Friend Zone လို ခြောက်ခြားစရာ Zone ကြီးထဲ ရောက်နေပြီဆိုတာကို သိဖို့လိုအပ်တယ် ဒါမှအကာအကွယ်တွေ ပြင်ဆင်ထားပြီး နှလုံးသားကိုစောင့်ရှောက်နိုင်မယ်

Friend Zone လို ခြောက်ခြားစရာ Zone ကြီးထဲ ရောက်နေပြီဆိုတာကို သိဖို့လိုအပ်တယ် ဒါမှအကာအကွယ်တွေ ပြင်ဆင်ထားပြီး နှလုံးသားကိုစောင့်ရှောက်နိုင်မယ်

ကံမကောင်းလွန်းလို့ပဲ တစ်ခါတလေမှာ ကိုယ်တို့တွေက ခံစားချက်ချင်းမတိုက်ဆိုင်တဲ့သူကိုမှ ချစ်မိသွားကြတယ်။ အထူးသဖြင့် ကိုယ့်ကိုသူငယ်ချင်းထက်ပိုပြီး မခံစားပေးနိုင်တဲ့သူကိုမှ ချစ်မိသွားတဲ့အခါ “Friend Zone” ဆိုတာကြီးထဲကို မရောက်ချင်ဘဲ ရောက်သွားရတယ်။ ပိုပြီးတော့ဆိုးတာက သူငယ်ချင်းပါပဲဆိုတဲ့ Brand ကိုအတပ်ခံလိုက်ရရင် ဘယ်လိုမှရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့တာပါ။ ကိုယ်က ဟိုလိုဒီလိုဖြစ်ချင်ပါတယ်ဆိုမှ သူကပေးမဖြစ်ရင် စိတ်ကိုအရမ်းရွစိစိနဲ့ နေမထိထိုင်မသာဖြစ်စေပါတယ်။ သတင်းဆိုးလို့ပြောရမလားတော့မသိပေမယ့် စာဖတ်သူတို့ဆီမှာ ဒီလိုအရာတွေ ဖြစ်နေပြီဆိုရင် Friend Zone Jail ထဲကို မသိလိုက်ဘဲရောက်နေပြီဆိုတာပါပဲ။

ဟဲ့….နင်နဲ့သူနဲ့ဆိုအရမ်းလိုက်မှာပဲ လို့ ပြောလာတာ
ကိုယ်ကတော့သူ့ကိုချစ်နေလိုက်ရတာတုန်လို့။ ဒါပေမယ့်သူကတော့ အမြဲတမ်း ကောင်မလေးချောချော ၊ ကောင်လေးချောချောတွေ့တာနဲ့ နင်နဲ့ဆိုလိုက်မယ်ဘာညာပြောနေတယ်။ ကြုံရင်ကြုံသလို သူ့ရဲ့သူငယ်ချင်းတွေနဲ့စပ်ပေးမယ်။ သူ့ခေါင်းထဲမှာ ကိုယ့်အတွက်လက်တွဲဖော်လို့ တွေးသမ ျှလူတိုင်းက သူမဟုတ်ဘဲ တခြားသူတွေပဲဖြစ်နေတယ်ဆိုရင် သေချာပါတယ် ကိုယ့်လူ “Friend Zone” ထဲရောက်ဖို့ လက်တစ်ကမ်းအလိုမှာပါပဲဆိုတာပါ။ မဟုတ်ရင်တောင် “Friend Zone” ထဲရောက်လို့ ပြန်ထွက်ဖို့တောင်မလွယ်တော့တဲ့ အခြေအနေတောင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူ့ဖက်ကနေအဲဒီလိုစကားတွေစလာရင် မသိချင်ယောင်ဆောင် မျက်နှာလွဲပစ်လိုက်တာပဲ ကောင်းပါတယ်။

သူတို့အမြဲပြောနေကျစကားက ကိုယ်ကဘယ်လောက်တောင်ကောင်းတဲ့ သူငယ်ချင်းဆိုတာ
ကိုယ် “Friend Zone” ထဲရောက်နေလား မရောက်နေဘူးလားဆိုတာကို သေချာပေါက်သိနိုင်မယ့်အချက်က သူငယ်ချင်းဆိုတဲ့စကားလုံးက သူပြောသမ ျှစကားတွေထဲမှာ Key Word ဖြစ်နေလားဆိုတာ နားထောင်နေဖို့ပဲ။ ကိုယ်ကြိတ်ကြွေနေရတဲ့သူ ပြောသမ ျှစကားတိုင်းမှာကိုယ့်ကို သူငယ်ချင်း ၊ သူငယ်ချင်းလို့ပြောနေရင် ဒါမှမဟုတ် သူက “နင်ကငါ့အပေါ်ဆိုအရမ်းကောင်းတာပဲ ၊ ငါ့အတွက်ဆို ဘာမဆိုလုပ်ပေးတယ် ၊ ငါ့အပေါ်လည်းအရမ်းသည်းခံတယ် ၊ နင့်လောက်ကောင်းတဲ့သူငယ်ချင်း ကမ္ဘာမှာရှိတော့မှာမဟုတ်ဘူး” ဆိုတာတွေပြောလာရင်တော့ သေချာပါတယ်။ Friend Zone Million လောက်ကို ဝင်နေပါပြီနော်။ ဒီလိုဖြစ်လာပြီဆိုရင် မြန်မြန်ဖွင့်ပြောရင်ပြော ၊ မပြောရင်လည်း သူငယ်ချင်းဆိုတဲ့စည်းကို ဖြတ်ဖို့ပဲကျန်ပါတော့တယ်။

ကိုယ့်ကိုသူရဲ့ Crush အကြောင်းပြောပြတာ
ကိုယ်ချစ်နေရတဲ့သူက ကိုယ့်ကိုသူချစ်တဲ့သူအကြောင်းပြောလာပြီဆိုရင် ကိုယ့်အပေါ်မှာ သူငယ်ချင်းထက်ပိုပြီး ဘာခံစားချက်မှ မရှိတာအရမ်းသိသာနေပြီလေ။ ဒါပေမယ့် လူတစ်ယောက်ကသူ Crush နေတဲ့သူအကြောင်းကို တွေ့ကရာသူစိမ်းတွေကို လေ ျှာက်ပြောမနေတတ်ဘူး။ သူ့ရဲ့သူငယ်ချင်းတွေကိုပဲ ပြောပြတတ်တာလေ။ ဒါကြောင့် ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို သူချစ်ရတဲ့သူအကြောင်းပြောပြတိုင်ပင်ဆွေးနွေးလာရင် ကိုယ့်ကို “Friend Zone” ထဲ ရက်ရက်စက်စက် သွင်းလိုက်ပြီဆိုတာကိုပါပဲ။

သူတို့ရဲ့ ရှက်စရာအကောင်းဆုံး အဖြစ်အပျက်တွေကို ကိုယ့်ကိုယ်ပြောပြတာ
ဘယ်မိန်းကလေးမှ သူတို့ဘဝရဲ့ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို သူကြိုက်တဲ့ကောင်လေးကို မပြောပြသလို ၊ ဘယ်ယောကျ်ားလေးကမှလည်း သူ့ဘဝရဲ့ ရှက်စရာအဖြစ်အပျက်တွေကို သူကြိုက်တဲ့ကောင်မလေးကို မပြောပြပါဘူး။ ဘယ်ပြောမှာလဲ ရှက်တာကိုး။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ကောင်မလေးက သူ့ဘဝမှာဖြစ်ပျက်ခဲ့သမ ျှ ရှက်ဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ကိုယ့်ရှေ့မှာ အားမနာရှာမကျိုး အားရပါးရပြောနေပြီဆိုရင် သေချာပါတယ် ကိုယ့်ကိုသူ့အရှက်တွေဖုံးထားရမယ့် ယောကျ်ားစာရင်းထဲကို ထည့်မတွက်တော့တာပါ။ ကိုယ်ကသူ့ရဲ့ ပေါင်းဖော်ပေါင်းဖက်ကြီးကို ဖြစ်နေတာပါ။ ရည်းစားဖြစ်ဖို့ တော်တော်မလွယ်တော့တဲ့ အခြေအနေပဲပေါ့။

ကိုယ့်ကို အရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောလွန်းနေတာ
ကိုယ့်ကိုသိပ်သိပ်ချစ်ဖို့ကောင်းနေတယ်လို့ ပြောလွန်းလို့မြောက်တတ်မနေပါနဲ့နော်။ ချစ်ဖို့ကောင်းတယ်လို့ပြောနေပေမယ့် သူ့မောင်လေးလို ၊ သူ့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးလိုမျိုး ချစ်ဖို့ကောင်းတယ်လို့ ထင်နေပြီး ကိုယ့်ကိုလက်တွဲဖော်တစ်ယောက်လို ၊ ကိုးရီးယားမင်းသားလိုချစ်ဖို့ကောင်းတယ်လို့ မထင်ရင် မိတ်ဆွေ “Friend Zone” ထဲကို တခမ်းတနားဝင်ရောက်ဖို့ နီးနေပြီဆိုတာပါပဲ။

ဒီလိုအကြောင်းအရာတွေနဲ့တိုက်ဆိုင်နေပြီဆိုရင် မိတ်ဆွေတို့ သတိကြီးကြီးထားရင်ထား ၊ မဟုတ်ရင်လည်း မြန်မြန်ဖွင့်ပြောဖို့လိုပါပြီ။ တကယ်လို့ ကယ်လို့မရဆယ်လို့မရတဲ့ အခြေအနေရောက်နေပြီဆိုရင်လည်း သိပ်စိတ်မပူပါနဲ့။ “There are plenty more fish in the sea” ဆိုတဲ့ စကားပုံအတိုင်း ပြောင်းကြိုက်စရာတွေ အများကြီးရှိပါတယ်။

Photo Credit: InqPop

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle