ရာသီလာခြင်းနဲ့ပတ်သက်ပြီး လွဲမှားစွာယူဆထားတဲ့အရာများ

ရာသီလာခြင်းနဲ့ပတ်သက်ပြီး လွဲမှားစွာယူဆထားတဲ့အရာများ

ဘာလို့လဲတော့မသိဘူး ၊ ရာသီလာတာနဲ့ပတ်သက်ပြီးတော့ မိဘတွေက ကလေးတွေကို သွန်သင်ဆုံးမတဲ့အရာတွေက မှားနေတယ်ဆိုတာကို မသိကြဘူး။ အခုနောက်ပိုင်းမှာ လူတွေလည်းအမြင်ပွင့်လာကြပြီမို့ ရာသီလာတာနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းလည်း ဆွေးနွေးလာနေကြပြီလေ။ ဒီတော့ရာသီလာတာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေကို ညီမလေးတို့လည်း သိထားသင့်တယ်ထင်ပါတယ်။ အဲဒါတွေကတော့

ရာသီလာနေချိန်မှာရေချိုးခေါင်းလျှော်မလုပ်ရဘူး
ရာသီလာချိန်မှာရေချိုးခေါင်းလျှော်မလုပ်ရဘူးဆိုတဲ့ အယူအဆက အမှန်တကယ်က မှားပါတယ်။ ဒါတွေကို ဘာလို့မလုပ်ရမှာလဲ။ လူကြီးတွေပြောသလို ဦးနှောက်သွေးကြောတွေ ပြတ်ကုန်မှာစိုးလို့လား။ မဟုတ်ဘူးနော်။ ရာသီလာရင်းခေါင်းလျှော်လို့ ဦးနှောက်သွေးကြောပြတ်ရကြေးဆိုရင် စာရေးသူသေတာကြာပြီ။ ကုန်ကုန်ပြောရရင် ရာသီလာနေတုန်း ရေနွေးလေးနဲ့ရေချိုးခေါင်းလျှော်တာက ရာသီလာခြင်းကြောင့်ခံစားရတဲ့ ကြွက်တက်တာတွေနဲ့ ရာသီမလာခင် အကြောတွေတင်းတာတွေကိုတောင် ပိုပြီးတော့သက်သာစေပါတယ်။

ရာသီလာနေတုန်းရေမကူးရဘူး
ရာသီလာနေတုန်းရေမကူးရဘူးဆိုတာက အမှန်မှာ ဟိုးပဝေသဏီတုန်းက ရာသီလာရင်ခံတဲ့ Menstrual Pads တွေ ၊ Cup တွေ ၊ Tampons တွေမပေါ်ခင်က စကားတွေပါပဲ။ ဟုတ်ပါတယ် ဟိုးအရင်အချိန်တွေမှာ ဒါတွေမရှိလို့ ရေဆင်းကူးရင် ကန်ညစ်ပတ်သွားမှာပေါ့။ ဒါပေမယ့်အခုတော့ ထိန်းသိမ်းလို့ရတဲ့ အထောက်အကူပစ္စည်းတွေရှိနေပြီမို့ ဒီရေဆင်းမကူးရဘူးဆိုတဲ့ အယူအဆကိုလည်း ဖျောက်ဖျက်သင့်ပါပြီ။

ရာသီလာချိန်မှာ လေ့ကျင့်ခန်းတွေ အားသုံးပြီးလုပ်ရတဲ့အရာတွေကို ရှောင်ကျဉ်ရမယ်
ဒီအယူအဆတွေက အမှန်တကယ်မှာ ဒိတ်အောက်နေတဲ့အယူအဆတွေသာဖြစ်တယ်။ ရာသီလာတဲ့အမျိုးသမီးက အိမ်မှာနေရမယ် ၊ အနားယူရမယ် ၊ ဘယ်မှာမသွားရဘူးဆိုတာ အလကားတွေပဲ။ ရာသီလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပဲ ၊ ရောဂါတစ်ခုမဟုတ်ဘူးလေ။ ရာသီလာလည်းခါတိုင်းလုပ်နေကျ လုပ်ငန်းစဉ်တွေက လုပ်လို့ရတာပါပဲ။ ပြောရရင် ရာသီလာနေတုန်း လေ့ကျင့်ခန်းလေးလုပ်ပေးတာက ရာသီလာချိန်မှာ နာကျင်ခံစားရတဲ့ဒဏ်ကိုတောင် သက်သာစေတယ်တဲ့။ ရာသီလာလို့လေ့ကျင့်ခန်းမလုပ်ရဘူးဆိုရင် အိုလံပစ်မှာ ပြိုင်နေတဲ့ အားကစားမယ်တွေကျ ဘယ်လိုလုပ်မလဲ၊ စဉ်းစားကြည့်ပေါ့။

ရာသီလာနေတုန်းလိင်ဆက်ဆံတာ ကျန်းမာရေးအတွက် မကောင်းဘူး
ရာသီလာနေတုန်းမှာ လိင်မဆက်ဆံရဘူးလို့ ပြောလေ့ပြောထရှိပါတယ်။ အမှန်တကယ်မှာ ရာသီလာနေတုန်းမှာ စိုးရိမ်မှုတွေဘာမှမထားဘဲ သာမန်အတိုင်း လိင်ဆက်ဆံနိုင်ပါတယ်လို့ Very Well Health က ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။ သုတေသနတွေကတောင် ရာသီလာတုန်းလိင်ဆက်ဆံတာက ရာသီချိန်တွင်းကြွက်တက်တာတွေကိုတောင် သက်သာကောင်းသက်သာစေနိုင်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း ဒီအချက်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေတော့ရှိနေပါသေးတယ်။ ဒါကြောင့် ရာသီလာနေချိန်မှာလိင်ဆက်ဆံမယ်ဆိုရင်တောင်မှ အကာအကွယ်တွေသုံးပြီး ဆက်ဆံတာက ပိုပြီးတော့စိတ်ချရပါတယ်။

ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူး
ရာသီလာနေတုန်း လိင်ဆက်ဆံပြီးနောက်ပိုင်း ရာသီလာတာမှန်နေမယ်ဆိုရင်တောင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်တဲ့နော်။ မပေါ့ကြပါနဲ့။ ကိုယ်ဝန်ရဖို့ဆိုတာက သားဥတည်မှဖြစ်တာပါ။ သားဥတည်တာက ပုံမှန်ဆိုရင် ရာသီလာပြီးချိန်ဖြစ်တာများတယ်။ ဒါပေမယ်ကိုယ်ရဲ့ ရာသီက ပုံမှန်မဟုတ်ဘူး သာမန်ထက်ကြာတတ်တယ်ဆိုရင် သင့်ရဲ့ (Fertile Window) သားဥတည်တဲ့နေ့က ရာသီလာတဲ့နေတွေနဲ့ထပ်သွားနိုင်တယ်။ ဒါကြောင့် ရာသီလာနေချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ လုံးဝအမှန်မဖြစ်နိုင်ပါဘူး။

အချိန်ကြာကြာ အတူတူပေါင်းသင်းကြတဲ့ မိန်းကလေးတွေက ရာသီလာတဲ့အချိန်တူတယ်
ဒီအချက်ကတော့ နည်းနည်းငြင်းခုန်စရာကောင်းတဲ့အချက်ဖြစ်နေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ စာရေးသူကိုယ်တိုင် Bff နဲ့ ရာသီလာတဲ့ရက်တွေတူပေါင်းမနည်းလွန်းလို့ပါ။ ၁၉၇ဝ ခုနှစ်တွေက လေ့လာချက်တွေအရ အတူတူတွဲပြီးနေတာများတဲ့ မိန်းကလေးတွေမှာ Pheromone လို့ခေါ်တဲ့ ကိုယ်တွင်းဓာတ်က သူတို့ရဲ့ရာသီလာချိန်ကို ချိတ်ဆက်ပေးတယ်တဲ့။ နောက်ပိုင်းလေ့လာချက်တွေကတော့ ဒါကိုသက်သေမပြနိုင်ခဲ့ဘူး။ ရာသီလာချိန်တိုက်နေတာက သာမန်တိုက်ဆိုင်တာပဲဖြစ်နိုင်တယ်တဲ့။ သုတေသီတွေက ဒါကိုသက်သေပြနိုင်ဖို့ ကြိုးစားနေကြတုန်းဆိုတော့ ဒီအချက်ကလည်း အယူအလွဲအဖြစ်ယူဆလို့ရပါတယ်။

ကဲ…..ဘယ်လိုလဲ။ စာရေးသူပြောတာတွေကို ထောက်ခံလား။ စာရေးသူလိုပဲ ဒီအယူအဆတွေက မှားနေပါတယ်လို့ ထင်လား။ ဒါမှမဟုတ်ရင် စာရေးသူပြောတာတွေကို လက်မခံနိုင်ဘူးဆိုတဲ့သူတွေရော ရှိကြလား။ ပြောပြကြည့်ခဲ့နော်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle