Superhero ရုပ်ရှင်တွေထဲက အားကျဖို့ကောင်းတဲ့ အမျိုးသမီးဇာတ်ကောင်များ

Superhero ရုပ်ရှင်တွေထဲက အားကျဖို့ကောင်းတဲ့ အမျိုးသမီးဇာတ်ကောင်များ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကလည်း ပြီးသွားတာသိပ်မကြာသေးဘူးဆိုတော့ ကိုယ်ဖတ်မိတဲ့အကြောင်းအရာလေးကိုမျှဝေချင်ပါတယ်။ အမျိုးသမီးတွေရဲ့စိတ်ဓာတ်ခွန်အားမြင့်တက်လာအောင် လုပ်ဆောင်နိုင်ကြတဲ့လက်တွေ့ဘဝက အမျိုးသမီးခေါင်းဆောင်တွေ ၊ အမျိုးသမီးစွန့်ဦးတီထွင်သူတွေအကြောင်းကို Website တွေတော်တော်များများကလည်း ရေးနေကြမှာပါ။ ဒီတော့သူများတွေနဲ့လည်းကွဲမယ့် လက်တွေ့ဘဝကမဟုတ်ပေမယ့် ရုပ်ရှင်ထဲမှာပုံဖေါ်ထားတဲ့ လေးစာအားကျဖွယ် အမျိုးသမီးဇာတ်ကောင်တချို့ကိုဖော်ပြပေးသွားပါ့မယ်။

Wonder Woman
Wonder Woman က အမျိုးသမီးတွေကို ဘယ်လိုလေးစားအားကျစေလဲဆိုတော့ ကမ္ဘာကြီးကိုကယ်တင်ဖို့ ယောကျ်ားတွေ မလိုဘူးဆိုတာကိုပြနိုင်တာရယ် ၊ နတ်ဘုရားမဖြစ်နေရင်တောင် အဆပေါင်းများစွာကြိုးစားရမယ်ဆိုတာကို ပြနိုင်တာရယ် ၊ ဘဝမှာရိုးရှင်းလွန်းတဲ့အရာတွေအတွက်တောင် ကျေးဇူးတင်ဖို့ပြခဲ့တာရယ် – ပြောရရင် သူစားခဲ့တဲ့ Ice-cream လေးလိုပေါ့ ၊ ကိုယ်တတ်နိုင်ရင် ကိုယ့်အတွက်ကိုယ် မခုခံနိုင်တဲ့သူတွေအတွက် တိုက်ပွဲဝင်ပေးရမယ်ဆိုတာတွေပဲဖြစ်ပါတယ်။

Black Widow
Super Hero တွေကြားထဲမှာ Super Power မရှိလည်း သူတို့နဲ့တပြေးညီထဲ အရည်အချင်းရှိတယ်ဆိုတာကို သက်သေပြနေတဲ့ ဇာတ်ကောင်ကိုထောက်ပြပါဆိုရင် Black Widow လို့ပဲပြောရမှာပါ။ ငယ်ငယ်ထဲကအသေလေ့ကျင့်ပေးတာကိုခံရပြီး ကြီးလာတော့လည်း စစ်ဆင်ရေးမြောက်များစွာကို မိန်းကလေးတစ်ယောက်ဖြစ်နေတာတောင် စွမ်းစွမ်းတမံထမ်းဆောင်နိုင်တဲ့ ဇာတ်ကောင်အဖြစ်ရှိနေတာ မိန်းကလေးဖြစ်လည်း ဘယ်လိုခက်ခဲတဲ့အရာမဆိုတတ်နိုင်တယ်လို့ အားပေးနေသလိုပါပဲ။ ကမ္ဘာကြီးကိုကယ်တင်ဖို့ စူပါပါဝါတွေမလိုဘူးဆိုတာကို Black Widow က သရုပ်ဖော်ပြတာက ဘာနဲ့တူလဲဆိုတော့ ကြီးမြတ်ပါပေ့ဆိုတဲ့ လက်ရာမြောက်ချက်တွေကိုဖန်တီးဖို့ အရမ်းတွေတော်တတ်နေစရာမလိုဘူး ၊ ပြည့်စုံနေစရာမလိုဘူး ၊ ကြိုးစားဖို့ပဲလိုတယ်ဆိုတာကို ပြနေသလိုပါပဲ။

Agent Peggy Carter (From Captain America)
1950 ခုနှစ်တွေထဲ စစ်ထဲမှာအမျိျုးသားတွေပဲ ကြီးစိုးနေကြတဲ့အချိန် မိန်းမသားတစ်ယောက်ထဲ ကြံကြံခံရင်ဆိုင်နေခဲ့ရတယ်။ သူ့ကိုအမိန့်ပေးတဲ့ဗိုလ်တွေက မိန်းကလေးဆိုပြီး နိုင်ထက်စီးနင်းလုပ်တာကိုလည်း မခံခဲ့ဘူး။ သူမှန်တယ်ထင်ရင် ဘာမဆိုပြောရဲတဲ့သူမျိုးဖြစ်တယ်။ သူကသူ့ရဲ့ဝတ်စုံကိုပဲ ဝတ်လေ့ရှိတယ်။ ယောကျ်ားလေးတွေသဘောကျဖို့ဆိုပြီး အဝတ်အစားရွေးချယ်ဝတ်တာမျိုးမရှိဘူး။ ဒါတောင်မှသူရဲ့တည်ကြည်တဲ့နေပုံထိုင်ပုံနဲ့ သူရဲ့လုပ်ရည်ကိုင်ရည်ကြောင့် လေးစားခံရတဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။ Peggy ဆီကနေ ဘယ်လိုအချိန်မျိုးမှာမဆို ကိုယ့်ရဲ့သဘာဝအတိုင်းရပ်တည်နိုင်တယ်ဆိုတဲ့ ခံစားချက်ကိုရနိုင်ပါတယ်။

Harley Quinn
Harley Quinn က Hero တစ်ယောက်မဟုတ်ပါဘူး။ သူကလူတကာကိုဒုက္ခပေးတဲ့ Villain တစ်ယောက်ပါ။ ဒါပေမယ့် Harley Quinn က ဘာလို့လေးစားစရာကောင်းလဲဆိုတော့ သူဟာနှိပ်စက်မှုတွေကို ရင်စီးခံပြီး Joker လို Villain နားမှာရပ်တည်နိုင်တယ်။ သူ့ကို Joker က စိတ်ဒဏ်ရာတွေပေးတယ် ၊ သူမှာအသဲတွေကွဲပြီးနာကျင်ရတာတွေလည်းရှိတယ် ၊ သူကမချစ်သင့်တဲ့သူကိုချစ်မိတယ်။ ဒါတွေအားလုံးကိုရင်ဆိုင်ရတာတောင်မှ သူဘဝကိုအလျော့မပေးဘဲ ဆက်ပြီးရှင်သန်နေတယ်ဆိုတာပြတာက ရုပ်ရှင်ထဲမှာတော့ သိပ်မပေါ်လွင်ပေမယ့် Comic တွေမှာတော့ ထင်သာမြင်သာရှိပါတယ်။ သူက မိန်းကလေးတွေကို သူ့လိုစိတ်ဓာတ်ကြံခိုင်လွန်းတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ စိတ်ခွန်အားပေးတယ်လို့ထင်ပါတယ်။

တခြား အားကျစရာကောင်းတဲ့ မိန်းကလေးဇာတ်ကောင်တွေထပ်ပြောရရင် Aquaman ထဲက Mera ဟာ အမျိုးသမီးတွေထဲမှာလည်း တိုင်းပြည်တစ်ပြည်ကိုအုပ်ချုပ်နိုင်တဲ့အစွမ်းအစရှိတဲ့သူရှိတယ်ဆိုတာကို ပြသနေတယ် ၊ Guardian of the Galaxy ထဲက Gamora က ရက်စက်တဲ့ မွေးစားအဖေ Thanos လက်မှာကြီးပြင်းခဲ့ပေမယ့် သူငယ်ချင်းကောင်းတွေနဲ့တွေ့ပြီး အမှန်တရားဘက်တော်သားအဖြစ်ရပ်တည်ခဲ့ပြီး ဘယ်သူ့မှာမဆိုရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုပြခဲ့တယ်။ Black Panther ထဲက Shuri ကလည်း မိန်းကလေးတွေထဲမှာ အင်မတန်ဉာဏ်ကောင်းပြီး ထက်မြတ်တဲ့သူတွေလည်းရှိတယ်ဆိုတာကို ပြနေပါတယ်။

ဒီတော့အပြင်လောကမှာတင်မဟုတ်ဘူး ၊ ရုပ်ရှင်တွေ ၊ ကာတွန်းတွေမှာလည်း အမျိုးသမီးတွေ လုပ်နိုင်တယ် ၊ တတ်စွမ်းနိုင်တယ်ဆိုတာကို ပြသထားတဲ့ ဥပမာတွေအများကြီးရှိတာကြောင့် ဒီမျိုးဆက်ရဲ့အမျိုးသမီးငယ်လေးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ ဒီဇာတ်ကောင်တွေကိုကြည့်ရင်း စိတ်ဓာတ်တက်ကြွသွားစေချင်ပါတယ်။

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle