးခွန်းတွေနဲ့ ဆွေးနွေးတိုင်ပင်ထားတဲ့ အကြောင်းအရာတွေထဲကမှ အမေးအများဆုံးအကြောင်းအရာလေးတွေကို အပတ်စဉ်သောကြာနေ့တိုင်းမှာ အခရာဝိုင်းတော်သားတွေက သိသလောက်တတ်သလောက် စုစည်းပြန်လည် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မသိတာတွေ အခက်ခဲတွေနဲ့ ရင်ဖွင့်စရာတွေရှိရင် “Comfort Zone” ကိုသာ သတိရပြီး မေးမြန်းလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်နော်။
![](https://akhayarlifestyle.com/content/images/2019/11/cf2.jpg)
ရင်ဖွင့်ဆွေးနွေးချင်တဲ့အကြောင်းအရာလေးတွေနဲ့ မေးခွန်းလေးတွေကိုတော့ Chatbox မှာ “Comfort Zone”သို့လို့တပ်ပြီး လာပြောပြလို့ရသလို ဒီ Post ရဲ့ Comment Box မှာလည်း လာရောက် ပြောပြ မေးမြန်းလို့ရပါတယ်နော်။
H.H(Akhayar)