Ethiopian Airlines ပျက်ကျမှုနဲ့ Lion လေယာဉ်ပျက်ကျမှုကြား တူညီမှုတွေ ရှိနေပါပြီ

Ethiopian Airlines ပျက်ကျမှုနဲ့ Lion လေယာဉ်ပျက်ကျမှုကြား တူညီမှုတွေ ရှိနေပါပြီ

လူပေါင်း ၁၅၇ ဦးသေဆုံးရခဲ့တဲ့ Ethiopian Airlines လေယာဉ်ပျက်ကျမှုကနေ ရရှိခဲ့တဲ့ Black Boxes Data တွေကို ဆန်းစစ်အပြီးမှာ ဒီဖြစ်ရပ်နဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ Lion လေယာဉ်ပျက်ကျမှုကြားမှာ တူညီမှုတွေ ရှိနေတယ်လို့ Ethiopian လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနကနေ တရားဝင်ထုြတ်ပန်လိုက်ပါပြီ။

လေယာဉ်နှစ်စီးလုံးဟာ Boeing 737 MAX 8 လေယာဉ်တွေ ဖြစ်ပြီး ပျံတက်ပြီး မိနစ်အနည်းငယ်အကြာမှာ လေယာဉ်ထိန်းချုပ်မှုပြဿနာကြောင့် ပျက်ကျတာလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒီလို ပျက်ကျမှုတွေ ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာအဝန်း လေကြောင်းအာဏာပိုင်တွေဟာ Boeing 737 MAX လေယာဉ်တွေ ပျံသန်းပြေးဆွဲတာကို တားမြစ်ခဲ့တာကြောင့် Boeing ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ဘီလျံနဲ့ချီပြီး လျော့ကျသွားစေတာ ဖြစ်ပါတယ်။

Ethiopian လေကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ Muse Yiheyls က Reuters ကို ပြောကြားခဲ့ရာမှာ “ဒီကိစ္စဟာ Lion Air ပျက်ကျမှုနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ပျက်ကျမှုနှစ်ခုမှာ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းတူညီမှုတွေ ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“Data တွေကို အောင်အောင်မြင်မြင်ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပြီး အမေရိကန်အဖွဲ့ဘက်ကရော၊ ကျွန်တော်တို့ Ehtiopian အသင်းကဘက်ကပါ ခိုင်လုံအောင် ပြုလုပ်ပြီးပါပြီ။ အဖြေတွေကို နောက်ထပ် ၃ ရက် ဒါမှမဟုတ် ၄ ရက်နေရင် အသိပေးသွားမှာ ဖြစ်ပါတယ်” လို့ အတည်ပြုခဲ့ပါတယ်။

Yoe Lu (Akhayar)

Source : www.huffpost.com