အမာခံပရိသတ်တွေ ပြန်လည်ပေါင်းစည်းစေချင်တဲ့ နာမည်ကြီးတီးဝိုင်းအဖွဲ့များ

အမာခံပရိသတ်တွေ ပြန်လည်ပေါင်းစည်းစေချင်တဲ့ နာမည်ကြီးတီးဝိုင်းအဖွဲ့များ

တီးဝိုင်းအဖွဲ့တွေပြိုကွဲတာက တကယ့်အမာခံပရိသတ်တွေအတွက်တော့ အရမ်းကိုစိတ်ထိခိုက်စရာဖြစ်ပါတယ်။ တီးဝိုင်းအဖွဲ့တွေပြိုကွဲသွားရင် ခဏတာလည်းဖြစ်နိုင်သလို ဘယ်တော့မှ ပြန်ပြီး လက်မတွဲနိုင်တော့တဲ့အထိ ဖြစ်သွားတာတွေလည်းရှိပါတယ်။ ကိုယ့်မျက်စိရှေ့မှာ ဆယ်နှစ်ဆယ်မိုးလောက်တူတူရှိလာခဲ့ပြီးမှ အကြောင်းကြောင်းကြောင့် ပျက်စီးသွားကြတဲ့ တီးဝိုင်းအဖွဲ့တွေအများကြီးရှိပါတယ်။ အောက်မှာတော့ စာရေးသူတို့ အားပေးခဲ့ပြီး အရမ်းလည်းအောင်မြင်ခဲ့ပေမယ့် ကံအကျိုးမပေးလို့ ထာဝရပြိုကွဲသွားခဲ့ရလို့ ဖြစ်နိုင်ရင်တစ်ဖန်ပြန်လည်ပေါင်းစည်းစေချင်တဲ့ နာမည်ကြီးတီးဝိုင်းအဖွဲ့တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Oasis
Oasis အဖွဲ့က ၁၉၉ဝ ခုနှစ်တွေမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ တီးဝိုင်းတစ်ဖွဲ့ပေါ့။ Gallagher ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Liam နဲ့ Noel တို့က Oasis ရဲ့အဓိကအဖွဲ့ဝင်တွေဖြစ်ခဲ့ပြီးတော့ သူတို့နှစ်ယောက်ရဲ့ဂီတအပေါ်မြင်တဲ့ ထူးခြားတဲ့အမြင်ကို အမြင့်တစ်နေရာကိုသယ်ဆောင်သွားနိုင်မယ့် အရည်အချင်းရှိတဲ့သူတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့တယ်။ အနှစ် ၂ဝ လောက်သူတို့အဖွဲ့က ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေခဲ့ကြပေမယ့် ၂ဝဝ၉ ခုနှစ်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ အဖွဲ့ကွဲသွားခဲ့ပါတယ်။ သူတို့ Oasis အဖွဲ့ရဲ့ဆက်ဆံရေးက ဆေးသုံးတာတွေ ၊ အဖွဲ့ဝင်တွေအချင်းချင်း အဆင်မပြေတာတွေကြောင့် အရမ်းလည်းရှုပ်ထွေးခဲ့တယ်။ သူတို့တွေ ၂ နှစ်ခြား ၃ နှစ်ခြားတစ်ခါ အယ်လ်ဘမ်တွေထုတ်ခဲ့ပြီး ဥရောပမှာအောင်မြင်တဲ့ လှည့်လည်ဖျော်ဖြေမှုတွေလုပ်ခဲ့တယ်။ Parisian Festival မှာဖျော်ဖြေရမှာကို ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်လို့ ပွဲဖျက်လိုက်ရပြီး နောက်သိပ်မကြာဘူး Noel က Liam နဲ့တွဲလုပ်ဖို့အဆင်မပြေတော့ဘူးလို့ပြောခဲ့တယ်။ မျက်မြင်သက်သေတွေကတော့ Liam က Noel ရဲ့ ဂစ်တာကိုရိုက်ချိုးခဲ့တယ်လို့ ပြောခဲ့ကြတယ်။ နောက်ပိုင်း Liam က တခြားသူတွေနဲ့ တီးဝိုင်းအဖွဲ့ကို အသက်ဆက်နိုင်အောင်ကြိုးစားခဲ့ပေမယ့် Oasis ဆိုတဲ့နာမည်ရော တီးဝိုင်းအဖွဲ့ကြီးပါ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် Oasis ကို အခုချိန်ထိရှင်သန်နေစေချင်သေးတဲ့ ပရိသတ်တွေက ရှိနေတုန်းပါပဲ။

Queen
Freddie Mercury ကြောင့် အသက်ဝင်လှုပ်ရှားစေတဲ့ တစ်ကမ္ဘာလုံးသိတဲ့ နာမည်ကြီးတီးဝိုင်းအဖွဲ့ Queen လို့ပြောရင် လူတိုင်းကတော့ လက်ခံနိုင်ပါ့မလား မသိဘူး။ သူ့ရဲ့အားအင်အပြည့်နဲ့စိတ်ခံစားချက်တွေပေးစိမ်းနိုင်တဲ့အသံရယ် ရော့ခ်ဂီတလောကမှာ ရာဇဝင်တွင်တဲ့သူအဖြစ် အသိအမှတ်ပြုခံရတာကြောင့် Queen အဖွဲ့ကိုလူတိုင်းကချစ်ခင်အားပေးခဲ့ပြီး ရော့ခ်ဂီတလောကမှာနာမည်အရမ်းကြီးတဲ့ တီးဝိုင်းအဖွဲ့အဖြစ်ရပ်တည်နိုင်ခဲ့တယ်။ Queen အဖွဲ့ကိုကွဲသွားစေခဲ့တာက သဘောထားမတိုက်ဆိုင်မှုတွေ ၊ ရန်ပွဲတွေကြောင့်မဟုတ်ပါဘူး။ သူတို့အဖွဲ့ကွဲသွားရတာက ၁၉၉၁ ခုနှစ်မှာ Freddie တစ်ယောက်လူ့လောကကြီးထဲက ထွက်ခွာသွားလို့ပါ။ Freddie က AIDS ကြောင့်ခံစားရတဲ့ နောက်ဆက်တွဲဝေဒနာတွေနဲ့ လုံးပါးပြီးဆုံးပါးသွားခဲ့ရတယ်။ သူ့ရဲ့သေဆုံးခြင်းက ကြီးမားလွန်းတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပြီးတော့ သူ့နေရာကိုအစားထိုးဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်အောင်ကို ခံစားရတယ်။ ၂ဝ၁၄ ခုနှစ်မှာ Freddie ရဲ့နေရာမှာ Adam Lambert ကိုအစားထိုးပြီး ကျန်တဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ Roger Deacon ၊ Roger Taylor နဲ့ Brian May တို့က ဖောျ်ဖြေရေးတွေလုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဘယ်လိုတွေဆက်ပြီးရှင်သန်ဖို့ ကြိုးစားပါစေ Freddie ရဲ့ Queen ကပဲ လူတိုင်းရင်မှာစွဲကျန်နေဦးမယ်ထင်ပါတယ်။

The Beatles
၁၉၆ဝ ခုနှစ်တွေမှာ ကမ္ဘာတစ်ဝှမ်းဟုန်းဟုန်းတောက် ကျော်ကြားခဲ့တဲ့ The Beatles အဆိုတော်တီးဝိုင်းအဖွဲ့က ပရိသတ်တွေသိန်းသန်းချီရဲ့ ရင်ထဲကိုတိုးဝှေ့နိုင်ခဲ့တာပါ။ The Beatles လို့အခုနေများမေးလိုက်ရင် အရင်ခေတ်ကလူကြီးတွေထဲမှာ The Beatles ကိုမသိတဲ့သူခပ်ရှားရှားပါ။ အခုခေတ်လူငယ်တွေလည်း The Beatles ဆိုတာနဲ့ ဂဃနဏမသိရင်တောင် အော်ဒါနာမည်ကြီးအဆိုတော်အဖွဲ့ဆိုတာလောက်တော့ ကြားဖူးနားဝရှိနေကြမှာပါ။ သူတို့အဖွဲ့ကွဲသွားရတဲ့ အကြောင်းအရင်းက အဖွဲ့ဝင်တွေထဲကနေပြီး John Lennon က စပြီးတော့ထွက်ခဲ့တယ် ၊ ဒါပေမယ့်ဘာလို့ထွက်တယ်ဆိုတာကိုရော အဖွဲ့ကွဲမကွဲဆိုတာတွေကို သေချာမသိခဲ့ရဘူး။ နောက်ပိုင်းအဖွဲ့ဝင် McCartney က ထွက်တော့မယ်လို့ ထုတ်ပြောလာတော့မှ အဖွဲ့ကကွဲနေပြီဆိုတာကို သိခဲ့ရတယ်။ ၁၉၇ဝ လောက်မှာအဖွဲ့ဝင်လေးယောက်လုံးက ကိုယ်ပိုင်ဂီတလမ်းကြောင်းကို လျှောက်လှမ်းသွားကြတယ်။ တစ်ခါတလေသူတို့တွေပြန်ပြီး Collaboration တွေလုပ်ပေမယ့် လေးယောက်လုံးဆုံတာကတော့ မရှိခဲ့ဘူး။ Lennon ၁၉၈ဝမှာ ဆုံးပါးသွားမှ သူ့ရဲ့မပြီးမဆုံးဘဲကျန်ခဲ့တဲ့ Free as A Bird နဲ့ Real Love Demo တွေကို The Beatles အဖွဲ့နာမည်သုံးပြီး သီဆိုခဲ့ကြတယ်။ ဒါပေမယ့် The Beatles အဖွဲ့ပြိုကွဲသွားခဲ့တာတောင် သူတို့ရာဇဝင်ကတော့ ကျန်ရှိနေဆဲပါပဲ။

‘N Sync
‘N Sync က ၁၉၉ဝ ခုနှစ်တွေမှာ တဟုန်ထိုးအောင်မြင်ခဲ့တဲ့ ယောကျ်ားလေးအဆိုတော်အဖွဲ့ဖြစ်ပါတယ်။ နာမည်ကြီးအဆိုတော် Justin Timberlake ရဲ့ဂီတလမ်းကိုဖောက်ပေးခဲ့တဲ့ တီးဝိုင်းအဖွဲ့လေးပေါ့။ သူတို့အဖွဲ့က Billboard မှာလည်း နံပါတ်တစ်ချိတ်တယ် ၊ အခွေတွေလည်းအများကြီးရောင်းရခဲ့တယ်။ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Elton John တို့ Michael Jackson တို့နဲ့လည်း တွဲပြီးဖျော်ဖြေခဲ့ရတယ်။ ဒါပေမယ့် စိတ်မကောင်းစရာနဲ့ Justin Timberlake တစ်ကိုယ်တော်အဆိုတော်ဖြစ်ဖို့ လမ်းကိုလျှောက်တဲ့အခါမှာ အဖွဲ့ကွဲခဲ့ရတာပါ။ Justin ကတော့ အခုအောင်မြင်မှုလမ်းကြောင်းပေါ်မှာ ကြွကြွရွရွလျှောက်လှမ်းနေပေမယ့် ‘N Sync ကတော့ သမိုင်းတစ်နေရာမှာ ကျန်ခဲ့ပြီပေါ့။ ဖြစ်နိုင်မယ်ဆိုရင် သူတို့တွေကိုအတူတူမြင်ချင်သေးတယ်လေ။ ဟုတ်တယ်မလား။

ပရိသတ်ကြီးတို့အတွက်ရော တစ်ချိန်ကအရမ်းကြိုက်ခဲ့ရပေမယ့် ပြိုကွဲသွားခဲ့ရတဲ့ တီးဝိုင်းအဖွဲ့တွေရှိလား။ နောက်တစ်ခေါက်ပြန်ပြီးအဖွဲ့အနေနဲ့ မြင်ချင်သေးတဲ့ နာမည်ကြီးတီးဝိုင်းအဖွဲ့တွေရှိနေသေးလား။

Photo Credit: www.rollingstone.com

Ref: www.tvovermind.com

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle