အဆိပ်ဖြစ်စေနိုင်မယ့် ဓာတုပစ္စည်းတွေပါဝင်တဲ့ နေ့စဉ်သုံးအရာတွက ဘာတွေများဖြစ်မလဲ

အဆိပ်ဖြစ်စေနိုင်မယ့် ဓာတုပစ္စည်းတွေပါဝင်တဲ့ နေ့စဉ်သုံးအရာတွက ဘာတွေများဖြစ်မလဲ

အသန့်အပြန့်ကြိုက်တဲ့သူတွေအနေနဲ့ရော သာမန်လူတွေအနေနဲ့ပါ ရောဂါပိုးမွှားကင်းစင်စေဖို့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေကို နေ့စဉ်အသုံးပြုကြရပါတယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို နေ့တိုင်း ထိတွေ့အသုံးပြုနေပေမယ့် ဒီပစ္စည်းတွေဟာ အဆိပ်သင့်ပစ္စည်းတွေဖြစ်နေတယ်ဆိုတာကို လူတွေက သုံးနေပေမယ့် သိပ်သတိမထားမိကြပါဘူး။ အဲဒီပစ္စည်းတွေကို ဓာတုပစ္စည်းတွေနဲ့ အဓိကထားလုပ်ထားကြပြီး လူတွေဟာ မရှိမဖြစ် နေ့တိုင်း မှီခိုအသုံးပြုနေကြပါတယ်။ အဲဒီလို အဆိပ်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေပါဝင်တဲ့ နေ့စဉ်သုံးအရာတွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ထားရင် အလွန်အကျွံမသုံးမိအောင် ရှောင်ရှားလို့ရတာပေါ့။ ကဲ ကြည့်လိုက်ကြရအောင်။

ရေမွှေးနဲ့ Body Sprays
နေ့ရက်တိုင်းကို ရေမွှေးမဆွတ်ဘဲနဲ့ ရှင်သန်ခိုင်းဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ မင်မင်နားလည်သလို ယူတို့အကြိုက်ဆုံး ရေမွှေးထဲမှာလည်း အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေပါဝင်နေတာကိုလည်း ယူတို့ မမေ့ထားဖို့ ပြောချင်ပါတယ်။ အဲဒါကြောင့်မို့ တစ်ချို့လူတွေဟာ ရေမွှေးတွေ ၊ Body Sprays တွေ ဆွတ်လိုက်ရင် ဓာတ်မတည့်တာတွေဖြစ်လာပြီး ခေါင်းကိုက်လာကြတာ ဖြစ်ပါတယ်။

spray Perfume

ဆပ်ပြာမှုန့်များ
ရေချိုးခန်းသုံးဆပ်ပြာတွေနဲ့ အဝတ်တွေကို လျှော်ဖွပ်တဲ့ ဆပ်ပြာမှုန့်တွေမှာ ပြင်းလွန်းတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ အဲဒီဓာတုပစ္စည်းတွေက အသားအရေထဲကို အလွယ်တကူ စိမ့်ဝင်နိုင်တဲ့အတွက် အသားအရေနဲ့ ဓာတုပစ္စည်းထိတွေ့ပြီး အသားအရေဟာ ဓာတ်မတည့်မှုတွေ ဖြစ်လာကာ ယားယံတတ်ပါတယ်။ ဒါကြောင့်မို့ အသားအရေနဲ့ ဓာတုပစ္စည်းတွေ မထိတွေ့မိအောင် အဝတ်တွေကို လျှော်တဲ့အခါ ဆပ်ပြာတွေပြောင်စင်အောင် ရေနဲ့သေချာပြောင်အောင် လျှော်ဖွပ်ပေးသင့်ပါတယ်။

ီDetergent powder

Air Freshener
အခန်းအနံ့အသက်တွေ မကောင်းတဲ့အခါမျိုးနဲ့ ဧည့်သည်တွေလာခါနီးရင် မွှေးပျံ့နေအောင်ဆိုပြီး လူတွေဟာ Air freshener တွေကို အများကြီး ဖြန်းတတ်ကြပါတယ်။ အဲဒီလို ဖြန်းလေ့ရှိတဲ့ Air Freshener တွေထဲမှာ လူတွေမမြင်ရတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အများကြီးပါဝင်နေပါတယ်။ ဒါကြောင့်မို့ အခန်းမွှေးပျံ့စေဖို့အတွက် လုပ်ရင် လူကျန်းမာရေးထိခိုက်စေတာမျိုး မဖြစ်စေဖို့ အခန်းရဲ့လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ ဖွင့်ထားတာမျိုး၊ မဖြစ်မနေဖြန်းရမယ်ဆိုရင်လည်း အပြင်သွားခါနီး လူမရှိတဲ့အချိန်မျိုးမှ ဖြန်းခဲ့တာမျိုး လုပ်ပေးပါ။

Air freshener

နှုတ်ခမ်းနီ
အမျိုးသမီးတွေရဲ့တစ်နေ့တာမှာ ဘာမှမပြင်ဆင်ရင်တောင် ကိုယ်အကြိုက်ဆုံး နှုတ်ခမ်းနီဆိုးတာပဲဖြစ်ဖြစ် ၊ Nude ကာလာလေးတွေ ဆိုးတာပဲဖြစ်ဖြစ် လုပ်လိုက်မှ ပြီးပြည့်စုံသွားတဲ့သူတွေ ရှိကြတယ်မှတ်လား။ အဲ့ဒီလိုဆိုးတတ်တဲ့သူတွေအတွက်တော့ အခုပြောပြမယ့် အကြောင်းလေးက သတင်းဆိုးဖြစ်မှာပါ။ဘာကြောင့်လဲဆိုတော့ အလှကုန်ပစ္စည်းတွေနဲ့ နှုတ်ခမ်းနီအရောင်တွေမှာ လူကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ အတွက်ကြောင့်ပါ။ ဘယ်လိုမှ နှုတ်ခမ်းနီမဆိုးဘဲ မနေနိုင်ဘူးဆိုရင်တော့ နှုတ်ခမ်းနီဝယ်ရင် Preservative-free စာတန်းပါတာမျိုး (သို့) Organic Product မျိုးကို ရှာဝယ်ပြီး သုံးတာမျိုးလုပ်ပေးပါ။

Lipstick

ပြေစာများ
တစ်စုံတစ်ခုဝယ်ပြီးရင် ပြေစာတွေကို လက်ခံရရှိကြတယ်မှတ်လား။ မရရင်တောင် စာရင်းတွက်ထားတာ မှားနေမှာစိုးလို့ ပြန်စစ်ဆေးလို့ရအောင်ဆိုပြီး ပြေစာလေးပေးပါဆိုပြီး တောင်းတတ်ကြတယ်မှတ်လား။

Receipt

အမှန်မှာတော့ အဲ့ဒီလိုအမြဲတမ်းတောင်းယူတဲ့ ပြေစာတွေမှာ BPA အမှုန့်တွေ ဖုံးအုပ်ထားပါတယ်။ BPA ရဲ့ နာမည်အရှည်ကတော့ Bisphenol A ဖြစ်ပြီး စက်ရုံသုံးဓာတုပစ္စည်းဖြစ်ပြီး ပလတ်စတစ်ဘူးတွေလုပ်တဲ့အခါမှာ အများဆုံးအသုံးပြုကြပါတယ်။ ဒါပြင် အဲ့ဒီဓာတုပစ္စည်းတွေဟာ အသားအရေထဲကို အလွယ်တကူ စိမ့်ဝင်နိုင်တဲ့အတွက် ထိတွေ့ပါများလာရင် ဟော်မုန်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေနဲ့ ရင်သားကင်ဆာအပြင် တခြားသော ရောဂါအမျိုးမျိုးတွေကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

အခုဖော်ပြပေးတဲ့ အရာတွေအကုန်လုံးကတော့ နေ့စဉ်လူမှုဘဝမှာ မသုံးမဖြစ်အသုံးပြုနေကြရတာဖြစ်လို့ လုံးဝကင်းကွာပြီး နေလို့တော့ မရပါဘူး။ ဒါကြောင့်မို့ ကျန်းမာရေးကို ထိခိုက်တာမျိူးမဖြစ်အောင် ဒါတွေကို အသုံးပြုမယ်ဆိုရင် ဘေးကင်းအောင် လက်အိတ်စွပ်ပြီးသွားတာမျိုး အစရှိတဲ့ နည်းလမ်းတစ်ခုခုကို ရှာဖွေပြီး အသုံးပြုခြင်းဖြင့် ကျန်းမာတဲ့ ဘဝကြီးကို ရရှိပိုင်ဆိုင်အောင် ကြိုးစားနေထိုင်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle