အရမ်းပူလွန်းတဲ့ဒီနွေမှာ အပြင်သွားရင် ဘာတွေဆောင်ပြီး ဘာတွေရှောင်မလဲ

အရမ်းပူလွန်းတဲ့ဒီနွေမှာ အပြင်သွားရင် ဘာတွေဆောင်ပြီး ဘာတွေရှောင်မလဲ

ပရိသတ်ကြီးတို့လည်း ခံစားမိကြမှာပါ။ ဒီရက်ပိုင်းကအရင်ထက်ပိုပြီး သိသိသာသာ ပူလောင်လာတယ်ဆိုတာကိုလေ။ အိမ်တွေမှာဆိုရင်လည်း Air-con တွေတောင်မနိုင်တော့ဘူး။ အပူချိန်ကမြင့်လွန်းလို့။ ဒီကြားထဲမီးကလည်း မကြာမကြာပျက်သေးတော့ ပူပူလောင်လောင်ကြီးထဲ နေနေရတာပေါ့။ အိမ်မှာနေတဲ့အချိန်မှာ ပန်ကာတွေ ၊ Air-con တွေသုံးလို့ရသေးလို့ သိပ်စိတ်မပူရပေမယ့် အပြင်ထွက်တဲ့အခါကျရင်တော့ ဒီအပူချိန်က စိုးရိမ်ရမယ့်အပူချိန်ပါပဲ။ ဟိုတလောကတောင် ရပ်ကွက်ထဲပူလွန်းလို့ ဆုံးသွားတဲ့လူတစ်ယောက်ရှိတယ်။ ဒီတော့ဒီလိုအချိန်မှာ အပြင်သွားရင်ဘာတွေဆောင်သွားမလဲ။

ထီး ၊ ဦးထုပ် ဆောင်ပါ
အပြင်မှာနေအရမ်းပူပါတယ်။ အပြင်သွားတဲ့အခါ ထီးတွေ ၊ ဦးထုပ်တွေသယ်ကြပါနော်။ တစ်ချို့လူငယ်လေးတွေက ထီးသယ်ရမှာ ပျင်းကြပါတယ်။ ဘာလို့လဲဆိုတော့ ရှိုးတွေထုတ်ပြီးအပြင်သွားပါတယ်ဆိုနေမှ ထီးကြီးတကားကားနဲ့ အထာမကျဘူးလို့ယူဆကြလို့ပါ။ ဘတ်စ်စီးပြီးရင် Mall တွေ Super Market တွေကိုဝင်မှာပဲဆိုပြီး ထီးမယူတော့ဘူးလို့လည်း မလုပ်လိုက်ပါနဲ့နော်။ နေပူထဲထွက်လိုက် ဘတ်စ်ပေါ်ပြန်တက်လိုက် အေးသွားလိုက် ၊ ဘတ်စ်ပေါ်ကပြန်ဆင်းပြီး ပူသွားလိုက် ၊ နောက် Mall တွေထဲပြန်ဝင်လိုက် ပြန်အေးသွားဖြစ်ရင် အပူရှပ်ပြီးဖျားပါလိမ့်မယ်။

ရေ ၊ ရေဓာတ်ဖြည့်အချိုရည်တွေ များများသောက်ပါ
ရေသောက်နည်းတဲ့သူတွေ ဒီအချိန်မှာအရမ်းကို သတိထားရမှာပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ကြပါ။ ရေများများသောက်ပါ။ ဒီလောက်ပူနေတဲ့အချိန်မှာ ရေဓာတ်လည်းအရမ်းဆုံးရှုံးပါတယ်။ ရေသောက်ရုံနဲ့တင်မနိုင်တော့ပါဘူး။ ဓာတ်ဆားတို့ ၊ Pocari Sweat တို့ပါသောက်ရမှာပါ။ အပြင်သွားရင် အိမ်ကနေရေဘူးထည့်သွားပါ။ ဟိုရောက်မှဝယ်သောက်မယ်ဆိုတဲ့ စိတ်တွေမထားပါနဲ့တော့။ မတော်တဆဝယ်ဖို့အခွင့်အရေးမကြုံရင် ဒုက္ခရောက်မှာစိုးလို့ပါ။

အကျီၤပါးပါးလွှာလွှာဝတ်ပါ
ဒီလောက်ပူနေတဲ့အချိန်မှာ ဘွတ်တွေရွှတ်တွေ ၊ ဂျင်းကုတ်တွေ ၊ Hoodie တွေနဲ့ ရှိုးထုတ်ဖို့ စိတ်မကူးကြပါနဲ့တော့။ ကိုယ်တိုင်မြင်နေရတာလည်း စိတ်မချမ်းသာလို့ပါ။ လူငယ်လေးတွေ ပူလောင်လွန်းပါတယ်ဆိုမှ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ကြတာ။ အကျီၤအထူကြီးတွေ ဝတ်ပြီးချွေးတွေထွက် အားတွေပျက်ဖြစ်မှာကိုလည်း သိနေကြတာပဲလေ။ အပြင်သွားရင် အကျီၤပါးပါးလွှာလွှာလေးတွေကိုပဲဝတ်ကြပါ။ ပြီးတော့အပူစုပ်တဲ့အရောင်တွေကိုရှောင်ပြီးဝတ်တာ ပိုကောင်းပါတယ်။ လှဖို့ကအဓိကမဟုတ်တော့ဘူးလေ။ ကျန်းမာဖို့ကအဓိကကိုး။

နေကာမျက်မှန်ဆောင်ပါ
နေကာမျက်မှန်တပ်တာက ဒီချိန်မှာပဲများတာမဟုတ်တော့ပါဘူး။ ခရမ်းလွန်ရောင်ခြည်အရမ်းပြင်းနေတာကြောင့် နေပူထဲမှာသွားနေရင် နေရှိန်လွန်းတာကြောင့် မျက်စိထိခိုက်နိုင်ပါတယ်။ မြို့ထဲသွားရင်နိုင်ငံခြားသားတွေ အကျီၤပါးပါး ဘောင်းဘီတိုနဲ့ နေကာမျက်မှန်တပ်ပြီး လမ်းလေ ျှာက်နေတာတွေ မြင်ဖူးမှာပါ။ ဒီလိုနေတာက နွေရာသီနဲ့အရမ်းကိုက်ညီပါတယ်။

အပူချိန်ကလည်း ဒီနေ့ဆိုရင် ၃၆ ဒီဂရီစင်တီဂရိတ်မှာရှိနေတယ်။ ဒါကြောင့်အပြင်သွားရင် Weather App လေးဘာလေးဖုန်းထဲကနေ ကြည့်ပြီးမှထွက်ရင်လည်းပိုကောင်းပါလိမ့်မယ်။ ပြီးတော့တို့နိုင်ငံကလည်း အပူချိန်အမြင့်ဆုံးနိုင်ငံတွေထဲမှာ စာရင်းဝင်ထားတာဆိုတော့ သတိထားပြီးနေတာက အကောင်းဆုံးဖြစ်မှာပါ။

Piki (Akhayar)