မြန်မာနိုင်ငံအပြင် ရေကစားပွဲတော်ကိုကျင်းပတဲ့ တခြားနိုင်ငံများ

မြန်မာနိုင်ငံအပြင် ရေကစားပွဲတော်ကိုကျင်းပတဲ့ တခြားနိုင်ငံများ

ဧပြီလမှာ သင်္ကြန်ပွဲတော်ကို ကျင်းပနေပြီး ရေတွေပက်ဆော့ကစားရင်း နှစ်သစ်ကိုဖြတ်သန်းနေကြပါတယ်။ ဒါနဲ့စဉ်းစားမိလာတာက တို့နိုင်ငံအပြင်တခြား ဘယ်နိုင်ငံတွေရော ရေကစားပွဲတော်တွေကို ကျင်းပသေးလဲဆိုတာပေါ့။ စဉ်းစားမိတော့ သိချင်လာတယ်လေ။ ဒါနဲ့ဟိုရှာဒီရှာနဲ့ ရေကစားပွဲတော်ကျင်းပတဲ့ နိုင်ငံအချို့ကိုသွားတွေ့ပါလေရော။ ရေကစားပွဲတော်ကို အကြောင်းအမျိုးမျိုးကြောင့် ဆင်နွဲကြတာကိုတွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်သစ်ကိုကြိုဆိုဖို့ ရေကစားပွဲတော်ကို ကျင်းပါတယ်။ တခြားနိုင်ငံတွေမှာလည်း ရေကစားပွဲတော်ကို ကျင်းပရတဲ့ အကြောင်းပြချက်ကောင်းလေးတွေရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ Songkran ရေကစားပွဲတော်
ထိုင်းနိုင်ငံမှာကျင်းပတဲ့ Songkran ရေကစားပွဲတော်က ကမ္ဘာပေါ်မှာ အကြီးဆုံးရေကစားပွဲတော်လို့ ပြောခင်ပြောလို့ရပါတယ်။ Songkran က ထိုင်းနိုင်ငံရဲ့နှစ်သစ်ကူးပွဲတော်အတွက် ကျင်းပတာဖြစ်ပြီးတော့ ပုံမှန်အားဖြင့် ဧပြီလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နှစ်စဉ်ကျင်းပပါတယ်။ ရိုးရာအရဆိုရင် ဗုဒ္ဓဘာသာဝင်တွေက မနက်ပိုင်းမှာ ဘုရားကျောင်းတွေသွား ၊ ဘုန်းကြီးတွေကို ဆွမ်းကပ်ရင်း ကုသိုလ်ယူကြတယ်။ ပြီးတော့ဗုဒ္ဓရုပ်ပွားတော်တွေကို ရေသပ္ပာယ်ပြီး ကုသိုလ်ယူကြတယ်။

ဒါပေမယ့်အခုချိန်ထိုင်းကိုသွားမယ်ဆိုရင်တော့ ရေလာဆော့တဲ့ နိုင်ငံခြားသားတွေနဲ့ ရေဆော့တဲ့ဒေသခံတွေနဲ့ အုံကျက်နေမှာပါ။ ရေတွေ စိုရွှဲပြီးအသေပျော်ပါးချင်တယ်ဆိုရင်တော့ Chiang Mai ကိုသွား ၊ Phuket နဲ့ Pattaya မှာလည်း ရေကစားပွဲတော်အကြမ်းစားတွေရှိပါတယ်နော်။

မလေးရှားနိုင်ငံရဲ့ Intrudu ရေပက်ပွဲတော်
Meleka လို့မလေးလိုအသံထွက်တဲ့ မလေးရှားနိုင်ငံက Malacca ပြည်နယ်ရဲ့ ခရစ်ယာန်တွေဖြစ်ကြတဲ့ ပေါ်တူဂီလူမှုအဖွဲ့အစည်းလေးက အခုချိန်ထိသူတို့ရဲ့ရိုးရာအစဉ်အလာကို ထိန်းသိန်းနေတုန်းပါပဲ။ အဲဒီထဲမှာ သူတို့ရဲ့ရေကစားပွဲတော်လည်းပါဝင်ပါတယ်။ Intrudu ဆိုတာက ပေါ်တူဂီဒေသစကား Cristao မှာ “အစ” မဟုတ်ရင် “အရင်ကြိုပြီးဖြစ်တယ်” လို့ အဓိပ္ပါယ်ရပါတယ်။ သူတို့က Intrudu ကိုအသစ်ဖြစ်ခြင်းတစ်ခုအနေနဲ့ သဘောထားပြီး ဘာသာရေးပွဲတော်ဖြစ်တဲ့ Lent ကိုကျင်းပဖို့ပြင်ဆင်တာ ရာစုနှစ်တွေအကြာကြီးရှိနေပါပြီ။

ဒီပွဲတော်ကို ဖေဖော်ဝါရီလအဆုံး မတ်လအစလောက်မှာကျင်းပတာဖြစ်ပြီး Ash Wednesday မှာတစ်ခါတည်းစပြီး နောက်နေ့မှာ တနင်္ဂနွေပွဲတော်ကိုဆက်ယူကြတယ်။ ဒီပွဲတော်ကိုလူတိုင်းပါဝင်ဆင်နွဲနိုင်ပြီး အားလုံးကလည်း ပျော်ပျော်ပါးပါးရေတွေပက်ကြပါတယ်။ ဒီပွဲတော်မှာပါဝင်ချင်တယ်ဆိုရင် Meleka City Center ရဲ့ မြောက်ဖက်မှာရှိတဲ့ Portuguese Settlement လေးမှာရှိပါတယ်။

တရုတ်နိုင်ငံရဲ့ Dai ရေပက်ပွဲတော်
တရုတ်နိုင်ငံ ယူနန်စီရင်စုမှာ နေထိုင်တဲ့ Daiလူမျိုးစုအတွက်ကတော့ ရေပက်ပွဲတော်က အဓိကပွဲတော်ပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နီးစပ်တဲ့အတွက်ကြောင့် သူတို့ရဲ့ရိုးရာနဲ့ပွဲတော်ကျင်းပတဲ့ပုံစံတွေက တခြားနိုင်ငံတွေနဲ့လည်း ခပ်ဆင်ဆင်ဖြစ်ပါတယ်။ သူရဲ့အိမ်နီးချင်းနိုင်ငံတွေလိုပဲ Dai တွေရဲ့ပွဲတော်ကလည်း ဧပြီလ ၁၃ ရက်နေ့မှာပဲစပြီးတော့ ၁၆ ရက်နေ့မှာပြီးပါတယ်။ တောင်ဖက်ကအိမ်နီးချင်းနိုင်ငံတွေလိုပဲ ဘုရားရေသပ္ပါယ်တာကိုလုပ်ကြပါတယ်။ ဒါကြောင့်နှစ်သစ်မှာဘုံကျောင်းတွေသွားပြီး ဆင်းတုတော်တွေကို ရေသပ္ပါယ်ကြပါတယ်။ နောက်ပြီးတော့ Dragon Boat ဆိုတဲ့လှေပြိုင်ပွဲတွေ ၊ ရောင်စုံနေတဲ့ စီတန်းလှည့်လည်တာတွေ ၊ စားသောက်ပွဲတွေကိုလည်းကျင်းပါကြပါတယ်။

Armenia နိုင်ငံရဲ့ Vardavar ပွဲတော်
ပူပြင်းလွန်းတဲ့ ဇူလိုင်လမှာကျင်းပတဲ့ Vardavar က Armenia ရဲ့ရေပက်ပွဲတော်ဖြစ်ပြီး Paganism ဆိုတဲ့ကိုးကွယ်မှုရှိခဲ့တဲ့ခေတ်ကလည်း စတင်ခဲ့တာဖြစ်ပါတယ်။ Paganism ဆိုတာက ခရစ်တော်မတိုင်မီမှာ ယုံကြည်ကိုးကွယ်ခဲ့တဲ့ ဘာသာရေးသက်ဝင်ယုံကြည်မှုတွေ တော်တေ်ာများများပါဝင်တယ်။ ဒီခေတ်ဟောင်းပွဲတော်က အရင်အချိန်တုန်းက ရေ ၊ လှပမှု ၊ ချစ်ခြင်းနဲ့ အကျိုးဖြစ်ထွန်းခြင်းတို့ရဲ့ နတ်ဘုရားမဖြစ်တဲ့ Astghik နဲ့သက်ဆိုင်ခဲ့တယ်။

ဒါပေမယ့် ဒီနေ့ခေတ်ကိုရောက်တဲ့အခါမှာတော့ ခရစ်ယာန်ရိုးရာဖြစ်လာခဲ့တယ်။ အီစတာမတိုင်ခင် ၉၈ ရက်အလိုမှာကျင်းပကြတယ်။ လူတစ်ယောက်အိမ်အောက်က ဖြတ်လေ ျှာက်လာတာကို အိမ်ပေါ်ကနေရေလောင်းချတာက ဒီနေ့ခေတ်မှာ မထူးဆန်းတော့ပါဘူး။ ဒီပွဲတော်က ကလေးတွေအတွက်လည်း ပျော်စရာပွဲတော်အနေနဲ့ဖြစ်လာခဲ့ပါတယ်။ ဒီပွဲတော်ကိုဆင်နွဲချင်တယ်ဆိုရင်တော့ Armenia ရဲ့မြို့တော် Yerevan က Vardavar ပွဲတော်ကိုကျင်းပတဲ့ အကြီးကျယ်ဆုံးနေရာမို့လို့ Yerevan ကိုသွားသင့်ပါတယ်။

ကဲ…..စိတ်ဝင်စားဖို့ကောင်းတယ်မလား။ ကိုယ့်နိုင်ငံအပြင်တခြားနိုင်ငံတွေမှာလည်း သင်္ကြန်လိုပွဲတော်မျိုးရှိတာသိရတာ တစ်မျိုးတစ်မည်တော့ ခံစားရစေမယ် ၊ ဗဟုသုတလည်းရမယ်လို့ထင်ပါတယ်။ စိတ်ပါရင်စာစီစာကုံးတွေတောင်ကောက်ရေးလို့ရတယ်နော်။

Piki (Akhayar)

Ref: blog.traveloka.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle