လက်ရာအမြောက်ဆုံးနဲ့ နာမည်အကြီးဆုံး Graffiti Art တွေ

လက်ရာအမြောက်ဆုံးနဲ့ နာမည်အကြီးဆုံး Graffiti Art တွေ

မြန်မာနိုင်ငံမှာ Graffiti Art တွေ ခေတ်စားခဲ့တာ သိပ်မကြာသေးပါဘူး။ နိုင်ငံတကာမှာတော့ ဒီ Graffiti လက်ရာက အများက လက်ခံပြီး အာရုံစိုက်လာခဲ့ကြတာတော့ အချိန်တစ်ခုရှိပါပြီ။ အဲ့ဒီထဲမှာမှ လက်ရာအမြောက်ဆုံးလို့ ပြောကြတဲ့ Graffiti လက်ရာတွေကတော့ …

Etnias (Ethnicities)
၂၀၁၆ က Graffiti Artist Eduardo Kobra လက်ရာဖြစ်တဲ့ ဒီ Etnias ကတော့ ၂၀၁၆ Rio အိုလံပစ်ပွဲအတွက် ရည်ရွယ်ပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ၂လလောက်အချိန်ယူပြီး ဆွဲခဲ့ရတဲ့ ဒီလက်ရာကိုတော့ ဆေးဖြူ ဂါလံ ၁၀၀၊ အရောင်စုံဆေးပေါင်း ဂါလံ ၄၀၀ နဲ့ Spray ဗူး ၃၅၀၀ အကုန်ခံပြီး ရေးခဲ့တာပါ။ ပုံရဲ့အမြင့်ကတော့ ၅၁ ပေ ရှိပြီး ပေ ၅၆၀ ရှည်လျားတာကြောင့် ကမ္ဘာ့အကြီးဆုံး Graffiti လက်ရာအဖြစ် ဂင်းနစ်စံချိန်တောင် တင်ခဲ့ပါသေးတယ်။ ပုံမှာပါတဲ့ မျက်နှာ ၅ ခုက ကမ္ဘာ့တိုက်ကြီး ၅ တိုက် အသီးသီးမှာရှိကြတဲ့ လူမျိုးစု တစ်စုစီရဲ့ ပုံများဖြစ်ပါတယ်။ အဲ့ဒီပုံတွေထဲမှာ မြန်မာနိုင်ငံက ကယန်းလူမျိုးလူမျိုးပုံတောင် ပါပါသေးတယ်။

The Giant of Boston
Boston ရဲ့ လူ့ဘီလူးကြီးလို့ တင်စားရလောက်တဲ့ Graffiti ကတော့ အမြွှာတွေဖြစ်တဲ့ Graffiti Artist Otavio Pandolfo နဲ့ Gustavo Pandolfo တို့က ၂၀၁၂ တုန်းက ရေးဆွဲခဲ့တာပါ။ သူက ပေ၇၀ ပတ်လည်ရှိတဲ့ ဧရာမ Graffiti ကြီးမှာ မျက်နှာအုပ်ထားတဲ့ အဝါရောင်လူ့ဘီလူးကြီးတစ်ကောင်ကို တွေ့ရမှာပါ။ ဘေးပတ်ပတ်လည်မှာရှိတဲ့ တိုက်တွေကြားမှာ ကိုးလို့ကန့်လန့်ထိုင်နေတဲ့ ဒီပုံကို အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကြောက်ရွံ့တဲ့စိတ်တွေကို ခံစားရတယ်ဆိုပြီးတော့ ဝေဖန်ခံခဲ့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Graffiti ကတော့ အောင်မြင်ခဲ့သလို နာမည်လည်းကြီးခဲ့ပါတယ်။

Facebook Murals
နာမည်မှာ Facebook ပါတယ်ဆိုတဲ့အတိုင်း ဒီ Graffiti Art က ကယ်လီဖိုးနီးယားမှာရှိတဲ့ Facebook ရုံးချုပ်အဟောင်းမှာရှိတာပါ။ Facebook ရဲ့ ပထမဆုံး President ဖြစ်တဲ့ Sean Parker က သူအရမ်းကြိုက်တဲ့ Graffiti Artist David Choe ကို သူ့ရုံးနံရံကို ပြင်ဆင်ဖို့အတွက် ကမ်းလှမ်းခဲ့တာပါ။ Facebook ဆိုတဲ့ နာမည်နဲ့ လိုက်အောင် မျက်နှာတွေအများကြီးပါတဲ့ ပုံကို ဆွဲဖို့အတွက် Sean က ဒေါ်လာ ၆သောင်း ဒါမှမဟုတ် ကုမ္ပဏီ ရှယ်ယာကို အနုပညာကြေးအဖြစ် တစ်ခုခုရွေးချယ်ဖို့ မေးခဲ့ရာက David Choe က ရှယ်ယာကို ရွေးခဲ့တာပါ။ ၂၀၀၇မှာ Facebook ရုံးအသစ်ပြောင်းတော့လည်း ဇူကာဘတ်က သူ့ကို ထပ်ဆွဲဖို့ ပြောခဲ့ပါသေးတယ်။

My God, Help Me to Survive This Deadly Love
စစ်အေးတိုက်ပွဲအတွင်းက အရှေ့ဘာလင်နဲ့ အနောက်ဘာလင်ကို ခြားဖို့အတွက် တည်ဆောက်ခဲ့တဲ့ ဘာလင်တံတိုင်းကြီးဟာ ၁၉၈၀ မှာတော့ Graffiti Artist တွေအတွက် ခံစားချက်တွေကို လက်စွမ်းပြရာ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ Fraternal Kiss လို့ နာမည်ကြီးတဲ့ ဒီလက်ရာက ဘာလင်တံတိုင်းကြီးမှာ ဆွဲခဲ့တဲ့ Graffiti တွေထဲမှာတော့ နာမည်အကြီးဆုံးပါပဲ။ အရှေ့ဘာလင်နဲ့ အနောက်ဘာလင်က ခေါင်းဆောင်သူတွေကို အချင်းချင်း နမ်းနေကြပုံကို သရော်ရေးဆွဲထားတာပါ။

Flower Thrower
Flower Thrower အကြောင်းမပြောခင် ဒီ Graffiti ကိုဆွဲတဲ့ Banksy အကြောင်း ပြောပြရမှာပါ။ Banksy ဆိုတာ သက်ရှိထင်ရှား Graffiti Artist တွေထဲမှာ နာမည်အကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ပါ။ သူ့ဆွဲတဲ့ လက်ရာတွေတော်တော်များများက တစ်ကမ္ဘာလုံးက လူတွေ သိကြပါတယ်။ အဲ့ဒီအထဲမှာတော့ Flower Thrower က တစ်ခုအပါအဝင်ပါ။

ဒီ Graffiti မှာတော့ မျက်နှာဖုံးစွပ်နဲ့ အကြမ်းဖက်ဆန္ဒပြနေတဲ့ လူတစ်ယောက်က မီးလောင်ဗုံးအစား ပန်းစည်းနဲ့ ပစ်ပေါက်ရွယ်နေတာကို တွေ့ရမှာပါ။ ဒီလိုကောင်းမွန်တဲ့ အဓိပ္ပါယ်တွေ အများကြီးပါနေတဲ့ Graffiti တွေကို ဖန်တီးလေ့ရှိလို့ Banksy ကို လူသိများကြိုက်ကြပါတယ်။

Reference & Photo Credit: learnodo-newtonic.com

NSC (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle