Ed Sheeran ရဲ့ သီချင်းအသစ်တွေ နားထောင်ရတော့မှာလား

Ed Sheeran ရဲ့ သီချင်းအသစ်တွေ နားထောင်ရတော့မှာလား

Ed Sheeran ဆီကနေ သီချင်းသစ်တွေ မထွက်တော့တာ နည်းနည်းတော့ကြာသွားခဲ့ပြီ။ နောက်ဆုံး Single အနေနဲ့ “I Don’t Care” ကို Justin Bieber နဲ့ ပေါင်းပြီးတော့ ထွက်ထားခဲ့တယ်။ ဒါပေမယ့် အခုတော့ သူ့ချစ်ပရိသတ်တွေအတွက် “Cross Me” ဆိုတဲ့ Collabration လေးကို Chance the Rapper နဲ့ PnB Rock တို့နှစ်ယောက်နဲ့ပေါင်းပြီးတော့ သီဆိုထားတယ်တဲ့။ ဒီသီချင်းအသစ်နှစ်ပုဒ်က Ed Sheeran ရဲ့အသစ်ထပ်ထွက်လာတော့မယ် အယ်လ်ဘမ်ထဲမှာပါတဲ့သီချင်းတွေပေါ့။

Ed Sheeran က ၂ဝ၁၁ မှာစာချုပ်မချုပ်ခင်မှာ No.5 ဆိုတဲ့ Collaborations Project ဆိုတဲ့ EP ကိုစပြီးလုပ်ခဲ့တယ်။ No.5 Collaborations Project လုပ်တဲ့အချိန်ကစပြီးတော့ Ed Sheeran က နောက်ထပ် Collaboration တစ်ခုကိုလုပ်ချင်နေခဲ့တာပါတဲ့။ ဒါကြောင့် မနှစ်ကလှည့်လည်ဖျော်ဖြေရေးလုပ်နေတုန်းမှာ Laptop နဲ့ပဲ No.6 Project ကိုစလုပ်ခဲ့တယ်လို့ ပြောခဲ့တယ်။ သူက သူနဲ့တွဲပြီးအလုပ်လုပ်ခဲ့တဲ့ အနုပညာရှင်တိုင်းရဲ့ ပရိသတ်အကြီးစားပါလို့ပြောခဲ့ပြီး အလုပ်တွဲလုပ်ခဲ့တာလည်း အရမ်းပျော်ဖို့ကောင်းတယ်လို့ပြောခဲ့ပါတယ်။

အခုထွက်လာမယ့် Track ထဲမှာ ပါလာမယ့်သီချင်းတွေရဲ့နာမည်က “Beautiful People ၊ South of the Border ၊ Cross Me ၊ Take Me Back to London ၊ Best Part of Me ၊ I Don’t Care ၊ Antisocial ၊ Remember the Name ၊ Feels ၊ Put It All on Me ၊Nothing on You ၊ I Don’t Want Your Money ၊1000 Nights ၊ Way to Break My Heart နဲ့ Blow” တို့ပဲဖြစ်တယ်။ ဒီ No.6 Collaborations Projects က ဇူလိုင်လ ၁၂ ရက်နေ့မှာ ထွက်လာတော့မှာပါနော်။

ဒီတော့ပရိသတ်ကြီးတို့ ရင်ခုန်နေကြပြီလား။ Akhayar စာဖတ်ပရိသတ်တွေထဲမှာ Ed Sheeran ရဲ့ ပရိသတ်တွေရှိနေလား။ သီချင်းခေါင်းစဉ်တွေကိုကြည့်ပြီး ဘယ်လိုသီချင်းအမျိုးအစားဖြစ်မယ်လို့ ခန့်မှန်းမိကြလဲ။

Ref: www.vulture.com

Photo Credit: Pitchfork, Evening Standard

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle