ဒီအချက်တွေကြောင့်တော့ အလုပ်ရှင်ကို မတောင်းပန်နဲ့

ဒီအချက်တွေကြောင့်တော့ အလုပ်ရှင်ကို မတောင်းပန်နဲ့

ခေါင်းဆောင်တွေ ၊ အလုပ်ရှင်တွေက လွတ်လပ်မှုရှိတာနဲ့ Professional နဲ့ Personal Life ကို ညီတူညီမ ျှနေခွင့်ရှိတာက လုပ်ပိုင်ခွင့်ကိုဖန်တီးပေးတယ်ဆိုတာ နားလည်ကြတယ်။ ဒီလုပ်ပိုင်ခွင့်က ဝန်ထမ်းတွေနဲ့ချိတ်ဆက်မှုကိုဖြစ်စေပြီး ဝန်ထမ်းတွေရဲ့အလုပ်လုပ်နိုင်စွမ်းကိုလည်း တိုးတက်စေတယ်လို့ လေ့လာချက်တွေအရသိရတယ်။ ဒါကြောင့်အလုပ်ရှင်တွေက သူတို့ဝန်ထမ်းတွေရဲ့ Personal အပိုင်းရော Professional အပိုင်းကိုပါ ဂရုစိုက်ကြတယ်။ ဒါကြောင့်တချို့အရာတွေကို လုပ်ငန်းခွင်မှာလုပ်မိတဲ့အတွက် တောင်းပန်စရာမလိုတာတွေ ရှိပါတယ်။ ဘယ်လိုအရာမျိုးလဲဆိုတော့

Email ကို ၂၄ နာရီလုံးမစစ်ဖြစ်တာကို တောင်းပန်စရာမလိုပါဘူး
ကိုယ့်ရဲ့နိုးထနေတဲ့အချိန်တိုင်းမှာ Email စစ်နေစရာမလိုပါဘူး။ အလုပ်အတွက် Email စစ်တာက အရေးကြီးတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် Email တစ်စောင်ကိုချက်ခြင်းမပြန်လိုက်လို့ကမ္ဘာလည်းမပျက်သွားပါဘူး။ အရမ်းအရေးကြီးတဲ့ Email တစ်စောင်ညမှာဝင်နေပေမယ့် အလုပ်ချိန်မဟုတ်လို့ မကြည့်မိဘူးထားလိုက်ပါတော့။ မနက်ရောက်မှသိလို့ အလုပ်မှာနည်းနည်းအနှောင့်အယှက်ဖြစ်သွားတယ်ဆိုရင်တောင် ဒီကိစ္စအတွက်တောင်းပန်စရာမလိုပါဘူး။ ကိုယ်အလုပ်ကြိုးစားတယ်ဆိုတာကို Email ပြန်တာမပြန်တာကပဲ အဆုံးအဖြတ်ပေးတာမဟုတ်ဘူး။

အလုပ်အပြင် တခြားကိုယ်ပိုင်စိတ်ဝင်စားမှုတွေရှိတဲ့အတွက် တောင်းပန်စရာမလိုပါဘူး
တကယ်ကအလုပ်ဆိုတာက လူတစ်ယောက်ဘဝရဲ့အခန်းကဏ္ဍတစ်ခုပဲ။ အချစ်ရေး ၊ အလုပ် ၊ ကျန်းမာရေး ၊ နေထိုင်ရေး ၊ ပညာရေး သူ့အခန်းကဏ္ဍနဲ့သူ ရှိနေတဲ့လူ့ဘဝမှာ ကိုယ့်ရဲ့ဝါသနာနဲ့တခြားစိတ်ဝင်စားမှုတွေက ကိုယ်ဆိုတဲ့သူကိုဖြစ်စေတာပါ။ ဒီလိုဝါသနာတွေ ၊ စိတ်ဝင်စားမှုတွေနဲ့ အသက်ပါတဲ့သူတစ်ယောက်ကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ဖြစ်တာပါ။ လူတွေကလည်း စိတ်ဝင်စားတဲ့သူနဲ့အလုပ်တွဲလုပ်ရတာကို သဘောကျကြပါတယ်။ ဒါကြောင့်အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တယ်ဆိုတာနဲ့ပဲ တခြားစိတ်ဝင်စားမှုတွေ ၊ ဝါသနာတွေရှိလို့ နားနေချိန်တို့ အားနေချိန်တို့မှာ ကိုယ့်အတွက်ကိုယ်အသုံးချတဲ့အခါ တောင်းပန်စရာမလိုပါဘူး။ ဒါကိုအလုပ်ရှင်တွေလည်း သဘောကျကြပါတယ်။

ကျန်းမာရေးအတွက် ရုံးနောက်ကျတာတွေဆိုလည်း တောင်းပန်စရာမလိုပါဘူး
လူတစ်ယောက်မှာ အရေးအကြီးဆုံးက ကျန်းမာရေးပါပဲ။ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုမစိုက်နိုင်ရင် အလုပ်မှာလည်းကောင်းကောင်းအားမစိုက်ထုတ်နိုင်တော့ဘူးပေါ့။ ဖြစ်နိုင်ရင်တော့ ပိတ်ရက်တွေမှာ ဆေးခန်းပြနိုင်ရင်ကောင်းတာပေါ့။ ဆရာဝန်ကပိတ်ရက်တွေမှာ မအားရင်တော့လည်း ရုံးတက်ရတဲ့ရက်တွေကိုပဲ ပြရမှာပေါ့။ ဒါကကိုယ့်ရဲ့အပြစ်မဟုတ်တော့လို့ တောင်းပန်စရာမလိုတော့ဘူးလေ။ ဒါပေမယ့်ကိုယ်ရုံးနောက်ကျမယ်ဆိုရင် နောက်ကျမယ်ဆိုတဲ့အကြောင်းကိုတော့ သေချာကြိုပြောထားသင့်ပါတယ်။ ခွင့်ယူမယ်ဆိုရင်လည်း အကျိုးအကြောင်းသေချာရှင်းပြရပါမယ်။ အထက်လူကြီးတော်တော်များများက ဒါတွေကိုလည်းနားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့်တချို့အလုပ်တွေက တင်းကျပ်တာကြောင့် ဒီလိုကိစ္စတွေဖြစ်လာရင် ကိုယ့်ဘက်ကအလွန်မဖြစ်ဖို့အရေးကြီးပါတယ်။

ကိုယ့်ကလေးအတွက်လုပ်စရာရှိလို့ စောပြန်တဲ့အခါမှာလည်း တောင်းပန်စရာမလိုပါဘူး
ကိုယ့်သားသမီးကို ထောက်ပံ့နိုင်လွန်းတဲ့မိဘဖြစ်တဲ့အတွက် တောင်းပန်စရာမလိုပါဘူး။ ကိုယ့်ကလေးရဲ့ ကျောင်းကိစ္စတွေ ၊ ကိုယ့်ကလေးကိုအချိန်ပေးမှဖြစ်မယ့်အရာတွေရှိလို့ အိမ်စောပြန်ရမယ်ဆိုရင် ပြန်လိုက်ပါ။ အလုပ်တွေကိုပြီးအောင်လုပ်ထားမယ်ဆိုရင် ရုံးဆင်းချိန်ထိထိုင်စောင့်မနေလည်းရပါတယ်။ အလုပ်တွေထက် မိသားစုကပိုအရေးကြီးပါတယ်။ အလုပ်ထက်သားသမီးကပိုအရေးကြီးပါတယ်။ အလုပ်ဆိုတာအချိန်မရွေးပြန်ရှာလို့ရပါတယ်။ သားသမီးဆိုတာအစားထိုးလို့မရပါဘူး။

အလုပ်ကိစ္စအတွက် ပိတ်ရက်တွေမှာ ခရီးမသွားလို့လည်း တောင်းပန်စရာမလိုပါဘူး
လူတိုင်းနားလည်ထားကြတာက ပိတ်ရက်ဆိုတာ ဝန်ထမ်းတွေအတွက်နားရက်ဆိုတာကိုပါ။ အလုပ်ကိုတကယ်စိတ်နစ်ပြီးလုပ်တဲ့သူတချို့ဆိုရင် ပိတ်ရက်တွေမှာပါ အလုပ်လုပ်ကြတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်ကဘယ်အချိန်မဆိုအလုပ်ကို လုပ်ပေးနိုင်တာဆိုတာကိုပြတာလည်းပြပါ။ ဒါပေမယ့်ကိုယ့်မှာလည်း အကန့်အသတ်အတိုင်းအတာတော့ရှိတယ်ဆိုတာကိုလည်းပြပါ။ ကိုယ့်အလုပ်ရှင်ကို ပိတ်ရက်တွေမှာ အချိန်ပိုင်းလောက်တော့ အလုပ်လုပ်ပေးနိုင်ပေမယ့် ရုံးပြန်တက်တဲ့အချိန်ထိ ခရီးတွေသွားပေးနေဖို့က အဆင်မပြေဘူးဆိုတာကိုပြလိုက်ပါ။ ပိတ်ရင်တွေမှာအနားယူချင်တာကြောင့် အလုပ်ရှင်ကိုတောင်းပန်စရာမလိုပါဘူး။

အလုပ်ဆိုတာကိုယ့်ဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းဆိုပေမယ့် ဘဝကိုတော့အသက်ရှူနရုံနဲ့ပဲဖြတ်သန်းလို့မရပါဘူး။ အဓိပ္ပါယ်ရှိရှိဖြတ်သန်းဖို့လိုတာကြောင့် အလုပ်အတွက်စိတ်သောကတွေအရမ်းရောက်မနေဘဲ တောင်းပန်စရာကိစ္စဆိုရင်တောင်းပန် ၊ တောင်းပန်ဖို့မလိုရင်မတောင်းပန်ဘဲ ကိုယ့်အတွက်အဆင်ပြေတဲ့ပုံစံနဲ့နေထိုင်သွားကြရအောင်လေနော်။

Ref – Forbes

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle