Echo နဲ့ RevoTech တို့ ပေါင်းစည်းတည်ထောင်လိုက်တဲ့ ERA Myanmar

Echo နဲ့ RevoTech တို့ ပေါင်းစည်းတည်ထောင်လိုက်တဲ့ ERA Myanmar

မြန်မာနိုင်ငံရဲ့ Public Relations အေဂျင်စီတစ်ခုဖြစ်တဲ့ Echo Myanmar နဲ့ Digital Marketing လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ RevoTech တို့ လက်တွဲပူးပေါင်းပြီး အေဂျင်စီအသစ်တစ်ခုအနေနဲ့ ERA Myanmar (ERA) ကို တည်ထောင်လိုက်တယ်လို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

ERA Myanmar ဟာ ကဏ္ဍစုံဆက်သွယ်ရေး အေဂျင်စီ (Integrated Communications Agency) အသစ်အနေနဲ့ ဒီဂျစ်တယ်အခန်းကဏ္ဍ၊ တမူထူးခြားတဲ့ ဖန်တီးမှုအပိုင်းနဲ့ နည်းဗျူဟာမြောက်ဆက်သွယ်ရေး (Strategic Communication) နယ်ပယ်မှ ကျွမ်းကျင်သူဦးရေ ၇၀နဲ့ လည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လက်တွဲပူးပေါင်းမှုဟာ မြန်မာနိုင်ငံရဲ့ အေဂျင်စီလောကမှာ ပထမဆုံးဖြစ်ပြီး ပြောရရင် Digital Marketing နည်းပညာပိုင်းမှာ RevoTech ရဲ့ကျွမ်းကျင်မှုနဲ့ Echo ရဲ့ PR နဲ့ Strategic Communications ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်လိုက်တာလည်း ဖြစ်ပါတယ်။