တိုက်တန်းနစ်ရုပ်ရှင်နဲ့ တကယ့် အဖြစ်အပျက်ကြား ကွာခြားချက်များ

တိုက်တန်းနစ်ရုပ်ရှင်နဲ့ တကယ့် အဖြစ်အပျက်ကြား ကွာခြားချက်များ

ဒီနေ့ဟာ တိုက်တန်းနစ် သင်္ဘောကြီး မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ နစ်မြှုပ်ခဲ့တာ ၁၀၇ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ အမှတ်တရအနေနဲ့ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂန္တဝင် Titanic ရုပ်ရှင်နဲ့ တကယ့် အဖြစ်အပျက်ကြား ကွာခြားချက်လေးတွေကို ရေးသား ဖော်ပြချင်ပါတယ်။

မရေးခင်မှာ Titanic သင်္ဘောကြီး နစ်မြုပ်သွားတဲ့ အဖြစ်အပျက်ကို အစပြန်ကောက်ရရင်တော့ Titanic ဟာ အင်္ဂလန်နိုင်ငံ Southampton မြို့ကနေ အမေရိကန် နယူးယောက်မြို့ကို ခုတ်မောင်းလာပြီး ၄ ရက်မြောက်နေ့မှာ ရေပြင်ပေါ် တိုးထွက်နေတဲ့ ရေခဲတောင်အစွန်းနဲ့ တိုက်မိပြီး ၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက် မနက်အစောပိုင်းမှာ နစ်မြုပ်သွားခဲ့ရတာ ဖြစ်ပါတယ်။

Titanic ရဲ့ နစ်မြုပ်ချိန်ဟာ ၂နာရီနဲ့ မိနစ် ၄၀ လောက်ကြာမြင့်ခဲ့ပြီး လူပေါင်း ၁,၅၀၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ရေကြောင်းသမိုင်းမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်ဆိုးကြီးတွေထဲက တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
သမိုင်းမှတ်တမ်းတွေအရ Titanic မှာ ပင်လယ်ထဲမှာမျောနေတဲ့ ရေခဲကျောက်တောင်တွေအကြောင်း သတိပေးချက် ၆ ခုလောက်ကို ဧပြီလ ၁၄ ရက်လောက်တည်းက ရရှိခဲ့ပေမယ့် အရှိန်အမြင့်ဆုံးလောက်နဲ့ ဆက်ခုတ်မောင်းခဲ့လို့ ရေခဲတောင်ကို တွေ့ချိန်မှာ ပြန်ကွေ့ဖို့ရာ မစွမ်းသာဘဲ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဒီလို တိုက်မိခဲ့တဲ့အတွက် သဘောၤမှာ ရှိတဲ့ အခန်း ၁၆ ခန်းထဲက အခန်း ၆ ခန်းကျိုးပျက်ပြီး ရေတွေဝင်လာခဲ့တာ ဖြစ်ပါတယ်။Titanic ဟာ သူ့ရဲ့ အကန့်တွေထဲက ၄ ကန့်လောက်နစ်မြုပ်သွားရင်တောင် ရေပေါ်မှာ ပေါ်နေအောင် ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပေမယ့် ၆ ကန့်လောက် ပျက်စီးသွားတဲ့အခါမှာတော့ မတတ်နိုင်တော့ဘဲ သင်္ဘောကို စွန့်ခွာရပါတော့တယ်။ သဘောၤက မခွာခင်မှာ အနီးအနားတစ်ဝိုက်က သဘောၤတွေဆီ Radio Message တွေ ပေးပို့ခဲ့သလို မီးကျည်တွေလည်း ပစ်လွှတ်ခဲ့ပါသေးတယ်။

Titanic ရဲ့ အသက်ကယ်လှေစနစ်ဟာ အနီးအနားက သင်္ဘောဆီကို လူတွေကို အခေါက်ခေါက် အခါခါ သယ်ပို့ဖို့သာ စီစဉ်ထားခဲ့တဲ့ စနစ်ဖြစ်တဲ့အတွက် လူတွေ အများကြီးကို အကြာကြီး တင်ထားနိုင်ဖို့ မဟုတ်ခဲ့ပါဘူး။ နောက်ထပ် အသေအပျောက်များရတဲ့ အချက်ကတော့ ညံ့ဖျင်းလှတဲ့ ကယ်ဆယ်ရေးစီစဉ်ပုံကြောင့် အသက်ကယ်လှေတွေဟာ လူမပြည့်ခင်မှာ ထွက်သွားတဲ့အတွက် လူသိပ်မကယ်နိုင်ခဲ့ပါဘူး။

ရလဒ်အနေနဲ့ သင်္ဘောကြီး နစ်မြှုပ်သွားခဲ့ချိန်မှာ သဘောၤပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၁၀၀၀ ကျော်လောက် ကျန်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့တွေ တော်တော်များများဟာ ရေထဲကို ပြုတ်ကျတဲ့သူက ပြုတ်ကျ၊ ခုန်ချတဲ့သူက ခုန်ချနဲ့ ရေထဲရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရာသီဥတုအေးတဲ့ဒဏ်နဲ့ သေဆုံးကုန်ကြပါတယ်။

လာကယ်တဲ့ RMS Carpathia သင်္ဘောရောက်ရှိတဲ့ အချိန်ဟာ အခင်းဖြစ်ပြီး ၁နာရီခွဲလောက်အကြာမှ ဖြစ်ပါတယ်။ဒီဖြစ်ရပ်ကြီးဟာ ကမ္ဘာတဝန်းလုံးကို ရှော့ခ်ရသွားစေပြီး သင်္ဘောပေါ်မှာ အသက်ကယ်လှေ မလုံလောက်မှု၊ လျော့ရဲတဲ့ စည်းမျဉ်းတွေနဲ့ သဘောၤစီးတဲ့ ခရီးသည်တွေကြား ဝယ်ထားတဲ့ အတန်းပေါ်လိုက်ပြီး အဆင့်အတန်းခွဲ၊ မညီမျှတဲ့ကယ်ဆယ်မှုတွေကို သိခဲ့ကြရပါတော့တယ်။

နောက်ဆက်တွဲ စုံစမ်းထောက်လှမ်းမှုတွေနဲ့ အစီရင်စာခံတွေဟာ ရေကြောင်းလောကစည်းမျဉ်းစည်းကမ်းပြောင်းလဲမှုတွေဆီ ဦးတည်စေခြဲ့ပီး ၁၉၁၄ ခုနှစ်မှာတော့ International Convention for the Safety of Life at Sea (SOLAS) ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

ရုပ်ရှင်နဲ့ ပြင်ပအဖြစ်အပျက်မတူညီချက်တွေကတော့

၁။ ရုပ်ရှင်ထဲမှာ ပြသလို တတိယတန်းခရီးသည်တွေကို သဘောၤမြုပ်ချိန်မှာ ပိတ်ထားခဲ့ခြင်းမရှိပါဘူး
ရုပ်ရှင်ထဲမှာတော့ Jack (Leonardo) က တံခါးကို ရေအောက်ကနေ ခက်ခက်ခဲခဲ ဖွင့်ပုံကို ပြခဲ့ပေမယ့် လက်တွေ့မှာတော့ ဒီလို မဟုတ်ဘဲ “အသက်ကယ်လှေတွေ ချဖို့ အမိန့်ကျတာနဲ့ တံခါးတွေ အားလုံးကို ဖွင့်ခိုင်းခဲ့တာပါ၊ ပထမတန်းနဲ့ တတိယတန်းကြား ခွဲခြားမှုမရှိခဲ့ဘူး” လို့ ဆိုပါတယ်။

၂။ Jack ဟာ Rose ရှိတဲ့ ပထမတန်း ညစာစားပွဲကို တက်နိုင်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး
အသက်ကယ်ရာမှာ ဘယ်လိုပဲ ခွဲခြားမှုမရှိဘူးဆိုဆို၊ ပထမတန်းနဲ့ တတိယတန်းခရီးသည်တွေဟာ အပြန်အလှန်သွားလည်ခွင့်မရခဲ့ပါဘူး။ ခရီးသည်တွေကို သီးသန့်ထားထားပြီး ဒီလို လွယ်လွယ်ကူကူ ညစာစားခွင့်ရဖို့ ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။

၃။ ခရီးသည်တွေဟာ ကားတွေထားတဲ့ ကာဂိုခန်းကို သွားလို့ မရပါဘူး
ရုပ်ရှင်ထဲမှာတော့ ရင်ဖို ဖွယ်ကောင်းတဲ့ အချစ်ခန်းကို Jack နဲ့ Rose က ကာဂိုထဲက ကားတစ်စီးပေါ်မှာ သရုပ်ဆောင်ပြခဲ့ပါတယ်။ အပြင်မှာတော့ ဘယ်ခရီးသည်မှ ကာဂိုခန်းထဲ ဝင်ခွင့်မရဘဲ ကားတွေကိုလည်း သစ်သားပုံးတွေနဲ့ Crate ရိုက်ပြီးသယ်လာခဲ့တာ ဖြစ်ပါတယ်။

၄။ မနစ်မြုပ်နိုင်တဲ့ သင်္ဘောလို့ ခေါ်ခဲ့ကြတာ တကယ်တော့ မဟုတ်ပါဘူး
Rose ရဲ့ အမေဟာ သင်္ဘောပေါ်တက်နေတုန်းမှာ ဒါဆို ဒီသဘောၤက သူတို့ ပြောနေတဲ့ မမြုပ်နိုင်တဲ့ သင်္ဘောပေါ့လို့ ပြောခဲ့တဲ့ အခန်းပါပါတယ်။ ဒါဟာ တကယ်တော့ ယုံတမ်းစကားတစ်ခုဖြစ်ပြီး သဘောၤပိုင်ရှင်ဖြစ်တဲ့ White Star Line ကတော့ သူတို့ အနေနဲ့ ဒီသင်္ဘောကို ဒါမျိုးတစ်ခါမှ မကြေညာခဲ့ပါဘူးတဲ့။ လက်တွေ့မှာလည်း သဘောၤဟာရုပ်ရှင်ထဲမှာပြထားသလောက် ဂုဏ်သတင်းမကြီးခဲ့ပါဘူး။

၅။ Jack နဲ့ Rose ဟာ ပြင်ပကမ္ဘာမှာ တကယ်မရှိခဲ့ပါဘူး
Jack Dawson နဲ့ Rose DeWitt Bukater ဟာ Jame Cameron ရဲ့ စိတ်ကူးယဉ်စိတ်ကောင်တွေ ဖြစ်ပြိး Rose ရဲ့ Character ဆိုရင် အမေရိကန် အနုပညာရှင် Beatrice Wood အပေါ် အခြေခံပြီး ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

၆။ ရုပ်ရှင်ထဲက Titanic သင်္ဘောပျက်ရဲ့ ပုံရိပ်အများစုက အစစ်တွေ ဖြစ်ပါတယ်
၁၉၉၅ ခုနှစ်မှာ James Cameron ဟာ ရုရှားသင်္ဘော Akademik Mstislav Keldysh နဲ့ ရေငုပ်သင်္ဘောငယ်နှစ်ခုကို ငှားရမ်းခဲ့ပြီး တိုက်တန်းနစ်သင်္ဘောပျက်ရဲ့ ပုံတွေ ရဖို့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအောက်ပေပေါင်း ၁၂၅၀၀ ကျော်ကို ၁၂ ကြိမ်လောက်ငုပ်ပြီး Video တွေ ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

၇။ Titanic ပေါ်က Band ဟာ သင်္ဘောနစ်မြုပ်နေတဲ့အချိန် ဆက်လက်တီးခတ်နေတယ်ဆိုတာလည်း အမှန်ပါပဲ
သဘောၤဟာ ရေခဲကျောက်ဆောင်ကို တိုက်မိပြီး နစ်မြုပ်ချိန်မှာ တီးဝိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် Wallace Henry Hartley ဟာ သူ့ရဲ့ ဝိုင်းတော်သား ၈ယောက်ကို စုစည်းပြီး သီချင်းတွေ ဆက်တီးနေခဲ့ပါတယ်။ ဝိုင်းတော်သားတွေ အားလုံးဟာ သင်္ဘောနစ်မြုပ်ရာမှာ သေဆုံးခဲ့ကြပြီး ရုပ်ရှင်ထဲမှာတော့ Wallace နေရာက Jonathan Evan Jones သရုပ်ဆောင်ခဲ့ပြီး Jonathan ဟာလည်း Professional Violinist တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါတွေက Titanic ရုပ်ရှင်နဲ့ တကယ့် အဖြစ်အပျက်ကြား ကွာခြားချက်တချို့ ဖြစ်ပြီး ပရိသတ်ကြီး သတိထားမိတဲ့ အဖြစ်အပျက်တွေရှိရင်လည်း ပြောသွားပေးပါဦး။

Yoe Lu (Akhayar)

Source: theactivetimes.com, www.bustle.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle