လူဖြူအမျိုးသားရေးဝါဒ၊ ခွဲထွက်ရေးဝါဒတွေနဲ့ ဆိုင်တဲ့ Post တွေကို ပိတ်ပင်တော့မယ့် Facebook

လူဖြူအမျိုးသားရေးဝါဒ၊ ခွဲထွက်ရေးဝါဒတွေနဲ့ ဆိုင်တဲ့ Post တွေကို ပိတ်ပင်တော့မယ့် Facebook

Facebook ဟာ နောက်တစ်ပတ်ကနေစပြီး Facebook နဲ့ Instagram ပေါ်ကနေပြီး လူဖြူအမျိုးသားရေးဝါဒနဲ့ ခွဲထွက်ရေးဝါဒတွေကို ချီးကျူးထောက်ခံကိုယ်စားပြုတဲ့ Content တွေကို တားမြစ်ပိတ်ပင်တော့မယ်လို့ ဆိုခဲ့ပါတယ်။

လူမှုကွန်ရက်ဘီလူးကြီးဖြစ်တဲ့ Facebook ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေဆီက Content တွေကို ပိုမိုစီစစ်ခွဲခြားပြီး တားမြစ်ပိတ်ပင်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။ Facebook ဟာ နယူးဇီလန်နိုင်ငံက ဗလီနှစ်ခုမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှု Live Video ပျံ့နှံ့အပြီးမှာ အဲဒီကိစ္စနဲ့ ပက်သက်လို့ ဖိအားဒဏ်တွေ ခံနေရတာ ဖြစ်ပါတယ်။

Facebook ဟာ အရင်ကတော့ လူဖြူအမျိုးသားရေးဝါဒီတွေရဲ့ Content တချို့ကို လူမျိုးရေးခွဲခြားတယ်လို့ သဘောမထားသလို လူဖြူပြည်နယ်၊လူဖြူနိုင်ငံတော်တည်ထောင်မယ့် Ideology ဖန်တီးမှုတွေကိုလည်း ခွင့်ပြုမှုတွေ ရှိနေခဲ့ပါတယ်။

မတ်လအလယ်ပိုင်းလောက်က ဖြစ်ပွားခဲ့တဲ့ နယူးဇီလန်ပစ်ခတ်မှုအပြီးမှာ နိုင်ငံ့ခေါင်းဆောင်အတော်များများဟာ လူမှုကွန်ရက်ကုမ္ပဏီတွေကို သူတို့ရဲ့ Platform တွေပေါ်က အစွန်းရောက် Content တွေအတွက် ပိုပြီး တာဝန်ယူမှုရှိဖို့ ပြောကြားခဲ့ပါတယ်။

Facebook ဟာ လူပေါင်း ၅၀ ဦးသေဆုံးခဲ့တဲ့ နယူးဇီလန်ပစ်ခတ်မှု Video ကို အကြိမ်ပေါင်း ၄၀၀၀ ကျော်လောက် ကြည့်ရှုမှုအပြီးမှ ဖြုတ်ချပစ်ဖို့ သိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်ပြီးပြီးချင်း ၂၄ နာရီအတွင်းမှာ ဒီ Video ကို ကူးပြီး ပြန်တင်တဲ့ Copies ပေါင်း ၁.၂ မီလျံလောက်ကို Block လုပ်ခဲ့ပြီး ၃သိန်းလောက်ကိုတော့ ဖျက်ပစ်ပြီး Action ယူခဲ့ပါတယ်။

ပြင်သစ်မူဆလင်အဖွဲ့တစ်ဖွဲ့ကဆိုရင် ဒီလို Content တွေ တင်ခွင့်ပြုခဲ့တဲ့အတွက် Facebook နဲ့ YouTube ကို တရားစွဲဆိုမှုတောင် လုပ်နေပါတယ်။ ဒါကြောင့် လူမှုကွန်ရက်ဘီလူးကြီးဖြစ်တဲ့ Facebook အနေနဲ့လည်း သူ့ရဲ့ Platform တွေပေါ်မှာ လူဖြူအမျိုးသားရေးဝါဒနဲ့ ပက်သက်တာတွေ၊ ခွဲထွက်ရေးနဲ့ ပက်သက်တဲ့အကြောင်းတွေကို အခုလို ပိတ်ပင်တားမြစ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle