Lady Bird မင်းသမီးချော Saoirse Ronan နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်များ

Lady Bird မင်းသမီးချော Saoirse Ronan နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်များ

၇၅ ကြိမ်မြောက် Golden Globe ဆုပေးပွဲမှာ ဆုနှစ်ဆု ဆွတ်ခူးရရှိခဲ့တဲ့ Lady Bird ရုပ်ရှင်ဇာတ်ကားကြီးကို မှတ်မိကြလား။ အဲဒီရုပ်ရှင်ကားကြီးထဲမှာ သမီးအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ဲတဲ့ မင်းသမီးချောလေး Saoirse Ronan ဟာလည်း အဲဒီဇာတ်ကားနဲ့ပဲ Golden Globe ဆုပေးပွဲမှာ Best Actress ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးလေးလည်းဖြစ်ပြီး Lady Bird ထဲမှာ သမီးဆိုးလေးအဖြစ် ပီပီပြင်ပြင် ပြောင်မြောက်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချောလေး Saoirse Ronan ရဲ့ လူသိနည်းတဲ့ အကြောင်းတွေကို ရုပ်ရှင်ချစ်ပရိသတ်တွေကို မျှဝေပေးချင်ပါတယ်။

Ronan ဟာ Bronx မှာ မွေးဖွားခဲ့သူပါ
သူမရဲ့ ဖခင် Paul က မိခင်ဖြစ်သူ Monica နဲ့ New York မှာနေထိုင်ကာ မင်းသားအဖြစ် လုပ်ကိုင်နေတဲ့အချိန်မှာ Ronan Saoires ကို မွေးဖွားခဲ့ပါတယ်။ သူမကို ၁၉၉၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ New York ရဲ့ Bronx မှာ ဖွားမြင်ခဲ့တာပါ။ သူမအသက် (၃) နှစ်အရွယ်မှာတော့ Ireland ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။New York မှာ မွေးဖွားခဲ့ပေမယ့် Carlow ကို ပြောင်းရွေ့ခဲ့ပြီး အဲ့ဒီမှာပဲ ကျောင်းတက်ခဲ့တာပါ။ သူမရဲ့ မိသားစုဝင်တွေအားလုံးဟာIreland နိုင်ငံ Dublin က ဖြစ်တဲ့အတွက် သူမရဲ့လေသံဟာ Dublin သံအရမ်းပေါက်ပါတယ်။ သူမဘယ်ကလာတယ်ဆိုတာ သူမဘာသာသေချာမသိပေမယ့် သေချာတာကတော့ ကျွန်မဟာ Irish လူမျိူးပါဆိုပြီး ပြောခဲ့ဖူးပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူမဟာ လူမျိူးရေးစိတ်ဓာတ်ပြင်းထန်သူဖြစ်တယ်လို့လည်း သုံးသပ်လို့ ရပါတယ်။

Harry Potter ဇာတ်ကောင် Luna Lovegood အတွက် Audition ဝင်ခဲ့ဖူးသူပါ
သူမဟာ Harry Potter ထဲက ဇာတ်ကောင် Luna Lovegood အတွက် Audition ဝင်ခဲ့ဖူးပေမယ့် အဲ့ဒီဇာတ်ကောင်နေရာကို မရရှိခဲ့ပါဘူး။ သူမဟာ အဲ့ဒီတုန်းက စိတ်ပျက်စရာအခြေအနေကို ပြန်ပြောင်းတုန်းက ” Audition ဝင်တုန်းက သူမအသက်ဟာ တော်တော်ငယ်ငယ်ပဲ ရှိပါသေးတယ်” လို့ ပြောပြီး “Harrry Potter” ဇာတ်ကားနဲ့ အဲဒီထဲက ဇာတ်ကောင်နေရာကို တော်တော်ချစ်ပြီး လုပ်ချင်တဲ့စိတ်ပဲ ရှိခဲ့ပါတယ်။

ငယ်တဲ့အရွယ်ဖြစ်တဲ့အတွက် အဲဒီတုန်းကတော့ ဒီဇာတ်ကောင်နေရာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာလို့ထင်ခဲ့ပြီး မရခဲ့တဲ့အတွက် အချိန်အတော်ကြာ ဝမ်းနည်းခဲ့ဖူးပါတယ်။ ၂၀၀၇ ခုနှစ် အသက် ၁၂ နှစ်အရွယ်မှာတော့ “Atonement” ရုပ်ရှင်ကားနဲ့ Best Supporting Actress ဆုကို Nomination ဝင်ခဲ့ပါတယ်။

The Lord of The Rings မှာ ပါဝင်သရုပ်ဆောင်ဖို့ ကြိုးစားခဲ့ဖူးသူပါ
Ronan ဟာ Lotr Franchise ဒါရိုက်တာ Peter Jackson နဲ့ The Lord of The Rings မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးစကားပြောခဲ့ဖူးပါတယ်။ နောက်ဆုံးမှာတော့ အချိန်ဇယားမကိုက်တဲ့အတွက်ကြောင့် Lord of The Ring ထဲက ဇာတ်ကောင်နေရာကိုလည်း သရုပ်ဆောင်ဖို့ လက်လျော့လိုက်ရပါတယ်။

Ireland က Reproductive Right Campaign မှာ ထောက်ခံအားပေးသူအဖြစ် ပါဝင်ခဲ့သူပါ
ဒီ Campaign ဟာ ကိုယ်ဝန်ဖျက်ချတားမြစ်ရေးနဲ့ ပက်သက်ပြီး ရှစ်ကြိမ်မြောက်ပြင်ဆင်ချက်ထုတ်ပြန်တာကို ရုပ်သိမ်းဖို့အတွက် လှုပ်ရှားတာ ဖြစ်ပါတယ်။ သူတို့နိုင်ငံမှာ ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ဖျက်ချရင် နိုင်ငံတွင်းမှာ လုပ်ခွင့်မရဘဲ ပြည်ပကိုထွက်ပြီး လုပ်ရတာကို သိလာတဲ့အခါမှာ ဘာကြောင့်နိုင်ငံတွင်းမှာ လုပ်ခွင့်မရတာလဲဆိုပြီး ပြောချင်လာတဲ့အတွက် ပါဝင်ခဲ့တာပါဆိုပြီး Vogue ကို ပြောကြားခဲ့ပါတယ်။ အဋ္ဌမမြောက် ပြင်ဆင်ချက်ကို အမှန်တကယ်ရုပ်သိမ်းဖို့အတွက် ဝိုင်းဝန်းပြီး Vote ပေးခဲ့ကြတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအစား သူမဟာ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဖျက်သိမ်းဖို့အတွက် Vote မပေးခဲ့တဲ့သူတွေကိုလည်း Irish အမျိုးသမီးတွေဟာ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်ပိုင် ရွေးချယ်ဖန်တီးနိုင်တဲ့ အစွမ်းအစရှိတယ်ဆိုပြီး ပြောပြကာ တိုက်တွန်းမိမှာပဲ ဖြစ်ပါတယ်လို့ Ronan က ဆိုခဲ့ပါတယ်။

အရင်နှီးဆုံးသူငယ်ချင်းကTimothée Chalamet ပါတဲ့
သူမရဲ့ အရင်နှီးအခင်မင်ဆုံးသူငယ်ချင်းကတော့ Lady Bird ထဲက ပူးတွဲသရုပ်ဆောင်သူ Timothée Chalamet ဖြစ်ပါတယ်လို့ New York Time ကို သူမက ပြောဖူးပါတယ်။ သူမက Timothée Chalamet ကို Pony ဆိုပြီး နာမည်ပြောင်တောင် ပေးထားပါသေးတယ်။

အခုဖော်ပြပေးထားတာကတော့ Lady Bird ထဲက ဇာတ်လိုက်ကျော် မင်းသမီးချောရဲ့ လူသိနည်းတဲ့ အချက်တစ်ချို့ကို စုစည်းဖော်ပြပေးထားတာဖြစ်လို့ သူကိုချစ်တဲ့ ပရိသတ်တွေ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle