ပရိသတ်ကြီးသိသွားရင် အံ့သြသွားစေလောက်မယ့် Chris Evans ရဲ့ ထူးခြားအချက်များ

ပရိသတ်ကြီးသိသွားရင် အံ့သြသွားစေလောက်မယ့် Chris Evans ရဲ့ ထူးခြားအချက်များ

ဒီနေ့ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်၊ လက်ရှိအချိန်မှာတော့ ဂေါ်မစွံလူပျိုကြီး ဖြစ်တဲ့ Marvel Comics ရဲ့ SuperHero တစ်ဦးအဖြစ် ပြောင်မြောက်အောင် သရုပ်ဆောင်ခဲ့တဲ့ အပြာရောင်မျက်ဝန်းပိုင်ရှင် Chris Evans ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ Chris Evans ရဲ့ မွေးနေ့မှာ သူကိုအားပေးတဲ့ ပရိသတ်တွေအနေနဲ့ သူကို အားပေးပြီး သူ့အကြောင်းတွေကို သေချာမသိသေးတာမျိုး ၊ မေ့နေတာမျိုး မဖြစ်ရအောင် သူအကြောင်းလေးကို မွေးနေ့အမှတ်တရအနေနဲ့ ပြန်ပြောင်းပြောပြီး ပြန်နွေးကြည့်ကြရအောင်။

သူအကြောင်းလေးတွေကို ပြန်ပြောင်းပြောမယ်ဆိုရင် သူဘာကြောင့် လူသိများလဲဆိုတာကို အရင်ဆုံးပြောချင်ပါတယ်။ သူဟာ စွဲမက်ဖို့ကောင်းတဲ့အမျိုးသားဖြစ်တဲ့အပြင် သူပြုံးလိုက်ရင် မိန်းကလေးတွေ အသည်းတဖြုတ်ဖြုတ် ကြွေကြသွားတာကြောင့် လူသိများတာ ဖြစ်ပါတယ်။ မြန်မာပရိသတ်တွေအနေနဲ့ဆိုရင်တော့ သူကို Captain American မင်းသားကြီး အဖြစ်နဲ့ ပိုပြီး လူသိများကြပါလိမ့်မယ်။ အမှန်တော့ သူဟာ Fantastic Four မှာ Human Torch အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Cellular ထဲမှာ Hewitt ဇာတ်ကောင်ကို ပါဝင်သရုပ်ဆောင်ရာကနေ နာမည်ပိုပိုကြီးလာကာ လူသိများလာတာဖြစ်ပါတယ်။

Captain American
သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Before We Go ဇာတ်ကားကြောင့်လည်း ပရိသတ်တွေ ပိုတိုးရရှိခဲ့ကာ နာမည်ကျော်ကြားနေသူတစ်ဦးပါ။

သူ့ဘာကြောင့် လူသိများရလဲဆိုတဲ့အကြောင်းကို ပြောပြီးပြီးဆိုတော့ သူရဲ့လူသိနည်းတဲ့ အချက်တွေ၊ အမာခံပရိသတ်တွေတောင် မသိနိုင်လောက်တဲ့ အကြောင်းတချို့ကို ဝေမျှပြီး
ပြန်နွေးလိုက်ကြမယ်နော်။

(၁) စာအုပ်တွေကိုချစ်မြတ်နိုးပြီးနွေးထွေးတဲ့ နှလုံးသားပိုင်ရှင်ပါ
Chris ကို ကြည့်လိုက်ရင် ပါးသိုင်းမွှေးကြီးတွေနဲ့ တောင့်တောင့်ဖြောင့် ယောကျာ်းဆန်ဆန်ဆိုတော့ ခက်ထန်ကြမ်းတမ်းမယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ နူးညံသိမ်မွေ့ပြီး တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေတတ်တဲ့ အမျိုးသားမျိုးပါ။ အရင်တုန်းက Interview တစ်ခုမှာလည်း စာအုပ်တွေ ဖတ်ခဲ့တဲ့အကြောင်းကို ပြန်ပြောင်းပြောကာ သူဘယ်လို အတွေးနယ်ချဲ့နေခဲ့တယ်ဆိုတဲ့အကြောင်းကို အမှတ်တရအနေနဲ့ ပြောဖူးပါတယ်။

(၂) Jeans နဲ့ T-Shirt တွေ အမြဲဝတ်တဲ့သူပါ
Paparazzi တွေ သူနောက်ကို လိုက်လို့ ရိုက်မိတဲ့ဓာတ်ပုံတွေထဲမှာ Jeans နဲ့ T-shirt တွေအမြဲလိုလို ဝတ်ဆင်ထားတဲ့ ပုံတွေကိုသာ ရိုက်မိလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ Sport Shirt နဲ့ အားကစားဘောင်းဘီတွေကိုပဲ ဝတ်ဆင်ထားတာကို တွေ့ရလေ့ရှိလို့ သူဟာ Jeans နဲ့ T-Shirt တွေကို ဝတ်ရတာ ကြိုက်နှစ်သက်တဲ့သူလားလို့တောင် သတ်မှတ်လို့ ရပါတယ်။

(၃) ရောဂါကုထုံးကိုခံယူဖူးတဲ့သူပါ
အမြဲတမ်းပြုံးပြံုံးနဲ့ မျက်နှာချိုချိုနေတဲ့အတွက်ကြောင့် Chris ကို ပျော်ရွှင်နေတဲ့သူလို့ လူတိုင်းက ထင်ကြပါတယ်။ Chris ဟာ Captain American မှာ စိတ်နှစ်ပြီး သရုပ်ဆောင်ခဲ့တဲ့အတွက် စိတ်ရောဂါကုထုံးကို ခံယူခဲ့ရပါသေးတယ်။ Friday Magazine နဲ့ Interview လုပ်တုန်းကလည်း သူဟာ အလုပ်မလုပ်ခင်တုန်းက စိတ်ကုထုံးယူခဲ့ဖူးတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့လို့ ပရိသတ်တွေရဲ့ အချစ်တွေကို အများကြီး ရရှိခဲ့ဖူးပါတယ်။

(၄) သူမှာ Gay ဖြစ်နေတဲ့ ညီလေးတစ်ယောက်ရှိတာကို ဂုဏ်ယူနေတဲ့သူပါ
Chris Evans မှာ ချစ်စရာကောင်းတဲ့ Scott အမည်တွင်တဲ့ Gay ဖြစ်နေတဲ့ ညီလေးတစ်ယောက် ရှိပါတယ်။သူပွဲတွေတက်တဲ့အခါမှာလည်း သူညီေလေးကို ခေါ်ဆောင်လာလေ့ရှိပြီး လူရှေ့မှာလည်း ရဲရဲဝင့်ဝင့်ထုတ်ပြလေ့ရှိပါတယ်။ Gay ဖြစ်နေတဲ့ ညီလေးကို လူရှေ့ထုတ်ပြရလို့လည်း သူက ရှက်တာတို့၊ စိုးရိမ်တာတို့ မရှိပါဘူးတဲ့။ သူညီလေးဟာ Gay ပဲဖြစ်ဖြစ်၊ ယောကျာ်းလေးစစ်စစ်ပဲဖြစ်ဖြစ် သူအတွက်တော့ သူညီလေးဟာ သူရဲ့ ချစ်ရတဲ့ညီလေးပဲပါဆိုပြီး ဖွင့်ဟပြောထားပါတယ်။

(၅) Skydiving လုပ်ရတာကို ကြိုက်နှစ်သက်သူပါ
Captain America မှာ Super Hero အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Chris Evan ကို လူတွေ ထင်ကြတာက အန္တရာယ်များတဲ့ Skydiving လုပ်ဖို့ မကြိုက်လောက်ဘူးလို့ တွေးထင်ကြပါတယ်။ ဘာကြောင့်မထင်တာလဲဆိုတာ သူဟာ စာဖတ်ပြီး အတွေးနယ်ချဲ့နေရတာကို ကြိုက်တယ်လို့ ပြောဖူးတဲ့အတွက်ကြောင့်ပါ။ Captain America ရိုက်ကူးတုန်းကလည်း ခုန်ပျံကျော်လွှားရတဲ့ ဇာတ်ဝင်ခန်းတွေကို Chris က လူစားမထိုးဘဲ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို ရိုက်ကူးတဲ့အခါမှာ အသက်အန္တရာယ်တစ်စုံတစ်ရာဖြစ်ခဲ့ရင် သူရဲ့ စိတ်ဆန္ဒနဲ့သူ ပါဝင်သရုပ်ဆောင်တာ ဖြစ်ကြောင်း Insurance Polices မှာ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ဒီအချက်လေးတွေကတော့ သေချာပေါက် Chris Evans ရဲ့ အမာခံပရိသတ်စစ်စစ်မှ မဟုတ်ရင် သိကြမှာ မဟုတ်တဲ့ အချက်လေးတွေပါ။ ပရိသတ်ကြီးသိတဲ့ Chris Evans ရဲ့ တခြား စိတ်ဝင်စားဖွယ် အချက်လေးတွေရှိရင်လည်း ပြောပေးသွားပါဦး။

Photo Credit: Variety, amazon.co.uk , W Magazine ,

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle