တစ်နေ့ကို Bacon တစ်ချပ်စားရုံနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမြင့်တက်နိုင်

တစ်နေ့ကို Bacon တစ်ချပ်စားရုံနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမြင့်တက်နိုင်

အသားဟာ တော်သင့်ရုံ ပမာဏပဲစားတာတောင်မှ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတယ်ဆိုပြီး သုတေသနအသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။

အသားစိမ်းနဲ့ ပြုပြင်ထားတဲ့ အသားတွေကို ၇၆ ဂရမ်ကို တစ်နေ့တာ စားသုံးမယ်ဆိုရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၂၀% လောက်မြင့်တက်စေတယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလောက်အသားဆိုတာ အကြမ်းဖျင်းအနေနဲ့ Quarter-pound အမဲသားဘာဂါတစ်လုံးစာနဲ့ ညီမျှပါတယ်။

ပြုပြင်ထားတဲ့ အသားတွေ ဖြစ်တဲ့ Sausage တွေ ဒါမှမဟုတ် Bacon တွေဟာ တစ်နေ့ကို Bacon တစ်ချုပ်စာ (၂၅ ဂရမ်) လောက်စားတိုင်း အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၂၀% မြင့်တက်စေတယ်လို့ အဲဒီသုတေသနမှာ ထပ်ပြီး ဖော်ပြထားပါတယ်။

ဒီလို ပြုပြင်ထားတဲ့ အသားတွေကို နည်းနည်းလေးစားသုံးတာတောင်မှ Red Meat အသားများများစားတာနဲ့ အကျိုးသက်ရောက်မှုတူညီပါတယ်။ ဒီသုတေသနကို တွဲဖက်ပြုလုပ်တဲ့ Professor Tim Key ကတော့ “ကျွန်တော်တို့ တွေ့ရှိရတဲ့ ရလဒ်တွေအရ Red Meat နဲ့ ပြုပြင်ထားတဲ့ အသားတွေကို တစ်ပတ်မှာ လေးကြိမ်နဲ့ လေးကြိမ်အထက်စားသုံးတဲ့သူတွေဟာ တစ်ပတ်မှာ နှစ်ကြိမ်လောက်ပဲ စားတဲ့သူတွေထက် အူသိမ်နဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ခြေပိုမြင့်ပါတယ်။ ဒါဟာ ဒီနေ့ခေတ်အသားစားသုံးမှုနဲ့ ပတ်သက်ပြီး ကျွန်တေ်ာတို့ တွေ့ရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

UK မှာဆိုရင် အူမကြီးကင်ဆာဟာ တတိယအဖြစ်အများဆုံး ကင်ဆာဖြစ်တယ်လို့ UK ရဲ့ Cancer Research မှာ ဖော်ပြခဲ့ပါတယ်။Charity Cancer Research UK ရဲ့ အကြီးအကဲဖြစ်တဲ့ Dr Julie Sharp ကတော့ ဒီသုတေသနအချက်တွေဟာ အသားနဲ့ ပြုပြင်ထားတဲ့ အသား ဥပမာ Bacon တွေကို စားသုံးမှုလျှော့ချနိုင်လေ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်လေဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ သူက အကြံဉာဏ်ပေးခဲ့တာကတော့ Red Meat နဲ့ ပြုပြင်ထားတဲ့ အသားစားတာကို လျှော့ချဖို့အတွက် တစ်ပတ်မှာ တင်္နလာနေ့တစ်ရက် အသားမစားတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ကြက်သားနဲ့ ငါးတွေကို အစားထိုး စားသုံးခြင်းနဲ့ လျှော့ချပါလို့ အကြံပေးခဲ့ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle