သင်ဟာ ကမ္ဘာကြီးအတွက် အထောက်အကူဖြစ်စေသူပါ

သင်ဟာ ကမ္ဘာကြီးအတွက် အထောက်အကူဖြစ်စေသူပါ

ခေါင်းစဉ်ကိုကြည့်ပြီး ဘာလို့ ဒီလိုပြောရလဲဆိုပြီး မေးစရာရှိမယ် ထင်ပါတယ်။ ရှင်းပြရမယ်ဆိုရင်တော့ ဒီနေ့အကြောင်းကစပြီး ပြောပြရမှာပါ။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့က World Environment Day ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ UN က ဦးဆောင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို သတိပြုမိစေဖို့အတွက် ရည်ရွယ်ထားတဲ့ ဒီနေ့ဟာ ၁၉၇၄ ခုနှစ်ကတည်းကနေပြီး ဒီနေ့ဒီအချိန် (၄၅) နှစ်တိုင်တိုင် အဆက်မပြတ် ကျင်းပလာခဲ့ပါတယ်။

တစ်နှစ်ကို Theme တစ်ခုစီနဲ့ လုပ်လေ့ရှိတဲ့ World Environment Day ရဲ့ ဒီနှစ် Theme ကတော့ Air Pollution ပါ။ (၄၅) နှစ်တိုင်တဲ့အထိလုပ်လာတဲ့ ဒီလိုနေ့မျိုးဟာ သက်ဆိုင်ရာနိုင်ငံအစိုးရနဲ့ ဒီနေ့ကို သတ်မှတ်တဲ့ လူတွေပဲ ပါဝင်နိုင်တဲ့နေ့တော့ မဟုတ်ပါဘူး။ ကိုယ်ထူကိုယ်ထ လူတိုင်းပါဝင်လုှုပ်ရှားလို့ရမယ့် အရာတွေလည်း ရှိပါတယ်။ ဒီလိုဆိုရင် ၂၀၁၉ ရဲ့ Theme ဖြစ်တဲ့ Air Pollution က စလိုက်ရအောင်ပါ။ တစ်ဦးတစ်ယောက်တည်းအနေနဲ့ လေထုညစ်ညမ်းတာ လျော့ကျအောင် ကူညီနိုင်မယ့် အချက်တွေကတော့

စွမ်းအင်ချွေတာပါ။ (မလိုအပ်တဲ့မီးတွေပိတ်ပါ။ ကွန်ပျူတာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို မလိုအပ်ဘဲ မသုံးပါနဲ့။)
လေအေးပေးစက်ကို မဖြစ်မနေအချိန်မှသာ ဖွင့်ပါ။
ဖြစ်နိုင်ရင် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပေးပါ။ စက်ဘီးစီးပါ။ လမ်းလျှောက်ပေးပါ။
ကိုယ်ရဲ့ကားကို ကောင်းကောင်း ထိန်းသိမ်းပါ။ ကားကုမ္ပဏီရဲ့ ညွှန်ကြားချက်အတိုင်း ကားထိန်းသိမ်းတာတွေကို ပုံမှန်လုပ်ပေးပါ။
ဆီဖြည့်နေတဲ့အချိန်မှာ မဖိတ်ကျအောင် ဂရုစိုက်ပါ။
လျှော်စရာအဝတ်တွေ စက်အပြည့်ရှိနေပြီဆိုမှသာ အဝတ်လျှော်စက် သုံးပါ။
Environment Friendly ဖြစ်တယ်လို့ ကြေညာထားတဲ့ စက်ပစ္စည်းတွေ၊ ထုတ်ကုန်တွေ၊ ဥယျာဉ်သုံး ပစ္စည်းတွေ စတာတွေကို ရွေးချယ်ဝယ်ယူပါ။
သစ်ပင်မစိုက်နိုင်ရင်တောင် မခုတ်ပါနဲ့။ အိမ်တိုးချဲ့ဖို့ဖြစ်ဖြစ် ဒါမှမဟုတ် တခြားအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် သက်တမ်းရင့် သစ်ပင်ကြီးတွေကို ရှောင်ကွင်းပြီး အဆင်ပြေအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ တတ်နိုင်သမျှ အဲ့နည်းလမ်းတွေကို သုံးပေးပါ။
Environment နဲ့ သက်ဆိုင်တဲ့ Campaign တွေမှာ ပါဝင်ဆင်နွှဲတာမျိုး လုပ်ပေးပါ (ဥပမာ – အမှိုက်စုပေါင်းကောက်အဖွဲ့တွေမှာ ပါဝင်တာမျိုး)။
ဒါမှမဟုတ်လည်း အခုတလော လူမှုကွန်ရက်မှာ လှုံ့ဆော်ထားတဲ့အတိုင်း စားပြီးသားအသီးတွေရဲ့ အစေ့ကို မလွှင့်ပစ်ဘဲ အခြောက်ခံထားပြီး မြို့ပြင်ရောက်ချိန်မှာ လွှင့်ပစ်ပေးဖို့ပေါ့။

အပေါ်မှာပြောထားတဲ့ အချက်တွေက လေထုညစ်ညမ်းခြင်းကနေ လျော့ကျဖို့ရာ ကူညီနိုင်ဖို့အတွက် တစ်ယောက်ချင်းစီအနေနဲ့ လုပ်နိုင်မယ့် အချက်တွေပဲဖြစ်ပါတယ်။

ဒီအချက်တွေအပြင် City Mart လိုမျိုး No Plastic Day Campaign မှာ အတူပါဝင်တာမျိုးလည်း လုပ်လို့ရပါသေးတယ်။ ဒါမှမဟုတ် Reduce ၊ Reuse နဲ့ Recycle နည်းလမ်းကိုလည်း ကိုယ်ထူကိုယ်ထ အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဘယ်ပစ္စည်းကို ဘယ်လိုမျိုးပြန်ဖန်တီးပြီး အသုံးပြုမလဲဆိုတာတွေကို ပို့ချနေတဲ့ Recyglo ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့ သန့်မြန်မာ၊ Trash Hero လို NGO တွေလည်း အများကြီး ရှိနေပါတယ်။

ကမ္ဘာမြေကြီးကို စောင့်ရှောက်ဖို့အတွက် အစုအဝေးနဲ့ဖြစ်စေ ကမ္ဘာတဝှမ်းနဲ့ဖြစ်စေ တစ်ယောက်ချင်းစီဖြစ်စေ ပါဝင်နိုင်တဲ့အကြောင်းတွေကြောင့် World Environment Day ကို “People’s Day” လို့လည်း ခေါ်ကြပါသေးတယ်။ လူစုလူဝေးနဲ့ လုပ်ချင်လား ဒါမှမဟုတ် တစ်ယောက်ချင်းပဲ လှုပ်ရှားမလား။ ဒါတွေအတွက် သဘာဝတရားကြီးမှာ သတ်မှတ်ချက်တွေရှိမနေပါဘူး။ သင်ကြိုက်ရာကို လွတ်လွတ်လပ်လပ် ရွေးချယ်ပါဝင်နိုင်လို့ သင်ဟာ ကမ္ဘာကြီးအတွက် အထောက်အကူဖြစ်သူလို့ ပြောရခြင်းပဲ ဖြစ်ပါတယ်။

Reference : Wikipedia, facebook

Photo Credit : schraderoil, realtymonks

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle